ကြွက်သား တည်ဆောက်တဲ့အခါ ပုခုံးကြွက်သားတွေသည် ရင်အုပ်ကြွက်သား၊ ဝမ်းဗိုက်ကြွက်သားများကဲ့သို့ပင် အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ ပုခုံးကြွက်သားများ ကျစ်လျစ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို အလွယ်တကူပြုလုပ်နိုင်ပါတယ်။
လေ့ကျင့်ခန်း (၁)
ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ အလေးတန်းကို ပထမပုံအတိုင်း အသင့်ပြင်ထားပါ။ ထို့နောက် ပုခုံးကြွက်သားများ အသုံးပြုကာ အလေးတန်းကို အပေါ်သို့ ပင့်တင်လိုက်ပါ။ ထို့နောက် ပုံ (၁) အတိုင်း ပြန်ထားပါ။
လေ့ကျင့်ခန်း (၂)
ဒီတစ်ခါမှာတော့ အလေးတုံး ၂ တုံး အသုံးပြုကာ လေ့ကျင့်ခန်း ပြုလုပ်ရမှာဖြစ်ပါတယ်။ ပုံ (၁) အတိုင်း အသင့်အနေအထားပြင်ပါ။ ထို့နောက် ပုခုံးကြွက်သားကို ညှစ်ကာ အပေါ်သို့ ပင့်တင်လိုက်ပါ။
လေ့ကျင့်ခန်း (၃)
ဒီလေ့ကျင့်ခန်းကတော့ အလေးဘီးလေးကို အသုံးပြုရမှာဖြစ်ပါတယ်။ ပုံ (၁) အတိုင်း အသင့်ပြင်ထားပြီးနောက် အလေးတုံးကို တဖြည်းဖြည်းအပေါ်သို့ လွှဲလိုက်ပါ။
လေ့ကျင့်ခန်း (၄)
ဒူးအနည်းငယ်ကွေးကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို အရှေ့သို့ ကိုင်းထားပါ။ ထို့နောက် အလေးတုံးကို ပုခုံးအောက်တွင် ချထားပါ။ ထို့နောက် အလေးတုံးကို ဘေးနှစ်ဖက်သို့ ကားလိုက်ပါ။
လေ့ကျင့်ခန်း (၅)
ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ အလေးတုံးနှစ်ဖက်ကို အရှေ့တွင် မထားပါ။ ထို့နောက် ပုံ (၂) အတိုင်း ဘေးဘက်သို့ ကားလိုက်ပါ။
အထက်ဖော်ပြပါ လေ့ကျင့်ခန်းများကို ၁၂ ကြိမ်မှ ၁၅ ကြိမ်၊ ၃ ခါစီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ပုခုံးလေ့ကျင့်ခန်းများအတွက် တစ်ရက်၊ ဝမ်းဗိုက်ကြွက်သား လေ့ကျင့်ခန်းများအတွက် တစ်ရက်၊ လက်မောင်းကြွက်သား၊ ခြေထောက်ကြွက်သား စသည်ဖြင့် တစ်ရက်ချင်းစီ ရက်အလိုက် ပြုလုပ်ပေးပါက သိသာထင်ရှားတဲ့လက္ခဏာကို တွေ့မြင်ရပါလိမ့်မယ်။
Source: Manofmany.com