ကြံ့ခိုင်သန်မာပြီး ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားကြတဲ့ Bodybuilders တွေကို အားကျကြတယ် မဟုတ်ပါလား။ ကြံ့ခိုင်သန်မာပြီး ကျစ်လစ်တဲ့ ခန္ဓာကိုယ်အမျိုးအစားကို ယောက်ျားလေးတိုင်း ပိုင်ဆိုင်ချင်ကြမှာပါ။ အခုနောက်ပိုင်းမှာ ခန္ဓာကိုယ် ကြံ့ခိုင်ဖို့အတွက်ရော၊ ကျန်းမာရေးအတွက်ပါ Bodybuilding ပိုင်းကို စိတ်ဝင်စားလာကြတဲ့ ယောက်ျားလေးတွေလည်း များလာတာ တွေ့ကြပါတယ်။ သို့သော်လည်း တစ်ခုခုကို စတင်မယ်ဆိုရင် အရင်ဆုံး သိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အခုမှစပြီး Bodybuilding စလုပ်မယ့် ညီအစ်ကိုတို့ အတွက် သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
နည်းစနစ်ကျပြီး မှန်ကန်သော ပုံစံဖြစ်ပါစေ

Photo : BarBend
ကွီးတို့ရေ ဘယ်လိုလေ့ကျင့်ခန်းမဆို စတင်ပြုလုပ်မယ်ဆိုပါ နည်းစနစ်ကျပြီး ကိုယ်နေဟန်ထားနဲ့ ပြုလုပ်ပုံ မှန်ကန်ဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ရင် အလေ့အကျင့်မှားတွေ စွဲသွားနိုင်ပြီး ကွီးတို့ခန္ဓာကိုယ်အတွက်လည်း မလိုလားအပ်တဲ့ ထိခိုက်ဒဏ်ရာရခြင်း၊ ဒဏ်ဖြစ်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကွီးတို့နေနဲ့ မှန်ကန်ပြီး နည်းစနစ်ကျစွာ ပြုလုပ်နိုင်စေရန် သေချာလေ့လာပါ ဒါမှမဟုတ် ကျွမ်းကျင်သော Trainers များထံမှ အကူအညီရယူပါ။
သွေးပူလေ့ကျင့်ခန်း များပြုလုပ်ပါ

Photo : GQ Australia
လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အရေးအကြီးဆုံး တစ်ခုကတော့ လေ့ကျင့်ခန်းမစတင်ခင်မှာ သွေးပူလေ့ကျင့်ခန်းများ ပြုလုပ်ဖို့ပါပဲ။ သွေးပူလေ့ကျင့်ခန်းမလုပ်ဘဲ လေ့ကျင့်ခန်းတွေကို တန်းပြီး ပြုလုပ်တာက လုံးဝကို မှားယွင်းတဲ့ ပုံစံပါ။ သွေးပူလေ့ကျင့်ခန်း မလုပ်ဘဲ လေ့ကျင့်ခန်းတွေကို တန်းပြီးလုပ်မယ်ဆိုပါက ခန္ဓာကိုယ် ကြွက်သားများ အေးနေခြင်းကြောင့် ပျော့ပြောင်းမှုနည်းပြီး လေ့ကျင့်ခန်းလုပ်ရာမှာ အဆင်မပြေဘဲ ထိခိုက်ဒဏ်ရာရခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ကြွက်သားများ ဒဏ်ဖြစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းများကိုလည်း ထိရောက်မှုနည်းစေပါတယ်။
ခန္ဓာကိုယ်ကို အနားပေးဖို့ မမေ့ပါနဲ့

Photo : Men’s Health
Bodybuilding ကို အခုမှစလုပ်တဲ့ ညီအစ်ကိုတို့ အနေဖြင့် ရလာဒ် မြန်မြန်ရချင်တဲ့ စိတ်ဖြင့် ခန္ဓာကိုယ်အား အနားမပေးဘဲ လေ့ကျင့်ခန်းများ လုပ်ခြင်းကို ရှောင်ပါ။ ဘယ်လိုလေ့ကျင်ခန်းမဆို ဖြည်းဖြည်းမှန်မှန်ဖြင့် တစိုက်မတ်မတ် ရေရှည်ပြုလုပ်သင့်ပါတယ်။ နားရက်မယူဘဲ လေ့ကျင့်ခန်းလုပ်တာဟာ ခန္ဓာကိုယ်အတွက် ကောင်းတဲ့ နည်းလမ်းတော့မဟုတ်ပါဘူး။ အခုမှ စလုပ်တဲ့ ကွီးတို့အနေနဲ့ လေ့ကျင့်ခန်းကို ၃ ရက်ဖြစ်စေ ၄ရက်ဖြစ်စေ ဆက်တိုက်လုပ်ပြီး ခန္ဓာကိုယ်အား ပြန်လည်ပြုပြင်ပြီး အနားရစေရန် နားရက်တစ်ရက်ယူပါ။
အစားအစာခြင်းကိုလည်း သတိပြုပါ

Photo : The Gym
လေ့ကျင့်ခန်းမလုပ်မီနဲ့ လုပ်ပြီးနောက်တွင် စားသည့်အစားအစာဟာ လေ့ကျင့်ခန်း အပေါ်သိသာတဲ့ သက်ရောက်မှု ရှိစေပါတယ်။ အခုမှ Bodybuilding ကစားတဲ့ ကွီးတို့ အနေနဲ့ Protein နဲ့ Carbohydrate စသည်တို့ပါဝင်တဲ့ အစားအစာတွေကို လေ့ကျင့်ခန်းမလုပ်ခင် နဲ့လုပ်ပြီး စားခြင်းဖြင့် Bodybuilding တည်ဆောက်ရာမှာ တကယ်ကို အထောက်အကူ ဖြစ်စေပါတယ်။
အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေက အခုမှစပြီး Bodybuilding စပြီး ကစားမယ့် ညီအစ်ကိုတို့ အတွက် အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။ လေ့ကျင့်ခန်းတွေကို တစိုက်မတ်မတ်နဲ့ နည်းစနစ်ကျစွာ သေချာပြုလုပ်သွားရင် ညီအစ်ကိုတို့လိုချင်တဲ့ Body ကို အမြန်ဆုံး ရရှိနိုင်မှာ ဖြစ်ပါတယ်။
Source : 24/7 Fitness
Featured Photo : Pexels
