Bodybuilding လုပ်တယ်ဆိုတာ ကြွက်သားတွေ သန်မာအောင် ဝိတ်တုံးတွေမတာနဲ့ အစာအဟာရ ဖြည့်တင်းဖို့ အရေးကြီးပါတယ်။ Gym သွားပြီး ဝိတ်တုံးတွေ မနေယုံနဲ့ ကိုယ်လိုချင်တဲ့ body မျိုးရဖို့မလွယ်ပါဘူး။ အစားအသောက် ရွေးချယ်စားသုံးဖို့ကလည်း အလွန်အရေးကြီးပါတယ်။ ကျွမ်းကျင်သူတွေရဲ့ လေ့လာမှုအရ သင့်ရဲ့ခန္ဓာကို အချိုးအစားဟာ သင်စားလိုက်တဲ့ အစားအသောက်ပေါ်မှာ (၈၀-၉၀) ရာခိုင်နှုန်းအထိ မူတည်နေတယ်လို့ ဆိုထားပါတယ်။ ဒါ့ကြောင့် Bodybuilding နေချိန်မှာ diet plan ကလည်းအလွန်အရေးကြီးပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ Bodybuilding နေချိန်အတောအတွင်း ဘာတွေစားပေးရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။

ဥအမျိုးမျိုး

Source: McCormick

ဥအမျိုးမျိုးဟာ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ အစားအသောက် တစ်မျိုးဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်တွေဟာ ကြွက်သားတည်ဆောက်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်တွေနဲ့ကိုယ်ခံအားစနစ်ကို အားကောင်းစေတဲ့ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေလည်း သူ့မှာအပြည့်အဝ ပါဝင်နေပါသေးတယ်။

ကြက်သား

Source: Eat This, Not That

ကြက်သားကတော့ gym သမားတွေရဲ့အကြိုက်ဆုံးအစားအစာလည်း ဖြစ်ပါတယ်။ ကြက်သားမှာ ပရိုတင်းဓာတ်ကြွယ်ဝတာကြောင့် ကြွက်သားလေ့ကျင့်ချိန်မှာ ထိခိုက်ပျက်ဆီးသွားတဲ့ ကြွက်သားတွေကိုပြန်လည်ပြင်ဆင်ဖို့နဲ့ ကြွက်သားအသစ်တွေတည်ဆောက်ရာမှာ အထောက်အကူပေးပါတယ်။ ကြက်သားမှာ တခြားအသားတွေထက်စာရင် အဆီပါဝင်မှုနည်းပါးလို့ စားသုံးဖို့ သင့်တော်ပါတယ်။

အမဲသား

Source: Delish

အမဲသားမှာ ပရိုတိန်းဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် အမဲသားမှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်တွေဟာ ပရိုတိန်းဓာတ်တွေကို သွေးထဲကနေ ကြွက်သားတွေထဲသို့ ကူးပြောင်းပေးတဲ့ဖြစ်စဉ်မှာလည်း အထောက်အကူပြုပါသေးတယ်။ ဒါတင်မကသေးပါဘူး။ အမဲသားထဲမှာပါဝင်တဲ့ ဗိုက်တာမင် ဘီ၊ သံဓာတ်နဲ့ ဇင့်ဓာတ်တွေက ကြွက်သားဖွံ့ဖြိုးမှုကို ပံ့ပိုးပေးနိုင်တဲ့ဓာတ်တွေပဲ ဖြစ်ပါတယ်။

ကန်ဇွန်းဥ

Source: The Spruce Eats

ကာဘိုဟိုက်ဒရိတ်ကြွယ်ဝတဲ့သီးနှံတွေထဲမှာတော့ ကန်ဇွန်းဥက အကောင်းဆုံးဆိုတာ ငြင်းဖို့မရှိပါဘူး။ ဒါ့အပြင်ကန်ဇွန်းဥမှာ အမျှင်ဓာတ်ကြွယ်ဝလို့ အစာခြေစနစ်ကို လည်းကောင်းမွန်စေပါတယ်။ ကန်ဇွန်းဥရဲ့ ဗိုက်တာမင် အေနဲ့ဘီဟာလည်း ကြွက်သား ဖွံ့ဖြိုးရေးမှာ အထောက်အကူပြုနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအဖြစ် လည်းလုပ်ဆောင်နိုင်ပါတယ်။

နို့

Source: BBC Good Food

ခန္ဓာကိုယ်ကိုအမြန်ဆုံး ချပ်ချပ်ရပ်ရပ်ဖြစ်လိုသူတွေအတွက်တော့ နို့ ဟာအသင့်တော်ဆုံးရွေးချယ်မှုပါပဲ။ နို့ဟာ ပရိုတိန်းဓာတ်ကြွယ်ဝပြီး ကြွက်သားတစ်ရှူးတွေဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် (၈) မျိုးကို ဖြည့်ဆည့်ပေးနိုင်ပါတယ်။ နောက်ပြီးနို့ထဲမှာပါတဲ့ အဆီဓာတ်က ဝိတ်မတက်စေဘဲ ကြွက်သားဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်ပါတယ်။