ယောကျာ်းတစ်ယောက် ကိုယ်လုံးအလှမှာ ထင်ရှားတာက ရင်အုပ်အနေအထားဖြစ်ပါတယ်။ ရင်အုံကောင်းပြီး လက်မောင်းလက်ဖျံလှတဲ့ အမျိုးသားတွေဟာ ဘယ်လို အဝတ်အစားဝတ်ဝတ် လိုက်ဖက်ပြီး ဆွဲဆောင်မှု ရှိပါတယ်။ ဒီလို ဆွဲဆောင်မှု ရှိစေဖို့ Chest Workout တွေ လုပ်ရာမှာ တကယ်ထိရောက်တဲ့ လေ့ကျင့်ခန်းတွေအကြောင်း သိထားသင့်ပါတယ်။

(၁) Cable Cross-Over

Source: BarBend

Chest ကစားရာမှာ ဒီနည်းက လူသိများပါတယ်။ Cable Cross-Over ဟာ Low To High နဲ့ High To Low ဆိုပြီး ဗားရှင်းနှစ်ခုရှိပြီး Pulley စက်နဲ့ ကြိုးဆွဲရတာပါ။ Cable Cross-Over လုပ်တာနဲ့ ရင်ဘတ်အောက်နားက ကြွက်သားတွေနဲ့ ပုခုံးတွေကို ကြံ့ခိုင်တောင့်တင်းစေပါတယ်။

(၂) Push-Ups

Source: manofmany

ဒိုက်ထိုးတဲ့ နည်းကတော့ လူတိုင်း အလွယ်တကူ လုပ်နိုင်တဲ့ စက်ကိရိယာမလိုတဲ့ လေ့ကျင့်ခန်းပါ။ သူကတော့ လူရဲ့ ဝိတ်ကို လက်နှစ်ဖက်နဲ့ ထိန်းညှိပြီး ကြမ်းပြင်ကနေ အကြိမ်ကြိမ် တွန်းတင်တာ ဖြစ်ပါတယ်။ Push-Ups လုပ်ရာမှာ ပုခုံးအကျယ်နဲ့ လက်နဲ့ ကွက်တိဖြစ်နေဖို့ လိုပါတယ်။
နောက်ထပ် Push-Ups တစ်ခုက Suspended Push-Up မျိုး ဖြစ်ပြီး သူကတော့ ကိရိယာအကူလိုပါတယ်။ ကြမ်းပြင်နဲ့ ကိုယ်ခန္ဓာဟာ ၄၅ ဒီဂရီနဲ့ ၉၀ ဒီဂရီအကြား ထားပြီး TRX Strap ကြိုးတစ်စုံအကူနဲ့ ဒိုက်ထိုးတာပါ။

(၃) Incline Dumbbell Bench Press

Source : murkunde.com

Gym တွေမှာ ကစားဖူးသူတိုင်း Incline ဆော့ဖူးမှာပါ။ သူကတော့ ဝိတ်တုံးတွေကို ပက်လက်လှန်ပြီး တွန်းတင်တဲ့ ကစားနည်းပါ။ Incline Bench ခုံပေါ်မှာ ထိုင်လုပ်ရပါတယ်။
ဒီလိုပဲ ခုံပေါ်ကနေ ဝိတ်ပြားတွေ တွန်းရတဲ့ Barbell Bench Press နည်းလည်း ကစားတာ များပါတယ်။ နှစ်မျိုးစလုံးဟာ ရင်အုပ်ပုံစံကျယ်စေမယ့် နည်းဖြစ်ပါတယ်။

(၄) Dip

Source Muscle & Fitness

Chest Workout မှာ ဝိတ်တုံးတွေ မပါဘဲ ကစားလို့ရမယ့်နည်းက Dipping ဆော့တာပါ။ ဘားတန်းပေါ်မှာ လက်ထောက်ပြီး ကိုယ်ကို ရှေ့နောက် လွှဲတာ ၊ အထက်အောက် မတင်တာတွေ လုပ်ရတာ ဖြစ်ပါတယ်။

(၅) Plate Press-Out

Source: Men’s Journal

ဒီကောင်လေးကတော့ ဝိတ်ပြားနဲ့ Chest ကစားတာ ဖြစ်ပြီး စကစားတဲ့ သူတွေကတော့ ၁၀ ပေါင်ကနေ ၄၅ ပေါင်ပြားတွေ သုံးပါတယ်။ မတ်မတ်ရပ်ပြီး ဝိတ်ပြားကို လက်နှစ်ဖက်နဲ့ ဆုပ်ကာ အထက်အောက် မတာ ၊ ချတာ လုပ်ရတာပါ။ Plate Press-out မှာ လက်ထဲမှာ ဝိတ်ပြားကိုင်ပြီး ရှေ့တည့်တည့် ဆန့် ကစားရတာ ဖြစ်ပါတယ်။

(၆) Resistance Band Pull-Apart

Source: Muscle & Fitness

များသောအားဖြင့် ဒီကစားနည်းကို သွေးပူလေ့ကျင့်ခန်းအနေနဲ့ Starters ဆော့တာ များပါတယ်။ ဒီကောင်လေး ကစားဖို့ မျှော့ကြိုးတစ်ချောင်းလိုပါတယ်။ ကြိုးကို ပုခုံးနဲ့ အညီကနေ လက်နှစ်ဖက်နဲ့ ဆုပ်ပြီး တဖြောင့်တည်းဖြစ်အောင် ဆွဲဆန့်ရပါတယ်။ ဒီကစားနည်းဟာ လွယ်ကူရိုးရှင်းသလို ထိရောက်မှုလည်း ရှိပါတယ်။