ကွီးတို့အနေနဲ့ နေ့စဥ် Gym လဲမှန်မှန်သွားတယ် ၊ Dietကိုလဲ သင့်တင့်မျှတအောင်စားတယ်၊ Weight/Strength Training လို့ ခေါ်တဲ့ ကြံ့ခိုင်သန်မာစေတဲ့ လေ့ကျင့်ခန်းတွေလဲ ပုံမှန်လုပ်နေတယ် ဒါပေမဲ့ ထင်သလောက် Muscle တက်မလာဘူးလို့ ခံစားနေရပါလား။ ဒါဆိုရင်တော့ ဒီစာလေးက ကွီးတို့အတွက်အသေချာပါပဲ။
ဒီလိုကြုံတွေ့ခံစားနေရပြီဆိုရင်တော့ ကိုယ့်ရဲ့လေ့ကျင့်ခန်းအစီစဥ်တွေကို တစ်ချက်ပြန်စိစစ်ပြီး Cardio လို့ခေါ်တဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခုကို ထပ်ထည့်ပေးဖို့လိုနေပါပြီ။ အတော်များများက Cardio ဆော့တာနဲ့ Muscle တက်တာမဆိုင်ဘူး ထင်တတ်ကြပါတယ်။ တကယ်တော့ ကျွန်တော်တို့ခန္ဓာကိုယ်မှာ ကြွက်သားထုဆိုတာရှိသင့်သလောက်ရှိနေပြီးသားပါ။
အပေါ်ယံအဆီထုများဖုံးနေလို့သာ ကြွက်သားထုက တိမ်မြုပ်နေရခြင်းဖြစ်ပါတယ်။ ဒါကြောင့် Muscle တွေကြွနေဖို့ဆိုရင် Gymသွားစရာမလိုပဲ အိမ်မှာတင်အဆီတွေကို မြန်မြန်ဆန်ဆန်ထိထိရောက်ရောက်ကျစေမယ့် Cardio တွေကို ထည့်သွင်းဆော့ပေးဖို့ အခုပဲကြည့်လိုက်ရအောင်ပါ။
(၁) ပုံမှန်နှုန်းနဲ့ပြေးပါ

Photo : Runner’s World
ပြေးခြင်းဟာ အဆီတွေကိုသာမက အဆုတ်ကိုပါ အောက်ဆီဂျင်ကိုပိုရစေပြီး သက်လုံ ကောင်းစေတဲ့ ကုန်ကျစရိတ်အနည်းဆုံး လေ့ကျင့်ခန်းတစ်ခုပါ။ ဥပမာ ပေါင်၁၈ဝရှိတဲ့အမျိုးသားတစ်ဦးက တစ်မိုင်ကို၈မိနစ်ခွဲနှုန်းနဲ့ တစ်နာရီပြေးမယ်ဆိုရင် ကယ်လိုရီ ၉၄ဝ ထိလောင်ကျွမ်းနိုင်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ပုံမှန်သာပြေးမယ်ဆိုရင် အဆီကျပြီး ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ဖို့ အသေချာပါပဲ။
(၂) လှေကားများများတက်ပါ

Photo : YouWorkForThem
အဆီကျပြီးကျစ်လစ်ချင်ရင် ဓာတ်လှေကားစီးမယ့်အစား သဘာဝလှေကားကိုသာ ရွေးချယ်လိုက်ပါ။ လှေကားတက်ခြင်းဟာ လမ်းလျောက်ခြင်းထပ် ခြေထောက်ကြွက်သားတွေကို သုံးပေးရတဲ့အတွက် အဆီပိုကျစေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့နေ့စဥ်သွားလာလှုပ်ရှားမှုတွေမှာ ဓာတ်လှေကားအစား သဘာဝလှေကားကိုသာ သုံးပေးမယ်ဆိုရင် အချိန်တစ်ခုပေးပြီး လေ့ကျင့်ခန်းလုပ်နေစရာမလိုလောက်အောင်ကို အကျိုးများပါတယ်။
(၃) စက်ဘီးစီးပါ

Photo : Cycling Weekly
စက်ဘီးချန်ပီယံတွေရဲ့ ခြေသလုံးကြွက်သားတွေကို ကြည့်ခြင်းအားဖြင့် အဆီချရာမှာ အထောက်အပံ့ဖြစ်မဖြစ် အထင်ရှားတွေ့မြင်နိုင်ပါတယ်။ Gym သို့မဟုတ် ရိုးရိုးစက်ဘီးနဲ့ ခပ်မြန်မြန်နင်းမယ်ဆိုရင် တစ်နာရီကို ကယ်လိုရီ ၁၁၅ဝ ထိလောင်ကျွမ်းစေနိုင်ပါတယ်။ ဒါကြောင့်လိုင်းကားစီးရတာမကြိုက်ဘူး၊ ကားပိတ်တဲ့ဒဏ်လဲမခံနိုင်ဘူးဆိုရင် ကိုယ်ပိုင်စက်ဘီးနဲ့သွားလာခြင်းက တစ်ချက်ခုတ် အလီလီပြတ်စေမယ့် အရာတစ်ခုပါပဲ။
(၄) ပြေးခုန်ပစ်အားကစားလုပ်ပါ

Photo : Personal Training Fort Myers
နောက်ဆုံးပိတ်အိတ်နဲ့လွယ်လို့ပြောရလောက်အောင် အကျိုးများစေမယ့် အကောင်းဆုံး Cardio ကတော့ ပြေးခုန်ပစ်ပါပဲ။ အချိန်အများကြီးမပေးနိုင်ဘူး၊ မြန်မြန်ဆန်ဆန်နဲ့ အဆီတွေကိုအရည်ဖျော်လိုက်သလို ကျချင်တယ်ဆိုရင် ဘာကိရိယာမှမလိုတဲ့ ပြေးခုန်ပစ်ကိုသာဆော့ကြည့်ပါ။
Featured Photo : Venus Fitness Boutique
