ကြီးမားကျယ်ပြန့်ပြီး တောင့်တင်းသန်မာတဲ့ ရင်အုပ်ကြွက်သားတွေဟာ အမျိုးသားတစ်ယောက်အတွက် ဆွဲဆောင်မှုအရှိဆုံးအရာလို့ ပြောနိုင်ပါတယ်။ ရင်အုပ်ကြွက်သား တောင့်တောင့်တင်းတင်းနဲ့ ကြံ့ခိုင်သန်မာနေမယ်ဆိုရင် အဝတ်အစားဝတ်ရာမှာကြည့်ကောင်းနေစေမှာဖြစ်ပြီး စူပါးဟီးရိုးတစ်ယောက် ဒါမှမဟုတ် ဂရိနတ်ဘုရားတစ်ပါးလို ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေစေမှာဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ရင်အုပ်ကြွက်သား ကျစ်ကျစ်လစ်လစ်နဲ့ ကြံ့ခိုင်သန်မာဖို့ အကောင်းဆုံး Chest Exercises တွေ ပြောပြပေးချင်ပါတယ်။

(၁) Pushup

Pushup

Photo : The Manual

Chest လေ့ကျင့်ခန်းလို့ပြောရင် Pushup ကို ချန်ထားလို့ရမှာ မဟုတ်ပါဘူး။ ကိရိယာလွတ် Chest ကစားနည်းတွေထဲမှာ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ အရင်ဆုံး ပခုံးအကျယ်ထပ် လက်မောင်းကို အနည်းငယ်ပိုကျယ်အောင် ထောက်ပြီး တွန်းတင်နိုင်မယ့်အနေအထား ပုံစံယူပါ။ ခန္ဓာကိုယ်ကို မတ်မတ်ထားပါ။ ထို့နောက် တံတောင်ကိုကွေးပြီးရင်ဘတ်ကို မြေပြင်နဲ့ထိလုနီးပါးအထိ ခန္ဓာကိုယ်ကို ကြမ်းပြင်ဆီ နှိမ့်ချပြီး မူလအနေအထားသို့ ပြန်တွန်းပါ။

(၂) Dumbbell Bench Press

Dumbbell Bench Press
Photo : The Manual

အရင်ဆုံး Inclined Bench ပေါ်မှာ ပလက်အနေ အထားပုံစံယူပါ။ ထို့နောက် လက်တစ်ဖက် တစ်ချက်စီမှာ Dumbbell အလေးတုံးကို ကိုင်ထားပြီး ပုံမှာမြင်တွေ့ရတဲ့အတိုင်း တံတောင်နေရာကနေ ၄၅ ဒီဂရီ ကွေးထားပေးရပါမယ်။ ပြီးရင်တော့ Dumbbell ကို မျက်နှာမူရာအပေါ်သို့ ၉၀ ဒီဂရီ ဖြေးညှင်းစွာ တွန်းတင်ပေးပါ။ ထို့နောက် မူလအနေအထားသို့ ဖြည်းညှင်းစွာ နောက်ချပေးရပါမယ်။

(၃) Dumbbell Fly

Dumbbell Fly

Photo : The Manual

ဒီလေ့ကျင့်ခန်းအတွက်လည်း အရင်ဆုံး Inclined Bench ပေါ်မှာ ပလက်အနေအထား လှဲလျောင်းပေးရပါမယ်။ ထို့နောက် Dumbbell အလေးတုံးကို ကိုင်ထားပြီး တံတောင်ဆစ်များကို အနည်းငယ်ကွေးကာ ရင်ဘက်ကြွက်သားတွေကို ညစ်ထုတ်ပြီး လက်ကိုခန္ဓာကိုယ်ရဲ့ဘေးဘက်ကနေ အပေါ်သို့တွန်းတင်ပေးရမှာ ဖြစ်ပါတယ်။ Dumbbell ကိုတွန်းတင်ပြီး မူလအနေအထားကို ဖြည်းဖြည်းချင်း ပြန်ချပေးရပါမယ်။ လေ့ကျင့်စလုပ်မယ့်သူတွေအနေနဲ့ ဝိတ်ပေါ့တဲ့ Dumbbell တွေနဲ့ စတင်တာ အကောင်းဆုံးဖြစ်ပါတယ်။

(၄) Floor Press

Floor Press
Photo : The Manual

ကြမ်းပြင်ပေါ်မှာ လှဲလျောင်းပြီး ဒူးနှစ်ဖက်ကိုထောင်လျက်အနေအထား ပုံစံယူပေးရပါမယ်။ လက်နှစ်ဖက်မှာ Dumbbell အလေးတုံးကို ကိုင်ထားပြီး မျက်နှာကျက်ရှိရာသို့ ၉၀ ဒီဂရီထောင် မတ်ထားပေးရပါမယ်။ ထို့နောက် တံတောင်ဆစ်ကို ကြမ်းပြင်နဲ့ ထိလုနီးပါးအထိ ဖြည်းဖြည်းချင်းအောက်ကိုချပေးပါ။ ကစားတာကြာလာတာနဲ့အမျှ Dumbbell ရဲ့ဝိတ်ကို တိုးတိုးပြီး ပိုမိုထိရောက်မှုရှိအောင် ကစားနိုင်ပါတယ်။

Featured Photo : Muscle & Fitness