ဝမ်းဗိုက်က အဆီပိုတွေကြောင့် စိတ်ညစ်နေရတဲ့ ယောကျာ်းများအတွက် ဝမ်းဗိုက်ကြွက်သားများ ကျစ်လျစ်တောင့်တင်းစေမယ့် လေ့ကျင့်ခန်းအချို့ကို ဝေမျှပေးချင်ပါတယ်။

အခုဖော်ပြမယ့် လေ့ကျင့်ခန်းများကို နေ့စဉ်ပုံမှန်ပြုလုပ်ပေးသွားပါက ဝမ်းဗိုက်ရှိအဆီပိုများ ပျောက်ကင်းသွားပါလိမ့်မယ်။

လေ့ကျင့်ခန်း (၁)

pilates for men

ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေပြီး ဒူးနှစ်ဖက်ကို ၉၀ ဒီဂရီထောင်ထားပါ။ ပစ္စည်းတစ်မျိုးကို ပုံပါအတိုင်း ရင်ဘတ်အနီးတစ်ဝိုက်တွင် တင်ထားပါ။ အသက်ရှူသွင်းလိုက်ပါ။ ထို့နောက် ရှူထုတ်လိုက်တဲ့အချိန်မှာ ညာခြေကို ဆန့်ထုတ်လိုက်ပါ။ ညာပုခုံးကို အပေါ်သို့ ကြွပြီး ဘယ်ဒူးနဲ့ ထိကပ်ပေးလိုက်ပါ။

အသက်ရှူသွင်းလိုက်တဲ့အချိန်မှာ မူလအနေအထားအတိုင်း ပြန်နေပါ။ တစ်ဖန် အသက်ရှူထုတ်လိုက်တဲ့အချိန်မှာ ဘယ်ခြေကို ဆန့်ထုတ်၊ ဘယ်ပုခုံးကို ကြွပြီး ကိုင်ထားတဲ့ ပစ္စည်းဖြင့် ညာဒူးနဲ့ ထိကပ်ပေးလိုက်ပါ။

ဘယ် ညာ တစ်ဖက်ဆီကို တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း (၁၀) ကြိမ် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၂)

pilates for men

လေ့ကျင့်ခန်း ပြုလုပ်တဲ့ကြိုးကို ပုံပါအတိုင်း ခြေဖဝါးအောက်တွင် ထားထားပါ။ ထို့နောက် ခြေထောက်ကို အပေါ်သို့ ကြွလိုက်ပါ။ အပေါ်ကြွလိုက် အောက်ပြန်ချလိုက်ဖြင့် ၁၀ ကြိမ် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၃)

pilates for men

ခါးမတ်မတ်ဆန့်ပြီး ထိုင်နေပါ။ ခြေထောက်နှစ်ဖက်ကို အရှေ့တည့်တည့်ကားထားပါ။ လက်နှစ်ဖက်ကို ဘေးနှစ်ဖက်သို့ ဆန့်တန်းထားလိုက်ပါ။ ထို့နောက် ဘယ်လက်ကို နာရီလက်တံအတိုင်း ဝိုက်ပြီး ဘယ်ခြေချောင်းများဖြင့် ထိကပ်လိုက်ပါ။

မူလအနေအထားအတိုင်း ပြန်နေပါ။ ညာလက်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ရပါမယ်။ ဘယ် ညာ တစ်လှည့်စီကို တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း ၁၀ ကြိမ်ခန့် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၄)

pilates for men

အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေပါ။ ခြေထောက်နှစ်ဖက်ကို ဆန့်တန်းပါ။ လက်နှစ်ဖက်ကိုလည်း ဦးခေါင်းအပေါ်ဘက်သို့ ဆန့်တန်းထားပါ။ ရယ်ဒီဖြစ်ပြီဆိုရင် ခြေထောက်နှစ်ဖက်ကို ကြွ၊ လက်နှစ်ဖက်ကိုလည်း အပေါ်မြှောက်လိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။

၁၀ ကြိမ်ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၅)

pilates for men

ကြမ်းပြင်ပေါ်တွင် ဝမ်းလျားမှောက်ကာ လှဲလျောင်းနေပါ။ လက်နှစ်ဖက်က အလေးတုံး (သို့) ပစ္စည်းတစ်မျိုး ကိုင်နေပါ။ အသက်ရှူသွင်းပါ။ အသက်ရှူထုတ်တဲ့အချိန်မှာ ရင်ဘတ်၊ လက်မောင်းနှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်ကို ကြွလိုက်ပါ။ ပြန်ချတဲ့အချိန်မှာ ရှူသွင်းပါ။ စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၆)

pilates for men

အရင်ဦးဆုံး ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေပါ။ အဆင်သင့်ဖြစ်တဲ့အခါမှာတော့ ခြေထောက်ကို အပေါ်သို့ ကြွလိုက်ပါ။ ခြေထောက် ကြွလိုက်တဲ့အခါ ခြေထောက်ဖြင့် စက်ဝိုင်းပုံသဏ္ဍာန် ပုံဖော်ရပါမယ်။ ထို့နောက် မူလအနေအထားအတိုင်း ပြန်နေပါ။

စုစုပေါင်း ၁၂ ကြိမ် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၁) မှ (၆) အထိ ပြီးသွားတဲ့အခါ မိနစ်အနည်းငယ်ခန့်အနားယူပါ။ ထို့နောက် လေ့ကျင့်ခန်းအစအဆုံးကို ၂ ခေါက်စီ ထပ်မံပြုလုပ်ရပါမယ်။

Source: Mensjournal.com

Featured Image Soruce: Valetmag.com