စိတ်သွားတိုင်း ကိုယ်ပါနေဖို့ဆိုရင် ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်ရှိဖို့ အရေးကြီးပါတယ်။ မည့်သည့် အသက်အရွယ်ပဲ ရောက်နေပါစေ၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် လေ့ကျင့်ခန်းတွေလုပ်ဖို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ဒါ့အပြင် ယောက်ျားသားတစ်ယောက်အတွက် ကြံ့ခိုင်သန်စွမ်းသော ခန္ဓာကိုယ်ရှိခြင်းက တကယ်ကို ကြည့်ကောင်းစေပါတယ်။ ဒီလိုမဟုတ်ဘဲ Body မှာ ချူချာနေရင် တော့ တကယ်ကို အဆင်မပြေလှပါဘူး။ ဒါကြောင့် ယောက်ျားပီပီသသ ကျန်းမာကြံ့ခိုင်သန်စွမ်းစေဖို့ လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်သင့်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို တည်ဆောက်ရာမှာ ထိရောက်တဲ့ လေ့ကျင့်ခန်း တွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၁) Bodyweight Squat
Photo : Men’s Health
ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တာကတော့ Bodyweight Squat ပဲဖြစ်ပါတယ်။ Squat လေ့ကျင့်ခန်းများက ခန္ဓာကိုယ်အောက်ပိုင်း ကြံ့ခိုင်သန်မာဖို့အတွက် ထိရောက်တဲ့လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့ခြေထောက်နဲ့ Glutes ကြွက်သားများကို ကြံ့ခိုင်သန်မာဖို့ ကူညီပေးနိုင်ပါတယ်။
လေ့ကျင့်ခန်း (၂) Push-Up
Photo : Men’s Health
ဒီလေ့ကျင့်ခန်းက Body Builders များအတွက် ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ကွီးတို့ရဲ့ ပခုံးနဲ့ ရင်ဘတ်ကြွက်သားများကို ကျစ်လစ်သန်မာစေဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၃) Mountain Climbers
Photo : Men’s Health
ဒီလေ့ကျင့်ခန်းကတော့ ကယ်လိုရီတွေလောင်ကျွမ်းစေဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ကွီးတို့ရဲ့ Core၊ နောက်ကျော၊ လက်များနဲ့ ခြေထောက်များ ကြံ့ခိုင်မှုကို တည်ဆောက်နိုင်ဖို့ အထောက်အကူ ပြုပါတယ်။
လေ့ကျင့်ခန်း (၄) Plank
Photo : Men’s Health
Plank လေ့ကျင့်ခန်းက ကွီးတို့ရဲ့ Core၊ ပခုံး၊ လက်နှင့် ခြေထောက်တို့တွင် ခွန်အားတည်ဆောက်ရန် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ဝမ်းဗိုက်နှင့် နောက်ကျောကြွက်သား နှစ်ခုလုံးကို တစ်ပြိုင်နက် အားကောင်းစေပြီး ခါးနာနေသူများအတွက် အကျိုးပြုနိုင်ပါတယ်။
လေ့ကျင့်ခန်း (၅) Bodyweight Split Squat
Photo : Men’s Health
ဒီပုံစံကွဲ Squat လေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ ခြေထောက်ရှိ Quadriceps နှင့် တံကောက်ကြော ကြွက်သားများအပြင် Glutes ကြွက်သားများကို ကျစ်လစ်သန်မာစေပါတယ်။
လေ့ကျင့်ခန်း (၆) Single-Leg Hip Raise
Photo : Men’s Health
ဒီလေ့ကျင့်ခန်းကတော့ ယောကျင့်စဉ်မှ ဆင့်ပွားလာတဲ့ လေ့ကျင့်ခန်း ဖြစ်ပြီး ကွီးတို့ရဲ့ Glutes နဲ့ Abs ကြွက်သားများကို ပစ်မှတ်ထားတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၇) Burpees
Photo : Men’s Health
Burpee လေ့ကျင့်ခန်းက ခန္ဓာကိုယ်တစ်ခုလုံးကို ကြံ့ခိုင်မှုတည်ဆောက်ရန်နဲ့ ကယ်လိုရီများကို လောင်ကျွမ်းစေတဲ့ ထိရောက်တဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ကွီးတို့ရဲ့ ရင်ဘတ်၊ အူတိုင်၊ လက်မောင်း၊ နောက်ကျော၊ Glutes နှင့် ခြေထောက်စတဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ထိရောက်စေတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။
ကွီးတို့ရေ Body မှာ ချူချာနေရင် တော့ စကီလေးတွေက ကြွေမှာ မဟုတ်ပါဘူးနော်။ အခုဖော်ပြပေးလိုက်တဲ့ လေ့ကျင့်ခန်းတွေက ကြွက်သားတွေကို ကျစ်လစ်သန်မာစေပြီး ကျန်းမာကြံ့ခိုင်တဲ့ Body တစ်ခု ရအောင်စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါ့အပြင် အကူကိရိယာမလိုဘဲ လုပ်လို့ရတဲ့လေ့ကျင့်ခန်းတွေ ဖြစ်တာကြောင့် ကွီးတို့ အိမ်မှာပဲ ပြုလုပ်နိုင်ပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းမဆို အလုံးစုံသော ကျန်းမာရေးအတွက် အထောက်အကူပြုတာကြောင့် ပုံမှန်ပြုလုပ်သွားဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။
Source : The New York Times
Featured Photo : JEfit