စက်ဘီးစီးခြင်းဟာ ကျန်းမာရေးအတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်။ စက်ဘီးစီးခြင်းဟာ အံ့ဩစရာကောင်းတဲ့ workout တစ်မျိုးဖြစ်ပြီးတော့ လူကိုလန်းဆန်းတက်ကြွနေစေပါတယ်။ စက်ဘီးစီးခြင်းက ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ ကောင်းမွန်စေပါတယ်။ ဒီနေ့ဆောင်းပါးမှာ စက်ဘီးစီးခြင်းမှရလာနိုင်တဲ့ အကျိုးကျေးဇူးတွေအကြောင်း ဝေမျှပေးသွားမှာပါ။
ကိုယ်အလေးချိန်ထိန်းပေးတယ်
Source: Canadian-Cycling-Magazin
ပုံမှန်စက်ဘီးစီးပေးခြင်းက အဆီပိုတွေကို လောင်ကျွမ်းစေပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိနေအောင် ထိန်းပေးပါတယ်။ ပြီးတော့ ဇီဝဖြစ်စဉ်အတွက်လည်း အကျိုးရှိစေပြီး၊ ကြွက်သားတွေ တည်ဆောက်ရာမှာလည်း အထောက်အပံ့ဖြစ်စေပါတယ်။ စက်ဘီးစီးဘီး နားနေတဲ့အချိန်မှာတော့ ကယ်လိုရီတွေလောင်ကျွမ်းစေပါတယ်။
ကြံ့ခိုင်သန်စွမ်းစေတယ်
Source: Maya Cycle
လူသားတစ်ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပုံမှန်အလုပ်လုပ်ဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုတွေပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီထဲမှာမှ စက်ဘီးစီးခြင်းက ခန္ဓာကိုယ်အတွက် အကောင်းဆုံးပါပဲ။ နောက်ပြီး စက်ဘီးစီးခြင်းက ပေါင်တွေ၊ ခြေသလုံးတွေကိုပဲ သန်စွမ်းစေတဲ့လေ့ကျင့်ခန်းမဟုတ်ပါဘူး။ စက်ဘီးစီးပြီဆိုရင် ခန္ဓာကိုယ်ပေါ်ကအစိတ်အပိုင်းအားလုံး လှုပ်ရှားရတဲ့အတွက် ကိုယ်ကာယတစ်ခုလုံးကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။
စိတ်ဖိစီးမှုကိုလည်း ပြေပျောက်စေပါတယ်
Source: Yellow Jersey Cycle Insurance
ရုပ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးတွေအပြင် စက်ဘီးစီးခြင်းက စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်။ ဘာလို့လဲဆိုတော့ စက်ဘီးစီးခြင်းက သဘာဝတရားကြီး နဲ့ ပိုမိုအချိတ်အဆက်မိဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။
နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်
Source: All and About Qatar
စက်ဘီးစီးခြင်းက အသက်ရှူခြင်းနဲ့ နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေတဲ့အတွက် ကျန်းမာရေးအတွက်လည်း သင့်တော်ပါတယ်။ နောက်ပြီး စက်ဘီးစီးခြင်းက ခြေထောက်ကြွက်သားတွေကို အဓိကထားရတဲ့အတွက် နှလုံးခုန်နှုန်းကိုလည်း ပိုမိုမြန်ဆန်စေပြီး သက်လုံပိုမိုကောင်းမွန်စေပါတယ်။ သက်လုံကောင်းလာတဲ့အတွက် နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးလည်း ပိုကောင်းလာပါတယ်။
ဒါတွေကတော့ စက်ဘီးစီးခြင်းကရတဲ့ ကျန်းမာရေးကောင်းကျိုးတွေပါပဲ။ အထက်မှာမြင်တဲ့အတိုင်းပဲ စက်ဘီးစီးခြင်းက ကျန်းမာရေးအတွက်တကယ်ကောင်းမွန်ပြီး ကျွန်တော်တို့ကိုလည်း နည်းလမ်းပေါင်းစုံနဲ့ အကူအညီပေးနိုင်ပါတယ်။ ဒါကြောင့် စက်ဘီးစီးခြင်းကို နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထည့်သွင်းပြီး ပိုမိုကျန်းမာတဲ့ ဘဝတစ်ခုကိုရယူလိုက်ပါ။