အကောင်းဆုံးသူငယ်ချင်းဆိုတာ သင့်အတွက် အဆင်ပြေဆုံးလူတစ်ယောက်ပါပဲ။ သင့်ရဲ့ BFF ဟာ တခြားသူတွေအတွက်တော့ စံပြုလောက်တဲ့ မိတ်ဆွေကောင်း ဖြစ်ချင်မှလည်း ဖြစ်မှာပါ။ ဒါက အရေးမကြီးပါဘူး။ အရေးကြီးတာက သင့်အတွက် အကောင်းဆုံးမိတ်ဆွေနဲ့ တွေ့နေပြီလားဆိုတာ သိဖို့ပါပဲ။

(၁) Support ပေးတယ်

Two Men

Photo : Pexels

Best Friend တွေက သင့်ကို Support ပေးပါတယ်။ တစ်ယောက်ကိုတစ်ယောက် ထောက်ကူမှုနဲ့ အတူတူ ဖွံ့ဖြိုးသွားတဲ့သူမျိုးက သင့်ရဲ့ အကောင်းဆုံး မိတ်ဆွေပါပဲ။ အကောင်းဆုံးမိတ်ဆွေဆိုတာ သင့်မှာ ရှိပြီးသားထက် ပိုကောင်းတဲ့သူ ဖြစ်အောင် သင့်ကို အမြဲတွန်းတတ်သူမျိုးပါ။

(၂) ဟန်မဆောင်ဘူး

Friends

Photo : Pexels

မိတ်ဆွေတွေက တစ်ယောက်ကို တစ်ယောက် မလိမ်ညာကြပါဘူး။ တစ်ယောက်ရဲ့ အပြစ်အနာအဆာကို တစ်ယောက်က လက်ခံတတ်ပါတယ်။ လူတစ်ယောက်ကို လိမ်ညာပြီး ပေါင်းသင်းဆက်ဆံတာဟာ မိတ်ဆွေကောင်းတွေရဲ့ လုပ်ရပ်မဟုတ်ပါဘူး။

(၃) စိတ်ထဲရှိတာတွေ ထုတ်ပြောလို့ရတယ်

Friend

Photo : Pexels

သင့်အခြေအနေကို အမှန်အတိုင်း ပြောပြလို့ရတဲ့လူတစ်ယောက်ပဲ ရှိမယ်ဆိုရင် အဲ့ဒီလူက သင့်ရဲ့ အကောင်းဆုံးမိတ်ဆွေပဲ ဖြစ်ပါတယ်။ သင့်ရဲ့ ထူးခြားကွဲပြားနေတဲ့ အတွေးအမြင်ကို ကန့်ကွက်ရှုတ်ချခြင်း မရှိဘဲ ဆွေးနွေးတဲ့သူ တစ်နည်းအားဖြင့် သင့်ရပ်တည်ချက်ကို တန်ဖိုးထားတဲ့သူမျိုးဟာ သင့်အတွက် BFF ပါပဲ။ အပြန်အလှန်မိတ်ဆွေကောင်းတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက် စိတ်ထဲမှာတင် သဘောထားတိုက်ဆိုင်ပြီးသားတွေ ဖြစ်လေ့ရှိပါတယ်။ မတူတာတွေအပေါ်မှာလည်း ရန်မဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်း တစ်ကန့်စီ ရပ်တည်နိုင်ကြပါတယ်။

(၄) လုံးဝ ယုံလို့ရတယ်

Men

Photo : Pexels

အပေါ်မှာ ပြောခဲ့တဲ့အထဲမှာ ဒီသဘောတရားမျိုး ဆောင်တဲ့ အကြောင်းအရာတွေ ပါဝင်မှာပါ။ ဒါက မဆန်းပါဘူး။ တစ်ယောက်ကိုတစ်ယောက် ယုံလို့ မရတော့ရင် ဘယ်လိုလုပ် မိတ်ဆွေလို့ ခေါ်လို့ ရပါ့မလဲ။ တစ်ယောက်အခက်အခဲ တစ်ယောက် ဝင်မကူပေးရင် ဘယ်လိုလုပ် မေတ္တာပါတဲ့ စောင့်ရှောက်မှုမျိုး ဖြစ်ပါ့မလဲ။ တစ်ယောက်နဲ့ တစ်ယောက် မိသားစုလို သွေးစည်းတဲ့ သွေးမတော်သားမစပ်တွေဟာ သွေးသားရင်းထက်ကို အားကိုးရတယ်ဆိုတာ လူတိုင်းအသိ ဖြစ်မှာပါ။ ဒီလို လူမျိုးတွေနဲ့ တွေ့ပြီ ဆိုရင် ကိုယ့်ကိုယ်ကိုယ် ကံကောင်းလိုက်တာလို့ပဲ သတ်မှတ်လိုက်ပါတော့လို့ ပြောချင်ပါတယ်။

Featured Photo : Pexels