စာဖတ်သူက ကိုယ့်ရဲ့အရပ်နဲ့ ပတ်သတ်ပြီး စိတ်အလိုမကျသူတစ်ယောက်လား။ ဆေးဝါးမှီဝဲခြင်းကဲ့သို့ တခြားသောအရပ်ရှည်စေမယ့် နည်းလမ်းတွေများစွာရှိပေမယ့် မျှတတဲ့အစာ အာဟာရစားသုံးခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်းကတော့ သဘာဝအတိုင်းအရပ်ရှည်စေဖို့ အကောင်းဆုံးနည်းလမ်းတွေဖြစ်ပါတယ်။ ဒီနေ့မှာတော့ အရပ်ပုလို့ စိတ်ညစ်နေတဲ့ ကွီးတို့အတွက် ထိထိရောက်ရောက်အရပ်ရှည်လာစေမယ့် နည်းလမ်း (၅) ခုကိုမျှဝေပေးချင်ပါတယ်။
လေ့ကျင့်ခန်း (၁)
Source : Zesty Things
အရင်ဆုံး ခြေထောက်နှစ်ဖက်စုံရပ်ပြီး ခန္ဓာကိုယ်ကိုမတ်မတ်အနေအထား ပုံစံယူပေးပါ။ ထို့နောက်လက်နှစ်ဖက်ကို အပေါ်သို့ ၉၀ ဒီဂရီမြှောက်ပြီး အသက်ကိုရှုသွင်းပါ။ ပြီးရင် အသက်ကိုပြန်ရှုထုတ်ပြီး ခါးကိုရှေ့သို့ကိုင်းကာ သင့်ရဲ့ လက်နှစ်ဖက်ကို ခြေဖျားသို့ ထိသည်အထိ ခါးကို ဖြေးဖြေးချင်းကိုင်းချပေးပါ။ ထို့နောက် လက်ကို ဖြေးဖြေးချင်းအပေါ်သို့ပြန် မ တင်ပေးပါ။ ထိုနည်းအတိုင်း အကြိမ် ၂၀ သုံးကြော့ ပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၂)
Source : Men’s Health
အရင်ဆုံး လက်တွေပခုံးတွေကို ဖြေလျော့ထားပြီး ကြမ်းပြင်ပေါ်မှာ မတ်မတ်ရပ်သည့်အနေအထား ပုံစံယူပေးပါ။ ထို့နောက် ဒူးကိုအနည်းငယ်ကွေးပြီး ခြေထောက်ကိုအားထည့်ကာ ခန္ဓာကိုယ်ကိုအပေါ်သို့ တက်အောင်ခုန်ပေးရပါမယ်။ လေထဲရောက်နေချိန်မှာ ခန္ဓာကိုယ်ကို အတက်နိုင်ဆုံး မတ်အောင်နေပြီး မြင့်နိုင်သမြင့်မြင့်မြင့်ခုန်ပေးပါ။ ခန္ဓာကိုယ်ကို မြေပေါ်ပြန်ကျချိန်မှာလည်း ဒူးကိုအနည်းငယ်ကွေးထာပါ။ ဒါဆိုရင် ခြေထောက်နာကျင်ဒဏ်ရာတွေဖြစ်ခြင်းမှ ကာကွယ်ပေးပါလိမ့်မယ်။ ထိုနည်းအတိုင်း ၁၅ ကြိမ် သုံးကြော့ ခုန်ပေးရပါမယ်။
လေ့ကျင့်ခန်း (၃)
Source : Men’s Health
ဒီလေ့ကျင့်ခန်းကတော့ လူတိုင်းရင်းနှီးပြီးသားဖြစ်တဲ့ ကြိုးခုန်လေ့ကျင့်ခန်းဖြစ်ပါတယ်။ ကြိုးခုန်ခြင်းက ကိုယ်အလေးချိန်လျော့ကျစေပြီး အရပ်ရှည်လာစေမယ့် အထိရောက်ဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် နည်းစနစ်ကျကျနဲ့ မှန်ကန်ဖို့တော့ အရေးကြီးပါတယ်။ အရင်ဆုံး ခန္ဓာကိုယ်ကိုမတ်မတ်ရပ်ပြီး ပခုံးတွေကိုဖြေလျော့ထားပါ။ ကြိုးကိုလွဲတဲ့အခါ လက်ကောက်ဝတ်နေရာကနေ လှုပ်ပြီး ကြိုးကိုလွဲပေးရပါမယ်။ ထိုနည်းအတိုင်း အကြိမ် ၃၀ လေးကြော့ ပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၄)
Source : Sharecare
ယောဂလေ့ကျင့်ခန်းတစ်ခုအဖြစ် လူသိများတဲ့ Cat-Cow Stretch လို့ခေါ်တဲ့လေ့ကျင့်ခန်း ဖြစ်ပါတယ်။ အရင်ဆုံးကြမ်းပြင်ပေါ်မှာ လေးဘက်ထောက်အနေအထား ပုံစံယူပေးပါ။ ပြီးရင် ဦးခေါင်းကိုအပေါ်သို့ ဖြေးဖြေးချင်းမော့ပြီးလေကိုရှုသွင်းပါ။ ထို့နောက် ရှုသွင်းထားတဲ့လေတွေကို ဖြေးဖြေးချင်းပြန်ရှုထုတ်ပြီး ခေါင်းကိုကြမ်းပြင်ရှိရာသို့ ဖြေးဖြေးချင်းငုံပေးပါ။ ထိုနည်းအတိုင်း ၁၅ ကြိမ် လေးကြော့ပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၅)
Source : Coach Mag
အရင်ဆုံးကြမ်းပြင်မှာ လှဲလျောင်း၍ ပလက်အနေအထားပုံစံယူပေးပါ။ လက်နှစ်ချောင်းကို ခန္ဓာကိုယ်ရဲ့ ဘေးတစ်ဖက်တစ်ချက်စီရှိ ကြမ်းပြင်ပေါ်သို့ကပ်ထားပါ။ ထို့နောက်ခြေထောက်နှစ်ချောင်းလုံးကို တစ်ချိန်ထဲမှာပင်အပေါ်သို့ ၉၀ ဒီဂရီထောင်မတ်နေအောင် မြှောက်ထားပါ။ ခြေထောက်ကိုဟန်ချက်ထိန်းပြီး အပေါ်သို့ မြင့်မြင့်မြှောက်နိုင်လေ ကောင်းလေပါပဲ။ ထို့နောက် ခြေထောက်မြှောက်ပြီး စိတ်ထဲတွင် ၁၀ စက္ကန့်ရေတွက်ပြီး။ အချိန်ပြည့်ပါက ခြေထောက်ကို ကြမ်းပြင်ပေါ်သို့ ဖြေးဖြေးချင်းပြန်ချပေးပါ။ထိုနည်းအတိုင်း အကြိမ် ၃၀ ပြုလုပ်ပေးရပါမယ်။