ယ်ကျော်သက်အရွယ်မှာ အရိုးဖွံ့ဖြိုးမှုက အားကောင်းတဲ့အတွက်ကြောင့် ထိုအရွယ်မှာ လေ့ကျင့်ခန်းများများပြုလုပ်ပါက အရပ်ရှည်ဖို့ရန်အတွက် များစွာအထောက်အကူပြုပါတယ်။ ဒါပေမဲ့ အသက် (၁၈) ကျော်လာလို့ အရပ်မရှည်တော့မှာလည်း စိတ်ပူစရာမလိုပါဘူး။

အသက် (၂၅) ကျော်လာရင်တောင်မှ အာဟာရပြည့်ဝတဲ့အစားအသောက်၊ ဟော်မုန်းအပြောင်းအလဲ၊ မျိုးရိုးဗီဇတို့ကြောင့်လည်း အရပ်ရှည်နိုင်ပါတယ်။ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို မှန်မှန်ပြုလုပ်ပေးပါကလည်း အရပ်ရှည်စေပါတယ်။

ဘားခိုလေ့ကျင့်ခန်း

Best Exercises to Increase Height for Men

ခန္ဓာကိုယ်ကို ခုန်လိုက်ပြီး ဘားတန်းပေါ်မှာ တွဲလဲခိုနေပါ။ လက်မောင်းနှင့် ခါးကို တန်းတန်းထားပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ခန့် တောင့်ထားပါ။ ၃ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

လမ်းအမြန်လျှောက်ခြင်း

Best Exercises to Increase Height for Men

လမ်းအမြန်လျှောက်ခြင်းသည်လည်း သင့်ရဲ့အရိုးအဆစ်များကို ရှည်လျားပြီး သန်မာလာအောင် ကူညီပေးပါတယ်။

ကြိုးခုန်ခြင်း

Best Exercises to Increase Height for Men

ကြိုးခုန်လေ့ကျင့်ခန်းသည်လည်း အရပ်ရှည်ဖို့အတွက် ကူညီပေးတဲ့ လွယ်ကူရိုးရှင်းသော လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ ကြိုးခုန်တဲ့အခါ သတိထားရမယ့်အချက်ကတော့ ခုန်လိုက်တဲ့အချိန်မှာ ခြေထောက်နှစ်ဖက်က ကြမ်းပြင်ပေါ်ကနေ ပြိုင်တူခုန်ပေးဖို့ လိုပါတယ်။

စက်ဘီးစီးခြင်း

Best Exercises to Increase Height for Men

ခြေထောက်အရိုးများကို ဆွဲဆန့်ပေးဖို့ရန်အတွက် စက်ဘီးက ကူညီပေးပါတယ်။ တစ်နေ့ကို နာရီဝက်ခန့် စက်ဘီးစီးပေးရုံဖြင့် အရိုးအဆစ်များ ရှည်ထွက်လာပါလိမ့်မယ်။

အကြောဆန့်လေ့ကျင့်ခန်း

Best Exercises to Increase Height for Men

Photo Source: Menshealth

ပုံပါအနေအထားအတိုင်း ခန္ဓာကိုယ်အပေါ်ပိုင်းကို ဆွဲဆန့်ထားလိုက်ပါ။ ထိုအနေအထားအတိုင်း ၁ မိနစ်ခန့် ပြုလုပ်ပေးရပါမယ်။ ၃ ကြိမ် ပြုလုပ်ပေးရင်တော့ တစ်လကြာတဲ့အခါ သိသာထင်ရှားတဲ့ရလာဒ်ကို မြင်တွေ့ရပါလိမ့်မယ်။

Source: Blog.decathlon.in