ယောကျာ်းများအတွက် Cardio လေ့ကျင့်ခန်းတွေက ဘာ့ကြောင့် အရေးကြီးသလဲ။ Cardio လေ့ကျင့်ခန်းများသည် ဝိတ်ကျစေရုံသာမက နှလုံးရောဂါ မခံစားရအောင် ကာကွယ်ပေးခြင်း၊ အရိုးများ သန်မာစေခြင်း၊ စိတ်ခံစားချက်များ ကောင်းမွန်စေခြင်းနှင့် စိတ်ဖိစီးမှုများ လျော့ချပေးတဲ့ အကျိုးကျေးဇူးများကို ပေးစွမ်းပါတယ်။
အမေရိကန် နှလုံးကျန်းမာရေးအဖွဲ့အစည်းက တစ်ပတ်လျှင် ငါးရက်၊ တစ်ရက်လျှင် အနည်းဆုံး မိနစ် ၃၀ ခန့် လေ့ကျင့်ခန်းပြုလုပ်ပေးသင့်ကြောင့် အကြံပြုထားပါတယ်။
ယောကျာ်းများအတွက် အသင့်တော်ဆုံး Cardio လေ့ကျင့်ခန်းများကတော့…
အပြေးလေ့ကျင့်ခန်း
အခုမှ အပြေးလေ့ကျင့်ခန်း စလုပ်မယ့်သူတွေကတော့ မိနစ် ၃၀ ကနေ တစ်နာရီအထိ ဖြည်းဖြည်းမှန်မှန်လေး ပြေးပါ။
အလယ်အလတ်အဆင့် ရောက်လာတဲ့အခါမှာတော့ အရှိန်အနည်းငယ်မြှင့်ကာ မိနစ် ၃၀ မှ ၄၅ မိနစ်အထိ ပြေးရပါမယ်။
တဖြည်းဖြည်း ကျွမ်းကျင်အဆင့်ရောက်လာတဲ့အခါ တစ်ရက်လျှင် မိနစ် ၂၀ ခန့် အမြန်ပြေးရမှာဖြစ်ပါတယ်။
အခြားသော လေ့ကျင့်ခန်း
တင်းနစ်ရိုက်ခြင်း၊ ဘောလုံးကစားခြင်း၊ ဘက်တံရိုက်ခြင်းတို့သည်လည်း Cardio လေ့ကျင့်ခန်းထဲပါဝင်ပါတယ်။ ဒါပေမဲ့ သင့်အတွက် ကစားဖော်သူငယ်ချင်း အနည်းဆုံးတစ်ယောက်တော့ လိုအပ်ပါလိမ့်မယ်။
စက်ဘီးစီးခြင်း
စက်ဘီးစီးတတ်တယ်ဆိုရင်တော့ တစ်ရက်လျှင် နာရီဝက်ခန့် စက်ဘီးထွက်စီးပါ။ စက်ဘီး မစီးတတ်ဘူးဆိုရင်လည်း Gym ခန်းမတွေမှာအသုံးပြုတဲ့ စက်ဘီးနင်းစက်တစ်လုံး ဝယ်ထားကာ လေ့ကျင့်ခန်းပြုလုပ်လို့လည်း ရပါတယ်။
လမ်းလျှောက်ခြင်း (သို့) တောင်တက်ခြင်း
ဒီလေ့ကျင့်ခန်း နှစ်ခုစလုံးသည် သင့်ရဲ့ခြေသလုံးကြွက်သား၊ ပေါင်ကြွက်သားများအတွက် အထူးကောင်းမွန်တဲ့ Cardio လေ့ကျင့်ခန်းတွေပဲဖြစ်ပါတယ်။
ကြိုးခုန်ခြင်း
ကိုယ်ကာယအားကစား သုတေသနအဖွဲ့အစည်းရဲ့ပြောကြားချက်အရ တစ်ရက်လျှင် ၁၀ မိနစ်ခန့် ကြိုးခုန်ခြင်းက ကယ်လိုရီအမြောက်အမြားကို လောင်ကျွမ်းစေတယ်လို့ ပြောကြားထားပါတယ်။ ဒါ့အပြင် ၁၀ မိနစ်ခန့် ကြိုးခုန်ခြင်းသည် ၈ မိနစ်ခန့် အမြန်ပြေးခြင်းနှင့် အတူတူပဲဆိုတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။
သင့်အနေနဲ့ မိမိကြိုက်နှစ်သက်ရာ Cardio လေ့ကျင့်ခန်းတစ်ခုခုကို ရွေးချယ်ပြီး ကိုယ်ခန္ဓာ ကြံ့ခိုင်သန်မာလာပြီး ကျစ်လျစ်လာအောင် ဖန်တီးနိုင်ပါတယ်။
Source: Askmen.com
Featured Image Source: Muscleandfitness.com