သင့်ခန္ဓာကိုယ်ဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို လိုအပ်ပါတယ်။ တခြားသော ပရိုတိန်းဓာတ်တွေ၊ ဗီတာမင်ဓာတ်တွေကို ဦးစားပေးစားသုံးနေတဲ့အတွက် တခါတရံမှာ အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေကို စားသုံးပေးဖို့ လိုအပ်နေတယ်ဆိုတာ မေ့နေတတ်ပါတယ်။
ဗန်ဒါစေ့
Source: www.vanderschalk.com
ဗန်ဒါစေ့မှာ အမျှင်ဓာတ်မြင့်မားစွာပါဝင်ပါတယ်။ ဗန်ဒါစေ့ ၃ ဂရမ်စားရုံဖြင့် အမျှင်ဓာတ် ၁ အောင်စ ရရှိနိုင်မှာဖြစ်ပါတယ်။ သရေစာ (Snack) တွေမှာပါတတ်ပါတယ်။
ပဲအမျိုးမျိုး
Source: ciorganicos.com.br
ပဲအမျိုးမျိုးကို သရေစာအနေနဲ့စားသုံးလို့ရနိုင်သလို အရံဟင်းအနေနဲ့လည်း ချက်ပြုတ်စားသုံးနိုင်ပါတယ်။ နှလုံးအားကောင်းစေရုံမက တခြားသောခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း ကျန်းမာသန်စွမ်းစေပါတယ်။ ပဲ ၁၅ ဂရမ်စားသုံးပေးရုံဖြင့် တစ်နေ့စာ လိုအပ်တဲ့ အမျှင်ဓာတ်တွေကို ပြည့်ဝစွာ ရရှိစေနိုင်မှာဖြစ်ပါတယ်။
ရတ်စ်ဘယ်ရီသီးများ
Source: alleyann.ru
ရတ်စ်ဘယ်ရီသီးဟာ ထူးဆန်းတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ အသီးတစ်လုံးလုံးမှာ အမျှင်ဓာတ်တွေ အမြောက်အများပါဝင်ပါတယ်။ ဒါပေမယ့် ရတ်စ်ဘယ်ရီသီးတွေမှာ တခြားသောဗီတာမင်ဓာတ်တွေလည်း လျော့နည်းခြင်းမရှိပါဘူး။