ဝိတ်တုံး၊ အလေးတန်း၊ အလေးပြား စသည်ဖြင့် အားကစားပြုလုပ်သည့်ကိရိယာအမျိုးအစား အမျိုးမျိုးရှိသည့်အနက် ဒီတစ်ခါမှာတော့ အလေးပြားတစ်ပြားအသုံးပြုပြီး လေ့ကျင့်ခန်း ဘယ်လိုပြုလုပ်နိုင်မလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

သင့်အနေနဲ့ အလေးပြား တစ်ပြား ဝယ်ထားရုံဖြင့် Gym သွားစရာမလိုဘဲ မိမိအိမ်မှာပဲ အလွယ်တကူလေ့ကျင့်ခန်းပြုလုပ်နိုင်ပါပြီ။

လေ့ကျင့်ခန်း (၁)

body weight plate workout for men

ကြမ်းပြင်ပေါ်တွင် ပုံပါအတိုင်း လှဲလျောင်းနေပါ။ အလေးပြားကို ကိုင်ထားပြီး ရင်ဘတ်ပေါ်တွင် ထားထားပါ။ ထို့နောက် တံတောင်ဆစ်ကို ဆန့်တန်းပြီးနောက် အလေးပြားကို အပေါ်သို့ ပင့်တင်လိုက်ပါ။

လေ့ကျင့်ခန်း (၂)

body weight plate workout for men

ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပြီးနောက် ဒူးကွေးထားကာ လှဲလျောင်းနေပါ။ ထို့နောက် ခန္ဓာကိုယ်အပေါ်ပိုင်းကို ဒုတိယပုံအတိုင်း ကြွလိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။ တစ်ကြိမ်လို့ သတ်မှတ်ရပါမယ်။

လေ့ကျင့်ခန်း (၃)

body weight plate workout for men

လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံသဏ္ဍာန် ထားထားပြီး အလေးပြားကို ပိုက်ထားပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို အနည်းငယ်ချဲထားပြီး မတ်တပ်ရပ်နေပါ။ ပြီးရင်တော့ ပုံပါအတိုင်း Squat ထိုင်ချလိုက်ပါ။ တစ်ကြိမ်လို့ သတ်မှတ်ပါမယ်။

လေ့ကျင့်ခန်း (၄)

body weight plate workout for men

လက်နှစ်ဖက်ကို အပေါ်သို့ ဆန့်တန်းပြီး အလေးတုံးကို မြှောက်ထားပါ။ ညာခြေကို အခြေသို့ ဆန့်ထုတ်ပြီး ဘယ်ဒူးကို အနောက်သို့ ကွေးညွှတ်လိုက်ပါ။ ထို့နောက် မတ်တပ်ပြန်ရပ်ပါ။

တစ်ဖန် ဘယ်ခြေကို အရှေ့သို့ ဆန့်ထုတ်ပြီး ညာဒူးကို ကွေးညွှတ်လိုက်ပါ။ တစ်ကြိမ်လို့ သတ်မှတ်ပါမယ်။

လေ့ကျင့်ခန်း (၅)

body weight plate workout for men

ပုံပါအတိုင်း ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ ဒူးနှစ်ဖက်ကို ၉၀ ဒီဂရီ ကွေးညွှတ်ထားပါ။ ပေါင်နှစ်ဖက်ကတော့ ကြမ်းပြင်နဲ့ မျဉ်းပြိုင်ပုံသဏ္ဍာန် ဖြစ်နေရပါမယ်။ ထိုအနေအထားအတိုင်း ၄၅ စက္ကန့်ခန့် တောင့်ထားပါ။

အထက်ဖော်ပြပါ လေ့ကျင့်ခန်းများကို ၁၂ ကြိမ် မှ ၁၅ ကြိမ်၊ ၃ ခါ (သို့) ၄ ခါ ပြုလုပ်ရပါမယ်။

Source: Mensjournal.com

Featured Image Source: Mensjournal.com