ကွီးတို့ရေ မြန်မာနိုင်ငံလို ပူပြင်းတဲ့ ရာသီဥတု ရှိတဲ့ နိုင်ငံမှာ လူတော်တော်များများက Blazer လိုမျိုး အဝတ်တွေ များများစားစား မဝယ်ကြပါဘူး။ ဒါပေမဲ့ ပွဲလမ်း သဘင်၊ စီးပွားရေး နဲ့ဆိုင်တဲ့ တွေ့ဆုံမှုမျိုး၊ Dinner စသည် တို့ကိုသွားဖို့ ဆိုရင်တော့ Blazer တစ်ထည်လောက်တော့ ရှိသင့်ပါတယ်။ ဒါကြောင့်ကွီးတို့ကို မီးခိုးရောင် Blazer တစ်ထည်တည်း နဲ့ ဝတ်လို့ ရတဲ့ Styles ၅ မျိုးကို ဖော်ပြပေးချင်ပါတယ်။

(၁) မီးခိုးရောင် Blazer နဲ့ အနက်ရောင် ရှပ်အင်္ကျီ

Blazer တစ်ထည်တည်း

Photo : AliExpress

ကွီးတို့ရေ မီးခိုးရောင် Blazer တစ်ထည်တည်း နဲ့ ဝတ်လို ရတဲ့ Style ၁ မျိုးကတော့  ပထမဆုံးအနေနဲ့ မီးခိုးရောင် Blazer ကို အနက်ရောင်ရှပ်အင်္ကျီ နဲ့ တွဲစပ်ဝတ်ဆင်ကြည့်ပါ။ တကယ်ကို လူကြီးလူကောင်းဆန်ပြီး တကယ်ကို ဂန္တဝင်ဆန်ဆန် ဆွဲဆောင်မှု ရှိတဲ့ ပုံစံကို ရရှိစေမှာပါ။ ဘောင်းဘီကို အနက်ရောင် သို့မဟုတ် မီးခိုးရောင်များနဲ့လည်း ကွီးတို့စိတ်ကြိုက် ဝတ်ဆင်နိုင်ပါတယ်။ စတိုင်ကျကျ အနက်ရောင် loafers ရယ် နာရီတစ်လက်ရယ် ထပ်ပေါင်းဝတ်ဆင်ပြီး ကွီးတိုရဲ့ Level ကိုမြှင့်တင်လိုက်ပါ။

(၂) မီးခိုးရောင် Blazer နဲ့ အဖြူရောင် ရှပ်အင်္ကျီ

Blazer တစ်ထည်တည်း

Photo : The BeYoung Blog

ကွီးတို့ရေ ဒီတစ်ခါမှာတော့ မီးခိုးရောင် Blazer ကို အဖြူရောင် ရှပ်အင်္ကျီနဲ့ တွဲစပ်ကြည့်ရအောင်။ အဖြူရောင်က အေးချမ်းသော ခံစားမှုများကို ဖြန့်ကျက်ပြီး မီးခိုးရောင်နှင့် ပေါင်းစပ်လိုက်တဲ့အခါ ပိုမိုမြင့်မားသော အဆင့်အတန်း ပုံစံကို ရရှိစေပါတယ်။ ဘောင်းဘီကိုတော့ ကွီးတို့စိတ်ကြိုက် မီးခိုးရောင်၊ နက်ပြာရောင် သို့မဟုတ် အနက်ရောင် တို့နဲ့လည်း ဝတ်ဆင်လို့ရပါတယ်။ ဒီတွဲစပ်မှုကလည်း ကွီးတို့ကို တကယ်ကို Style ကျစေပါလိမ့်မယ်။

(၃) မီးခိုးရောင် Blazer နဲ့ နက်ပြာရောင် ဘောင်းဘီ

Fashion

Photo : The BeYoung Blog

နက်ပြာရောင် ဘောင်းဘီနဲ့ မီးခိုးရောင် Blazer ပေါင်းစပ်မှုက မီးခိုးရောင်ရဲ့ သိမ့်မွေ့နူးညံမှုကို ပေါ်လွင်စေပါတယ်။ နက်ပြာရောင်ကြောင့် ကွီးတို့ကို ယုံကြည်မှုရှိတဲ့ပုံပေါ်စေကာ ဖြတ်သွားသူတိုင်း လှည့်ကြည့်ရလောက်အောင် ဆွဲဆောင်မှုရှိပြီး ပေါ်လွင်စေမှာဖြစ်ပါတယ်။ မီးခိုးရောင် Blazer တစ်ထည်တည်း နဲ့ မှန်ကန်အောင် အဝတ်အစား တွဲစပ်မှုက ကွီးတို့ကို လူစုလူဝေးမှာတောင် ထင်ပေါ်စေပြီး အထက်တန်း ဆန်စေပါတယ်။

(၄) မီးခိုးရောင် Blazer နဲ့ Jean ဘောင်းဘီ

Fashion

Photo : The BeYoung Blog

ကွီးတို့ရေ မီးခိုးရောင် Blazar တစ်ထည်တည်း နဲ့ Formal ဆန်ဆန်လည်း ဝတ်လို့ရသလို ပေါ့ပေါ့ပါးပါး ပုံစံလည်း ဝတ်လို့ရပါတယ်နော်။ ပေါ့ပါးလွတ်လပ်ပြီး Style ကျတဲ့ ပုံစံဝတ်ချင်ရင်တော့ မီးခိုးရောင် Blazer ကို အပြာရောင် Jean ဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။ တကယ်ကို လိုက်ဖက်ပြီး ပေါ့ပါးလွတ်လပ်တဲ့ Style ရစေပါတယ်။

(၅) မီးခိုးရောင် Blazer နဲ့ ဆွယ်တာ

Fashion

Photo : The BeYoung Blog

ကွီးတို့ရဲ့ Blazer ကို ပုံစံ နောက်တစ်မျိုးအနေနဲ့ ဆွယ်တာ အင်္ကျီဖြင့် တွဲဖက်ဝတ်ဆင်ကြည့်ပါ။  ဆွယ်တာ အပေါ်မှ  မီးခိုးရောင် Blazer ကို ဝတ်ဆင်ပြီး၊ ဘောင်းဘီကိုတော့ အနက်ရောင်၊ အပြာရင့်ရောင်တို့ဖြင့် တွဲဖက် ဝတ်ဆင်လိုက်ပါ။ ဒီလို ပေါင်းစပ်ဝတ်ဆင်မှုက ကွီးတို့ကို အေးတဲ့ နိုင်ငံ၊ အေးတဲ့ဒေသကို သွားတဲ့အခါ ရိုးရိုးရှင်းရှင်းနဲ့ style ကျစေပါတယ်။

ယခု ဖော်ပြပေးလိုက်တာကတော့ ကွီးတို့အတွက် မီးခိုးရောင် Blazer တစ်ထည်တည်း နဲ့ ဝတ်လို့ရတဲ့ Styles ၅ မျိုးကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ Blazer တစ်ထည်လောက် ဝယ်ဖို့ စဉ်းစားနေတဲ့ ကွီးတို့အတွက်လည်း မီးခိုးရောင်ဟာ မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်စေမှာပါ။

Source : The BeYoung Blog

Featured Photo : Beyoung