ကျစ်လစ်တောင့်ဖြောင့်ပြီး ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်မျိုးကို အမျိုးသားတိုင်း ပိုင်ဆိုင်ချင်ကြမှာပါ။ ဒီလို ခန္ဓာကိုယ်မျိုးကို နေ့ချင်းညချင်း လွယ်လွယ်ကူကူ ပိုင်ဆိုင်နိုင်မှာတော့ မဟုတ်ပါဘူး။ သင့်တော်သော လေ့ကျင့်ခန်းများကို အချိန်တစ်ခုပေးပြီး ပုံမှန်ကြိုးစားလုပ်ဆောင်ရမှာပါ။ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ ဖြစ်ပါစေ လေ့ကျင့်ခန်းများ လုပ်မည်ဆိုပါက ပေါ့ပေါ့တန်တန်တော့ လုပ်လို့မရပါဘူး။ စနစ်တကျ လိုက်နာရမယ့် အချက်လေးတွေကို သိရှိထားဖို့ လိုပါတယ်၊။ ဒါကြောင့်  ကွီးတို့ လေ့ကျင့်ခန်းများ ပြုလုပ်ပြီး Body ​တောင့်ချင်ရင် အောက်ပါအချက်လေးများကို သတိထားလိုက်နာဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) နည်းစနစ်မှန်မှန်နဲ့ စနစ်ကျမှုရှိပါစေ

Body ​တောင့်ချင်ရင်

Photo : Jack City Fitness

ကွီးတို့အနေနဲ့ ဘယ်လိုလေ့ကျင့်ခန်းကိုမဆို လုပ်ဆောင်မည်ဆိုပါက နည်းစနစ်မှန်မှန်ကန်ကန်နဲ့ ကျွမ်းကျင်မှုရှိဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းများကို သေချာစွာ သိရှိနားလည်ခြင်းနဲ့ နည်းစနစ်မှန်ကန်ခြင်း မရှိပါက ထိရောက်မှုမရှိသည့်အပြင် ခန္ဓာကိုယ် ဒဏ်ဖြစ်ခြင်းနဲ့ ထိခိုက်ဒဏ်ရာရခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း တစ်ခုခုကို စမလုပ်ခင် မှန်ကန်တဲ့ပုံစံ ဖြစ်အောင် ကျွမ်းကျင်သော Trainers များထံမှ အကြံဉာဏ်ရယူပါ။

(၂) သွေးပူလေ့ကျင့်ခန်းများ ပြုလုပ်ပါ

Body ​တောင့်ချင်ရင်

Photo : HealthKart

လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အရေးကြီးဆုံးနဲ့ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းကတော့ ပထမဦးစွာ လေ့ကျင့်ခန်းများ မစတင်ခင်မှာ သွေးပူလေ့ကျင့်ခန်း လုပ်ဖို့ပါပဲ။ Body တောင့်ချင် စောနဲ့ လေ့ကျင့်ခန်းများကို တိုက်ရိုက်တန်းပြီး ပြုလုပ်တာက ခန္ဓာကိုယ်အတွက် ဒဏ်ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းများ မလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်းများ လုပ်ပေးခြင်းဖြင့် လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း ကြွက်သားနာကျင်ခြင်းနဲ့ ဒဏ်ရာဖြစ်နိုင်ခြေ သိသိသာသာနည်းစေပါတယ်။ ကွီးတို့ရဲ့ လေ့ကျင့်ခန်း စွမ်းဆောင်ရည်ကိုလည်း ပိုကောင်းပြီး လေ့ကျင့်ခန်းများကိုလည်း ပိုမိုထိရောက်စေပါလိမ့်မယ်။ ကိုယ်နဲ့သင့်တော်တဲ့ သွေးပူလေ့ကျင့်ခန်းများကို လေ့ကျင့်ခန်းမစတင်ခင် အနည်းဆုံး ၁၅ မိနစ်ခန့် ပြုလုပ်ပေးပါ။

(၃) ခန္ဓာကိုယ်ကို အနားပေးဖို့ မမေ့ပါနဲ့

Body ​တောင့်ချင်ရင်

Photo : Wallpaper Flare

ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ် အချိုးအဆ မြန်မြန်ရအောင် ခန္ဓာကိုယ်ကို အနားမပေးဘဲ လေ့ကျင့်ခန်းများ ဆက်တိုက် ပြင်းပြင်းထန်ထန် ပြုလုပ်ခြင်းကို ရှောင်ပါ။ ။ လေ့ကျင့်ခန်းလုပ်တာဟာ ကောင်းပေမဲ့ အခုမှစတင်ပြီး လေ့ကျင့်ခန်းပြုလုပ်သူတွေ အတွက်တော့ ခန္ဓာကိုယ်ကို အနားမပေးဘဲ လေ့ကျင့်ခန်းများလုပ်တာဟာ ကောင်းတဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။ အခုမှ စလုပ်တဲ့ ကွီးတို့အနေနဲ့ လေ့ကျင့်ခန်းကို ၃ ရက်ဖြစ်စေ၊ ၄ရက်ဖြစ်စေ ဆက်တိုက်လုပ်ပြီး ခန္ဓာကိုယ်အား အနားရစေရန် နားရက်တစ်ရက်ယူပါ။

(၄) အစားအစာ သေချာစားပါ

Photo : Muscle and Fitness

လေ့ကျင့်ခန်းမလုပ်မီနဲ့ လုပ်ပြီးနောက်တွင် စားသည့် အစားအစာများကလည်း လေ့ကျင့်ခန်းများနဲ့ ခန္ဓာကိုယ်အပေါ် သိသာတဲ့ သက်ရောက်မှု ရှိစေပါတယ်။ ကွီးတို့အနေနဲ့ တောင့်ဖြောင့်တဲ့ ခန္ဓာကိုယ်ကို တည်ဆောက်ဖို့ဖြစ်စေ သို့မဟုတ် Bodybuilding အတွက် ကစားနေတာဖြစ်စေ၊ Protein နဲ့ Carbohydrate တို့ပါဝင်တဲ့ အစားအစာတွေကို စားပေးခြင်းက အထောက်အကူ ဖြစ်စေပါတယ်။ အစားအသောက်ပိုင်းနဲ့ ပတ်သတ်ပြီး သေချာသိရှိထားခြင်းမရှိပါက ကျွမ်းကျင်သူများရဲ့ လမ်းညွှန်မှုကို လိုက်နာပါ။

(၅) ပန်းတိုင်ရှိပါစေ

Photo : Men’s Journal

ကွီးတို့ရေ ခေါင်းစဉ်မှာ ပြောခဲ့သလိုပါပဲ။ Body ​တောင့်ချင်ရင် ပဲ ဖြစ်ဖြစ်၊ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ် အချိုးအဆ လိုချင်လို့ပဲ ဖြစ်ဖြစ်၊ ပေါ့ပေါ့တန်တန်နဲ့ ချိုမိုင်မိုင်တော့ လုပ်လို့မရပါဘူး။ ဘယ်အရာမဆို ကိုယ်လိုချင်တဲ့ပုံစံ ၊ ရလဒ်ရဖို့ အချိန်၊ ဝိရိယနဲ့ ကြိုးစားအားထုတ်မှုဟာ လိုစမြဲပါ။ ဒါကြောင့် ကွီးတို့အနေနဲ့ စိတ်အားထက်သန်စွာဖြင့် ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာကို မှန်းဆပြီး လက်တွေ့ကျတဲ့ ပန်းတိုင်လေးများ ထားရှိပါ။ ထိုပန်းတိုင်များက တစ်ဆင့် ကွီးတို့လိုချင်တဲ့ Body Goal ရသည်အထိ တတ်လှမ်းလိုက်ပါ။

Source : Fitness

Featured Photo : Men’s Journal