Gym သွားဖို့ အချိန်မရှိသူတွေ ၊ အိမ်မှာပဲ workout ကစားသူတွေ အနေနဲ့ ရည်မှန်းထားတဲ့ Body goals ရဖို့ နည်းစနစ်တကျ လမ်းညွှန်ပေးနိုင်မယ့် Workout Apps ကောင်းကောင်းတစ်ခု သေချာပေါက် လိုအပ်မှာပါ။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ အိမ်မှာပဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် Workout ကစားနေတဲ့ ကွီးတို့အတွက် ကြံ့ခိုင်ရေး အစီအစဉ်တွေ ၊ လေ့ကျင့်ခန်းတွေ ၊ အာဟာရဆိုင်ရာ အကြံပြုချက်တွေ ရယူနိုင်မယ့် အသုံး ဝင်ဆုံး Workout Apps ၄ ခုကို ပြောပြပေးချင်ပါတယ်။
(၁) Nike Training Club

Nike ကနေ Nike Training Club နဲ့ Nike Run Club ဆိုပြီး Apps နှစ်ခု ထွက်ထားပါတယ်။ Nike Run Club က အပြေးသမားတွေအတွက်ဖြစ်ပြီး Workout ကစားသူတွေအနေနဲ့ Nike Training Club ကို အသုံးပြုနိုင်ပါတယ်။ Nike Training Club မှာ Nike ရဲ့ ကျွမ်းကျင် Trainers တွေ ကိုယ်တိုင် လမ်းညွှန်ထားတဲ့ လေ့ကျင့်ခန်းပေါင်း ၁၈၀ ကျော်ပါဝင်ပြီး beginner levels ကနေ advanced levels အထိ စိတ်ကြိုက်ကစားနိုင်မှာ ဖြစ်ပါတယ်။ Yoga ၊ strength training ၊ cardio နဲ့ HIIT စတဲ့ မတူညီတဲ့ workout programs တွေလည်း ထည့်ပေးပြီး iOS ရော Android မှာပါ အခမဲ့အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။
(၂) Centr

ဟောလီဝုဒ်မင်းသား Chris Hemsworth က MCU ရဲ့ နာမည်ကြီး စူပါဟီးရိုး Thor ဇာတ်ကောင်အတွက် သူ့ရဲ့ ကိုယ်ပိုင် Fitness App ဖြစ်တဲ့ Centr နဲ့ လေ့ကျင့်ခန်းတွေ အများကြီးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ Centr မှာ ကြံ့ခိုင်ရေးအတွက် လေ့ကျင့်ခန်းတွေနဲ့ အာဟာရဆိုင်ရာလမ်းညွန်ချက်တွေ အများကြီးပါဝင်ပြီး အားကစား equipment တွေနဲ့ အကျွမ်းတဝင်မရှိသေးတဲ့ beginner levels တွေအတွက် ကိရိယာလွတ်ကစားနိုင်မယ့် ၆ ပတ်တာ ကိုယ်ကာယလေ့ကျင့်ခန်း အစီအစဉ် Centr Unleashed ပရိုဂရမ်တစ်ခုကိုလည်း ထပ်မံထည့်သွင်းပေးထားပါတယ်။ Centr app ကို Android ရော iOS ရောမှာ အသုံးပြုနိုင်မှာဖြစ်ပြီး တစ်ပတ် အခမဲ့အသုံးပြုခွင့်ပြုပေးထားပါတယ်။ နောက်ပိုင်းတော့ တစ်လကို ဒေါ်လာ ၃၀ နဲ့ ဝယ်သုံးရမှာ ဖြစ်ပါတယ်။
(၃) Keelo

Keelo app မှာတော့ မိနစ် ၂၀ အောက် ကစားနိုင်မယ့် High-Intensity Interval Training (HIIT) လေ့ကျင့်ခန်းတွေ ထည့်သွင်းပေးထားပါတယ်။ ကျွမ်းကျင်တဲ့ coaches တွေကိုယ်တိုင် ညွှန်ကြားထားတဲ့ လေ့ကျင့်ခန်းတွေကို Gym မှာဖြစ်ဖြစ် ၊ အိမ်မှာပဲဖြစ်ဖြစ် အလွယ်တကူကစားနိုင်မှာဖြစ်ပြီး မည်သည့် အားကစား equipment နဲ့ မဆိုကစားနိုင်သလို ကိရိယာလွတ်ကစားနိုင်မယ့် လေ့ကျင့်ခန်းတွေလည်း များစွာပါဝင်ပါတယ်။ ကိုယ်ရဲ့ ကြံ့ခိုင်ရေးအစီအစဉ်နဲ့ ပတ်သတ်ပြီး coaches တွေကို အီးမေးလ်ကနေတဆင့် အကြံဉာဏ်တောင်းလို့ ရပါသေးတယ်။ Keelo app ကို Android ရော iOS ရောမှာ အသုံးပြုနိုင်ပြီး အခမဲ့စမ်းသပ် အသုံးပြုခွင့် ပေးထားပါတယ်။ နောက်ပိုင်းတော့ တစ်လကို ၁၃ ဒေါ်လာနဲ့ဝယ်သုံးရမှာ ဖြစ်ပါတယ်။
(၄) Jefit

Jefit app မှာတော့ လေ့ကျင့်ခန်း အမျိုးအစားပေါင်း ၁၀၀၀ ကျော်ပါဝင်ပြီး ကိုယ့်ရဲ့ workout plan ကို စိတ်ကြိုက်ပြင်ဆင်နိုင်သလို ၊ ကိုယ့်ရဲ့တိုးတက်မှုတွေကို ခြေရာခံပေးမယ့် အကောင်းဆုံး Workout App တစ်ခု ဖြစ်ပါတယ်။ Jefit ရဲ့ သင်ကြားရေး ဗီဒီယိုတွေမှာ လေ့ကျင့်ခန်းတစ်ခုချင်းစီတိုင်းကို နည်းလမ်းမှန်မှန်နဲ့ စနစ်တကျ ကစားနိုင်ဖို့ သေချာ လမ်းညွှန်ပြသပေးထားပြီး အသုံးပြုတွေအတွက် လစဉ် ကြံ့ခိုင်ရေးဆိုင်ရာ ပြိုင်ပွဲလေးတွေလည်း ရှိပါတယ်။ Jefit app ကို Android ရော iOS ရောမှာ အခမဲ့အသုံးပြုနိုင်ပြီး upgrade လုပ်ချင်တဲ့သူတွေအနေနဲ့ တစ်လကို ၇ ဒေါ်လာတည်းနဲ့ ဝယ်သုံးနိုင်မှာ ဖြစ်ပါတယ်။
Featured Photo : centr.com
