အစားအသောက်က ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းတွေအပြင် နုပျိုခြင်းအတွက်လည်း အထောက်အပံ့ပေးနိုင်တယ်ဆိုတာ သင်သိပါသလား။ နေ့စဉ်ဘဝမှာ အသားအရေပျက်စီးစေမယ့်အရာတွေ ရုပ်ရင့်စေတဲ့ စိတ်ဖိစီးမှု ပြဿနာတွေများစွာကြုံတွေ့နေရတယ်ဆိုပေမယ့် ဒီနေ့ပြောပြပေးမယ့် အစားအသောက်တွေပုံမှန်စားပေးရင် သင့်ကိုအချိန်ကြာကြာနုပျိုနေစေမှာဖြစ်ပါတယ်။

(၁) အဆီများတဲ့ငါး

Source : BBC Good Food

ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်စေမယ့် ကျန်းမာတဲ့အဆီဓာတ်ကို ငါးမှရရှိနိုင်ပါတယ်။ ငါးမှာ omega-3 နဲ့ Fatty အက်ဆစ်တွေပါဝင်တာကြောင့် အိုမင်းရင့်ရော်မှုဆန့်ကျင်ပေးနိုင်တဲ့ အကောင်းဆုံးအစားအစာတစ်မျိုးဖြစ်ပါတယ်။ ဆယ်လမွန်ငါးကဲ့သို့ လူကြိုက်များပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အဆီဓာတ်ကိုပေးစွမ်းတဲ့ ငါးအမျိုးအစားမျိုးစားသုံးခြင်းဖြင့် ကျန်းမာလှပပြီး အသားအရေနုပျိုစေမှာဖြစ်ပါတယ်။

(၂) Green Tea

Source : Beverage Daily

Green Tea မှာ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ antioxidants ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ အထူးသဖြင့် polyphenols လို့ခေါ်တဲ့ antioxidants များမြင့်မားစွာပါဝင်တာကြောင့် အရေးပားနဲ့ အသားအရေကျန်းမာခြင်းတွေအတွက် လွန်စွာအထောက်အကူဖြစ်စေပြီး နေ့စဉ်ပုံမှန် Green Tea သောက်သုံးပေးမယ်ဆိုရင် အရွှယ်တင်နုပျိုနေစေမှာဖြစ်ပါတယ်။

 

(၃) ထောပတ်သီး

Source : Eat This, Not That

ထောပတ်သီးမှာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့အဆီဓာတ် အမျှင်ဓာတ် ဗီတာမင်ဓာတ် သတ္တုဓာတ်တွေများစွာပါဝင်ပါတယ်။ ဒါ့အပြင် ထောပတ်သီးမှာပါဝင်တဲ့ ဗီတာမင်နဲ့ တခြားသော ကွန်ပေါင်းဓာတ်က ရောင်ရမ်းခြင်းတွေ နေရောင်ခြည်ဒဏ်တွေကို အကောင်းဆုံးကာကွယ်ပေးပြီး အသားအရည်နုပျိုလှပေစမှာဖြစ်ပါတယ်။

(၄) အမဲရောင်ချောကလက်

Source : The Ladders

အမဲရောင်ချောကလက်တွေဟာလည်း အသားအရေနုပျိုလှပစေဖို့ ကူညီပေးတဲ့အကောင်းဆုံး စားစရာတစ်မျိုးဖြစ်ပါတယ်။ အမဲရောင်ချောကလက်တွေမှာ flavanols လို့ခေါ်တဲ့ antioxidants ဓာတ်တွေပါဝင်ပြီး ထိုဓာတ်ဟာ နေရောင်ခြည်ဒဏ်ကြောင့် အသားအရေညိုမဲပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ပျက်စီးသွားတဲ့ အသားအရေကိုလည်း ပြန်လည်နုပျိုစေပြီး စိုပြေဝင်းလက်စေမှာဖြစ်ပါတယ်။