လက်ဝှေ့အားကစားသည် ကိုယ်ခန္ဓာကျန်းမာရေးအတွက်သာမက စိတ်ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးများစွာပေးစွမ်းနိုင်တဲ့ အားကစားတစ်ခုပဲဖြစ်ပါတယ်။

အချို့က လက်ဝှေ့ကို အပျော်တမ်းအားကစားတစ်ခုအဖြစ် ဆော့ကစားလေ့ရှိကြပြီး အချို့ကတော့ မိမိကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ရန်အတွက် သင်ယူထားခြင်းဖြစ်ပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ သင်ယူနေပါစေ လက်ဝှေ့အားကစားပြုလုပ်ပြီဆိုတာနဲ့ အခုဖော်ပြပေးမယ့် အကျိုးကျေးဇူးများကို ခံစားရရှိနိုင်မှာဖြစ်ပါတယ်။

နှလုံးသွေးလှည့်ပတ်မှု ကောင်းမွန်စေခြင်း

Benefits of Boxing for Men

လက်ဝှေ့ထိုးခြင်းသည် Cardio လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး နှလုံးနှင့် အဆုတ်တို့ ကောင်းစွာအလုပ်လုပ်နိုင်ဖို့ရန်အတွက် ကူညီပေးပြီး ကယ်လိုရီများကို လောင်ကျွမ်းစေတာကြောင့် ခန္ဓာကိုယ်ရှိ အဆီပိုများကို ဖယ်ရှားပေးပါတယ်။ ပုံမှန်ဆော့ကစားပေးပါက နှလုံးရောဂါခံစားရခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

ခန္ဓာကိုယ် ကြံ့ခိုင်သန်မာစေခြင်း

Benefits of Boxing for Men

သဲအိတ်ဖြင့် လက်ဝှေ့ကျင့်ထိုးနေချိန်မှာ သင့်လက်ပဲ လှုပ်ရှားရတာမဟုတ်ပါဘူး။ ခြေထောက်လှုပ်ရှားမှုသည်လည်း အရေးပါပါတယ်။ ခန္ဓာကိုယ် ဟန်ချက်ညီညီဖြင့် လက်ဝှေ့ထိုးတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားရတာဖြစ်တဲ့အတွက်ကြောင့် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှာကတော့ ပြောစရာလိုမှာမဟုတ်ပါဘူး။

မျက်လုံးနှင့် လက်ရဲ့ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း တိုးမြှင့်စေခြင်း

Benefits of Boxing for Men

ကိုယ့်ရဲ့ပြိုင်ဖက် (သို့) ကစားဖော် (သို့) ထရိန်နာနဲ့ လက်ဝှေ့ထိုးတဲ့အခါ တစ်ဖက်လူရဲ လှုပ်ရှားမှုကို ကိုယ့်မျက်လုံးက မျက်ခြေမပြတ် အကဲခတ်နေရတာဖြစ်ပါတယ်။ ထိုလှုပ်ရှားမှုများက မျက်လုံးက အကဲခတ်ရင်း တချိန်တည်းမှာပဲ သင့်လက်ရဲ့တုန့်ပြန်မှုက လိုက်ပါလာမှာဖြစ်ပါတယ်။ ထို့အတွက်ကြောင့် သင့်မျက်လုံးနဲ့ လက်ရဲ့ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းသည်လည်း တိုးမြှင့်လာမှာဖြစ်ပါတယ်။

ကြွက်သားများ ကျစ်လျစ်ကြီးထွားစေခြင်း

Benefits of Boxing for Men

လက်ဝှေ့ပုံမှန် ထိုးပါက ခန္ဓာကိုယ်ရှိ အဆီပိုများ ပျောက်ကွယ်သွားမှာဖြစ်ပြီး လက်ဝှေ့နှင့်အတူ အစားအစာကိုပါ ထိန်းသိမ်းပေးမယ်ဆိုရင်တော့ ကြွက်သား ကျစ်လျစ်ကြီးထွားမှုနှုန်းကို အချိန်တိုအတွင်း မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

သက်လုံအားကောင်းကာ အမောခံနိုင်ခြင်း

Benefits of Boxing for Men

သက်လုံကောင်းပြီး အမောခံနိုင်ချင်တယ်ဆိုရင်တော့ လက်ဝှေ့အားကစားသည်လည်း ပြုလုပ်သင့်တဲ့ အားကစားတစ်ခုပဲဖြစ်ပါတယ်။ ဇွဲကောင်းကောင်းနှင် တစိုက်မတ်မတ်ဆော့ကစားနိုင်မယ်ဆိုရင်တော့ သင့်ကျန်းမာရေးသည် အရင်ကထက် ပိုမိုကောင်းလာတာကို တွေ့ရပါလိမ့်မယ်။

စိတ်ဖိစီးမှု ကင်းဝေးခြင်း

Benefits of Boxing for Men

အလုပ်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် စိတ်ဖိစီးမှုများသည် အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ လာကြာတာပါ။ လူရယ်လို့ ဖြစ်လာတာနဲ့ စိတ်ဖိစီးမှုကို တကွေ့မဟုတ် တကွေ့တော့ ကြုံတွေ့ရမှာပါပဲ။ ထိုစိတ်ဖိစီးမှုကို ပယ်ရှားချင်တယ်ဆိုရင်တော့ လေ့ကျင့်ခန်းပြုလုပ်ပေးရမှာဖြစ်ပါတယ်။ သုတေသနလေ့လာချက်အရ လက်ဝှေ့ထိုးခြင်းသည် စိတ်ဖိစီးမှုများကို ပြေပျောက်စေနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

Source: Wbcme.co.uk

Featured Image Source: Wall.alphacoders.com