လေ့ကျင့်ခန်းပြုလုပ်ဖို့အတွက် အချိန်မပေးနိုင်ဘူး၊ မအားဘူးဆိုတာ တကယ်တော့ ဆင်ခြေသပ်သပ်ပါ။ သင်သာ လေ့ကျင့်ခန်း အမှန်တကယ် လုပ်ချင်စိတ်ရှိမယ်ဆိုရင် ၅ မိနစ်တည်းနဲ့လည်း လေ့ကျင့်ခန်း ပြုလုပ်နိုင်ပါတယ်။

နေ့စဉ်မှန်မှန် ၅ မိနစ်တည်း လေ့ကျင့်ခန်းပြုလုပ်ပေးရုံနဲ့တင် ရက် ၃၀ ကြာတဲ့အခါ သင် ခံစားရမယ့်အကျိုးကျေးဇူးများက အံ့မခန်းပါပဲ။

ခန္ဓာကိုယ် အနေအထားမှန်ကန်ခြင်း

benefits of working out just 5 mins for men

လက်ပျဉ်ကုန်းနေခြင်း၊ ခါးကုန်းနေခြင်းတို့ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိဖြစ်နေပါသလား။ ဒါဆိုရင်တော့ Plank လေ့ကျင့်ခန်းကို ၅ မိနစ်ခန့် ထောက်ပေးလိုက်ပါ။ ဒီလို ၅ မိနစ်စာခန့် လေ့ကျင့်ခန်း ပြုလုပ်ပေးပါက သင့်ခန္ဓာကိုယ်အနေအထားလည်း မှန်ကန်လာမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်ချက်တိုးလာမှာဖြစ်ပါတယ်။

ခန္ဓာကိုယ်ရှိ အဆီပိုများကို ဖယ်ရှားပေးခြင်း

benefits of working out just 5 mins for men

၅ မိနစ်စာပဲ လေ့ကျင့်ခန်း ပြုလုပ်တာဖြစ်တဲ့အတွက်ကြောင့် အဆီပိုတွေ အများကြီးကျမှာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ လုံးဝ မကျတာထက်စာရင်တော့ နည်းနည်းလေးပဲ ကျတာကလည်း အမြတ်ပါပဲ။ တစ်ရက်လျှင် ၅ မိနစ်ခန့် လေ့ကျင့်ခန်းပြုလုပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကိုတိုးမြှင့်ပေးပြီး ကယ်လိုရီများလောင်ကျွမ်းကာ အဆီပိုများကိုလျော့ချပေးနိုင်ပါတယ်။

အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းကို သက်သာစေခြင်း

benefits of working out just 5 mins for men

သင့်အနေနဲ့ မကြာခဏ ဒူးနာခြင်း၊ ခါးနာခြင်းတို့ကို ကြုံတွေ့ရတယ်ဆိုရင်တော့ တစ်ရက်လျှင် အနည်းဆုံး ၅ မိနစ်လောက်တော့ မဖြစ်မနေ လေ့ကျင့်ခန်းပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် သင့်ခန္ဓာကိုယ်ရှိ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

စိတ်ခံစားချက်များ ကောင်းမွန်စေခြင်း

benefits of working out just 5 mins for men

စိတ်ဓာတ်ကျသလို ခံစားနေရပြီ၊ စိတ်ညစ်လာသလို ခံစားနေရပြီဆိုရင်တော့ လေ့ကျင့်ခန်းသာ ထလုပ်လိုက်ပါ။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် သင့်ကို စိတ်ဖိစီးမှုဒဏ်မှ ကင်းဝေးပြီး စိတ်ခံစားချက်ကောင်းတွေ ခံစားနိုင်အောင် ပြုလုပ်ပေးပါတယ်။

Source: Betterme.world

Featured Image Source: Betterme.world