ပေါင်ကြွက်သားများ၊ ခြေသလုံးကြွက်သားများ ကျစ်လျစ်သန်မာချင်တဲ့ ယောကျာ်းများအတွက် မိမိအိမ်မှာ နေ့စဉ်ပြုလုပ်နိုင်မယ့် လေ့ကျင့်ခန်းတချို့ကို ဝေမျှပေးချင်ပါတယ်။

အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများ မပြုလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်းပြုလုပ်ပေးဖို့ မမေ့ပါနဲ့။

လေ့ကျင့်ခန်း (၁)

leg exercises for men

Photo Source: Enstock3o.top

ဒီလေ့ကျင့်ခန်း ပြုလုပ်ဖို့အတွက် ခုံတစ်လုံး လိုအပ်ပါလိမ့်မယ်။ ပုံပါအတိုင်း ခုံပေါ်သို့ တက်လိုက် ဆင်းလိုက် ပြုလုပ်ပေးရပါမယ်။ ၁၅ ကြိမ် ပြည့်ပါက ခြေထောက်ကို အခြားတစ်ဖက်သို့ပြောင်းကာ နောက်ထပ် ၁၅ ကြိမ် ပြုလုပ်ပေးရပါမယ်။ စုစုပေါင်း ၁၅ ကြိမ် ၃ ခါ (သို့) ၄ ခါ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၂)

leg exercises for men

Photo Source: Menshealth.com

အရင်ဦးဆုံး ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေပါ။ ဒူးခေါင်း ထောင်ထားပါ။ ထို့နောက် တင်ပါးကြွက်သားအသုံးပြုပြီး တင်ပါးကို အပေါ်သို့ ပင့်တင်လိုက်ပါ။ ထိုကဲ့သို့ ပင့်တင်လိုက်တဲ့အချိန်မှာ ခန္ဓာကိုယ်က မျဉ်းစောင်းပုံသဏ္ဍာန် ဖြစ်နေရပါမယ်။ စုစုပေါင်း ၁၅ ကြိမ် ၃ ခါ (သို့) ၄ ခါ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၃)

leg exercises for men

Photo Source: Flabfix.com

ဒီလေ့ကျင့်ခန်းကတော့ စောစောက လေ့ကျင့်ခန်းနဲ့အတူတူပါပဲ။ ကွာခြားသွားတာကတော့ ခြေထောက်တစ်ဖက်ကို အပေါ်သို့ ဆန့်တန်းထားရမှာဖြစ်ပါတယ်။ ၁၅ ကြိမ် ပြည့်သွားတဲ့အခါမှာတော့ အခြားခြေထောက်တစ်ဖက် ပြောင်းကာ နောက်ထပ် ၁၅ ကြိမ် ထပ်မံပြုလုပ်ပေးရပါမယ်။ စုစုပေါင်း ၁၅ ကြိမ် ၃ ခါ (သို့) ၄ ခါ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄)

leg exercises for men

Photo Source: Foodspring.co.uk

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပြီးနောက် တင်ပါးကို စက်ဝိုင်းပုံသဏ္ဍာန် လှည့်ပေးရမှာဖြစ်ပါတယ်။ စက်ဝိုင်း စမှတ်နဲ့ ဆုံးမှတ် တူသွားပါက တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း ၁၅ ကြိမ်၊ ၃ ခါ (သို့) ၄ ခါ ပြုလုပ်ရပါမယ်။

နာရီလက်တံပုံသဏ္ဍာန် လှည့်ပတ်ပြီးပါက နာရီလက်တံပြောင်းပြန်အတိုင်း ထပ်မံပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၅)

leg exercises for men

Photo Source: Foodspring.co.uk

ဒီတစ်ခါမှာတော့ ဒူးကို စက်ဝိုင်းပုံသဏ္ဍာန် ဝိုင်းပေးရပါမယ်။ နာရီလက်တံအတိုင်း လှည့်ပတ်ပြီးပါက နာရီလက်တံပြောင်းပြန်အတိုင်း ထပ်မံလှည့်ပတ်ပေးရပါမယ်။

ဒီလေ့ကျင့်ခန်းများအားလုံး ပြုလုပ်ပြီးတဲ့အခါ အကြောလျော့လေ့ကျင့်ခန်းပြုလုပ်ပေးဖို့လည်း မမေ့ပါနဲ့။

Featured Image Source: Menshealth.com