ဝိတ်ကျချင်တဲ့ ယောကျာ်းများအတွက် အဓိကအရေးကြီးတဲ့ အချက် (၃) ချက် ရှိပါတယ်။ အိပ်ရေးဝဝ အိပ်စက်အနားယူခြင်း၊ အဆီအဆိမ့်များသော အစားအစာများ ရှောင်ကြဉ်ကာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများ စားသုံးခြင်းနှင့် အားကစား လိုက်စားခြင်းတို့ပဲဖြစ်ပါတယ်။

ဝိတ်မြန်မြန်ကျချင်သူများအတွက် ဘယ်အားကစားက ဘယ်လောက်အထိ ဝိတ်ကျဖို့ ကူညီပေးနိုင်သလဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ဖော်ပြပေးလိုက်ရပါတယ်။

တိုက်ကွမ်ဒို အားကစား

takwondo for men

Photo Source: westend61.de

တိုက်ကွမ်ဒိုကို တစ်နာရီခန့် ဆော့ကစားခြင်းသည် ကယ်လိုရီ ၉၀၀ ကျော် လောင်ကျွမ်းစေပါတယ်။ သက်လုံကောင်းစေပြီး တုန့်ပြန်လှုပ်ရှားမှုကိုလည်း ပိုမိုမြန်ဆန်စေပါတယ်။ နှလုံးခုန်နှုန်းကို မှန်ကန်စေကာ ဝိတ်လည်း ကျစေပါတယ်။

ရေကူးအားကစား

swimming sport for men

တစ်နာရီခန့် ရေကူးခြင်းသည် ၈၈၀ ကယ်လိုရီကျော်ခန့် လောင်ကျွမ်းအောင် ကူညီပေးနိုင်ပါတယ်။ တစ်နေ့လျှင် တစ်နာရီခန့် ရေကူးခြင်းအားဖြင့် တစ်လကြာတဲ့အခါ ဝမ်းဗိုက်က အဆီများ မရှိတော့တာကို မြင်တွေ့ရပါလိမ့်မယ်။ တစ်ခုရှိတာကတော့ ရေကူးပြီးသွားလို့ မောတယ်ဆိုပြီး အစား အလွန်အကျွံ မစားမိဖို့တော့ သတိထားရမှာပါ။

လက်ဝှေ့ထိုးခြင်း

healthy lifestyle; man boxing

လက်ဝှေ့ထိုးသင်ခြင်းသည် အန္တရာယ်တစ်စုံတစ်ခုနှင့် ကြုံတွေ့ခဲ့ပါက မိမိကိုယ်ကို ကာကွယ်နိုင်အောင် ကူညီပေးရုံသာမကဘဲ လက်မောင်းနှင့် ပုခုံးကြွက်သားများကို သန်မာစေပါတယ်။ သက်လုံကောင်းစေပြီး နှလုံးသွေးကြောကျဉ်းရောဂါမှလည်း ကာကွယ်ပေးပါတယ်။ တစ်နာရီခန့် လက်ဝှေ့ထိုးပေးခြင်းသည် ၇၇၀ ကယ်လိုရီကျော် လောင်ကျွမ်းစေပါတယ်။

ဘက်စကပ်ဘောအားကစား

basketball; healthy lifestyle

တစ်နာရီခန့် ဘက်စကပ်ဘော ကစားခြင်းသည် ကယ်လိုရီ ၇၀၀ ကျော် လောင်ကျွမ်းအောင်ကူညီပေးပါတယ်။ ဘက်စကပ်ဘော ကစားခြင်းသည်လည်း အဆီပိုများကို ဖယ်ရှားစေနိုင်သလို အသင်းအဖွဲ့စိတ်ဓာတ်ကိုလည်း မြင့်တင်ပေးနိုင်ပါတယ်။

အပြေးအားကစား

running; healthy lifestyle

တစ်နာရီခန့် ပြေးခြင်းသည်လည်း ကယ်လိုရီ ၇၀၀ ကျော် လောင်ကျွမ်းစေပါတယ်။ ဝိတ်ချဖို့ လိုအပ်နေပြီလို့ ထင်လိုက်တာနဲ့ အားကစားဖိနပ်လေး ကောက်စွပ်ကာ ထပြေးလိုက်ရုံပါပဲ။

စက်ဘီးစီးခြင်း

cycling; man healthy lifestyle

စက်ဘီးစီးခြင်းကတော့ တစ်နာရီလျှင် ကယ်လိုရီ ၅၀၀ ကျော်လောင်ကျွမ်းစေဖို့ ကူညီပေးပါတယ်။ စက်ဘီးစီးခြင်းကြောင့် မိမိသွားမယ့်ခရီးကို ပိုမိုခရီးတွင်စေသလို ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူနိုင်အောင်လည်း ကူညီပေးပါတယ်။ မှတ်ဉာဏ်စွမ်းအားကို တိုးမြှင့်စေရုံသာမကဘဲ ငယ်ရွယ်နုပျိုအောင်လည်း ကူညီပေးနိုင်ပါတယ်။

ဘော်လီဘောအားကစား

man playing volleyball; healthy lifestyle

ဘော်လီဘောအားကစားကတော့ တစ်နာရီလျှင် ကယ်လိုရီ ၃၅၀ ကျော် လောင်ကျွမ်းစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားများ၊ လက်မောင်းကြွက်သား၊ ပုခုံးကြွက်သားသာမက ခြေသလုံးကြွက်သားများကိုလည်း တောင့်တင်းကျစ်လျစ်စေပါတယ်။ အသက်ရှူစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

Source: Pledgesports.org