ဗိုက်မှာ စုနေတဲ့ အဆီပိုတွေကို ပေါ့သေးသေး မတွက်လိုက်ပါနဲ့။ Belly Fat တွေဟာ သွေးတိုး ၊ ဆီးချိုတို့လို နာတာရှည် ရောဂါတွေ အပါအဝင် ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တဲ့အထိ အန္တရာယ် များပါတယ်။ ဒီတစ်ခေါက်တော့ ဘော်ဒီကို ပုံပျက်စေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းစေတဲ့ ဗိုက်အဆီတွေကို ဖြုတ်ချဖို့ လွယ်ကူရိုးရှင်းပြီး ထိရောက်မှုရှိတဲ့ လေ့ကျင့်ခန်း အချို့ကို ပြောပြပေးပါမယ်။
(၁) Mountain Climbers
Source : Marcus Filly
Mountain Climbers ကစားဖို့အတွက် အရင်ဆုံး ဒိုက်ထိုးမယ့်ပုံစံမျိုး လက်နဲ့ ခြေတွေ ထောက်ထားပြီး ဘယ်ခြေထောက် ဖြောင့်ထားချိန်မှာ ညာခြေက ရင်ဘတ်ဆီ လှမ်းတာပါ။ ပြီးရင် ညာခြေကို တစ်ဖြောင့်တည်း ထားပြီး ဘယ်ခြေက ရင်ဘတ်ဆီ ပြေးနေရမှာပါ။ ဒီအတိုင်း ၁၅ ခါ တစ်ကြိမ်နှုန်းနဲ့ အနည်းဆုံး ၃ကြိမ် လုပ်သွားဖို့ လိုပါတယ်။
(၂) Plank
Source : Marcus Filly
Plank ထောက် လေ့ကျင့်ခန်းက Belly Fat တွေ ဖြုတ်ချဖို့အတွက် အထိရောက်ဆုံး လေ့ကျင့်ခန်းပါ။ ဘာပစ္စည်း အကူအညီမှ မလိုဘဲ လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်ပါတယ်။ ကြမ်းပေါ်မှာ လက်မောင်းအားပြုပြီး ခန္ဓာကိုယ် တစ်ဖြောင့်တည်း အနေအထားနဲ့ စက္ကန့် ၃၀ ကြာအောင် နေရမှာပါ။ ခါးကုန်းမနေဖို့ သတိပြုဖို့ လိုပါတယ်။ အနည်းဆုံး ၃ ကြိမ် ကစားပေးသင့်ပါတယ်။
(၃) Flutter Kicks
Source : Functional Bodybuilding
ဒီကစားနည်းက အရမ်းကို လွယ်ပါတယ်။ ပက်လက်အနေအထား လက်ကို ဘေးနှစ်ဖက် အသာအယာချထားပါ။ ပြီးရင် ခြေထောက်နှစ်ဖက်စလုံးကို မြှောက်ပြီး အထက်အောက် ဘေးဘယ်ညာ မထိအောင် ကစားပေးရမှာပါ။ ခြေထောက်တွေကို ကြမ်းပြင်နဲ့ မထိအောင် သတိထားပါ။ စက္ကန့် ၃၀ ကြာအောင် ကစားပြီး ၁၅ ကြိမ် ၃ ကျော့ နေတိုင်း ကစားပေးရမှာ ဖြစ်ပါတယ်။
(၄) Russian Twists
Source : Marcus Filly
Russian Twists ကစားနည်းကို အားလုံးသိပြီးသား ဖြစ်မယ်ထင်ပါတယ်။ ကြမ်းပြင်မှာ Sit-up Position အတိုင်း ပုံစံယူပြီး ခြေထောက်နဲ့ ကြမ်းပြင် မထိအောင်ထားကာ ခန္ဓာကိုယ်ကို ဘယ်/ညာ တစ်လှည့်စီ ခါးလှည့်ရွှေ့ပေးရမှာပါ။ ကိရိယာလွတ်ကစားနိုင်သလို အလေးတုံး ၊ ဝိတ်ပြားတွေနဲ့လည်း ကစားလို့ ရပါတယ်။
ဒီကစားနည်းတွေနဲ့အတူ ကွီးတို့ အိမ်မှာပဲ Belly Fat တွေကို ထိထိရောက်ရောက် ဖြုတ်ချလိုက်ပါ။
Source : Men’s Health
Featured Photo : Men’s Health