အခုခေတ်မှာ အားကစားလုပ်ဖို့ဆိုရင် Gym သွားမှလို့ ထင်နေကြပါတယ်။ တကယ်တမ်းမှာတော့ ပိုက်ဆံမကုန်ဘဲ အားကစားလုပ်လို့ ရပါတယ်။

Source : Freepik
ရေကူးတာဟာ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားဖို့ အကောင်းဆုံး အခြေအနေပါ။ လက်မောင်း ၊ ပေါင်တံနဲ့ ခါးတစ်လျှောက်က ကြွက်သားအားလုံးကို သုံးပြီး လှုပ်ရှားရတာကြောင့် ကြွက်သား ဖွံ့ဖြိုးမှုလည်း အားကောင်းလာစေပါတယ်။ ငယ်ငယ်ရွယ်ရွယ်မှာ ရေကူးတဲ့သူတွေဟာ ရေကူးလေ့ကျင့်ခန်း မလုပ်သူတွေထက် အရပ်ပိုရှည်တတ်ပါတယ်။
လမ်းလျှောက်တာဟာ အလွယ်ဆုံးနဲ့ အဖိုးတန်ဆုံး ကျန်းမာရေးအလေ့အကျင့်ပါ။ ဘာကုန်ကျစရိတ်မှ မရှိဘဲနဲ့ လူ့ရဲ့ ကိုယ်နဲ့စိတ်ကို ကျန်းမာကြံ့ခိုင်စေပါတယ်။ လမ်းလျှောက်ခြင်းကြောင့်ရတဲ့ အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ အစာကြေတာ ၊ ခန္ဓာကိုယ်အလေးချိန် ထိန်းနိုင်တာ အပြင် ညဘက်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ပါ အထောက်အကူဖြစ်ပါတယ်။ လမ်းလျှောက်တာဟာ မိတ်ဆွေသစ်တွေလည်း ရနိုင်ပြီး စိတ်ကို လန်းဆန်းကြည်လင်စေပါတယ်။ လမ်းကို နှစ်ပေါင်းများစွာ ပုံမှန်လျှောက်ဖြစ်သူတွေဟာ အသက်ပိုရှည်ပြီး အနာအဖျား ကင်းပါတယ်။
ဒိုက်ထိုးပါ။ကိုယ့်ရဲ့ ဘော်ဒီပုံစံကို ထိန်းဖို့နဲ့ ပိုပြီး ကြည့်ကောင်းစေဖို့ နေ့တိုင်း လုပ်ပေးလို့ရမယ့် လွယ်ကူတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ ဘေးက ကြည့်ရင်တာ့ ဒိုက်ထိုးတာ လွယ်လွယ်လေးလို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ သူလည်း ခက်ပါတယ်။ ဒါပေမယ့် ကျန်းမာရေး အကျိုးကျေးဇူးများတဲ့ ကိုယ်လက်လေ့ကျင့်ခန်းလည်း ဖြစ်ပါတယ်။

Source : Freepik
ထိုက်ကျိကစားနည်းဟာ တရုတ်ရိုးရာအဖြစ် ထင်ရှားပါတယ်။ ထိုက်ကျိဟာ သိုင်း သက်သက်မဟုတ်ပါဘူး ။ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး ဘီလျံနာတစ်ဦး ဖြစ်တဲ့ ဂျက်မားဟာ ထိုက်ကျိကစားနည်းကို နှစ်ပေါင်း ၃၀ ကျော် ကစားခဲ့သူ ဖြစ်ပါတယ်။ ထိုက်ကျိကစားခြင်းဟာ စိတ်ကို အေးဆေးတည်ငြိမ်စေပြီး အကြောများ ပြေလျော့စေပါတယ်။
