Bodybuilders တွေဟာ အရမ်းကို သန်မာပြီး ကြည့်ကောင်းကြတယ်မလား။ အဲလိုတွေဖြစ်ဖို့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကလည်း အံမခန်းပါပဲ။ ဒီနောက်ပိုင်းမှာလည်း Bodybuilding ကို စိတ်ဝင်စားလာတဲ့ ယောကျာ်းလေးတွေများလာကြတယ်။ ဒါပေမယ့် အခုမှ Bodybuilding ကိုစလုပ်မယ့် သူတွေအတွက်ကတော့ အနည်းငယ် အခက်ခဲလေးတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် Bodybuilding အခုမှစလုပ်မယ့် ကွီးတို့ အတွက် အချိန်တိုအတွင်း အဆင်ပြေပြေလုပ်နိုင်အောင် သိထားရမယ့် အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁) အခြေခံလေ့ကျင့်ခန်း ပုံစံကို ကျွမ်းကျင်အောင်လုပ်ပါ

Bodybuilding အခုမှစလုပ်မဲ့

Photo : The PTDC

Bodybuilding လေ့ကျင့်ခန်းတစ်ခုခုကို စမလုပ်ခင်မှာ ကွီးတို့အနေနဲ့ ပထမဆုံးမှန်ကန်တဲ့ အခြေခံ လေ့ကျင့်ခန်း ပုံစံကို ကျွမ်းကျင်အောင်လုပ်ဖို့ အရေးကြီးပါတယ်။ ဒီလိုမှ မဟုတ်ရင် ကိုယ့်ရဲ့မှားယွင်းနေတဲ့ လေ့ကျင့်ခန်း သို့မဟုတ် ကိုယ်နေဟန်ထားဟာ အကျင့်ပါသွားပြီး နောက်ပိုင်းကျဖျောက်ဖို့ ခက်ပါလိမ့်မယ်။ ဒါကြောင့် လေ့ကျင့်ခန်း တစ်ခုခုကို စမလုပ်ခင် မှန်ကန်တဲ့ပုံစံ ဖြစ်အောင် ကျွမ်းကျင်သူများထံမှ အကြံဉာဏ်ယူတာ ဖြစ်စေ၊ မိမိဘာသာသေချာ လေ့လာတာဖြစ်စေ လုပ်သင့်ပါတယ်။

(၂) ခန္ဓာကိုယ်အား အနားပေးပါ

Bodybuilding အခုမှစလုပ်မဲ့
Photo : GNC

Bodybuilding ကို အခုမှ စလုပ်နေတဲ့ ကွီးတို့ အတွက် နေ့စဉ်ရက်ဆက် ဆက်တိုက် နားရက်မယူဘဲ လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ပါ။ လေ့ကျင့်ခန်း လုပ်တာဟာ ကောင်းပေမယ့် အခုမှ စလုပ်တဲ့သူတွေအတွက်တော့ နားရက်မယူဘဲ လေ့ကျင့်ခန်းလုပ်တာဟာ ခန္ဓာကိုယ်အတွက် ကောင်းတဲ့ နည်းလမ်းတော့မဟုတ်ပါဘူး။ အခုမှ စလုပ်တဲ့ ကွီးတို့အနေနဲ့ လေ့ကျင့်ခန်းကို ၃ ရက်ဖြစ်စေ ၄ရက်ဖြစ်စေ ဆက်တိုက်လုပ်ပြီး ခန္ဓာကိုယ်အား ပြန်လည်ပြုပြင်ပြီး အနားရစေရန် နားရက်တစ်ရက်ယူပါ။

(၃) အကြောလျှော့ပါ

Bodybuilding အခုမှစလုပ်မဲ့
Photo : HealthKart

မည်သည့်လေ့ကျင့်ခန်း မဆို မလုပ်ခင်မှာ သင့်လျော်သော အကြောလျှော့ခြင်းကို မဖြစ်မနေ လုပ်ဖို့ အရေးကြီးပါတယ်။ လေ့ကျင့်ခန်း မလုပ်ခင် အကြောလျှော့ထားခြင်းက ကြွက်သားများ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း ဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။

(၄) ပန်းတိုင်ရှိပါစေ

Exercise
Photo : AskMen

အခုမှ Bodybuilding ကိုစလုပ်တဲ့ သူတွေအနေနဲ့ ကြီးမားတဲ့ ရလဒ်ကို ချက်ချင်းရဖို့မျှော်လင့်တာမျိုး မဖြစ်သင့်ပါဘူး။ ဘယ်အရာမဆို ကိုယ်လိုချင်တဲ့ပုံစံ ၊ ရလဒ်ရဖို အချိန်၊ ဝိရိယနဲ့ ကြိုးစားအားထုတ်မှုဟာ လိုစမြဲပါ။ ဒါကြောင့် ကွီးတို့အနေနဲ့ စိတ်အားထက်သန်စွာဖြင့် ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာကို မှန်းဆပြီး လက်တွေ့ကျတဲ့ ပန်းတိုင်သေးသေးလေးတွေရှိပါစေ။ သေးသေးလေးတွေကနေ စပြီး ကြီးမားတဲ့ပန်းတိုင်အထိ တဖြည်းဖြည်းမြှင့်တင်လိုက်ပါ။

(၅) လေ့ကျင့်ခန်းမလုပ်မီနဲ့ လုပ်ပြီးနောက် အစာစားပါ

Food
Photo : A Healthier Michigan

လေ့ကျင့်ခန်းမလုပ်မီနဲ့ လုပ်ပြီးနောက်တွင် စားသည့်အစားအစာဟာ လေ့ကျင့်ခန်း အပေါ်သိသာတဲ့ သက်ရောက်မှု ရှိစေပါတယ်။ အခုမှ Bodybuilding ကစားတဲ့ ကွီးတို့ အနေနဲ့ Protein နဲ့ Carbohydrate စသည်တို့ပါဝင်တဲ့ အစားအစာတွေကို လေ့ကျင့်ခန်းမလုပ်ခင် နဲ့လုပ်ပြီး စားခြင်းဖြင့် Bodybuilding တည်ဆောက်ရာမှာ တကယ်ကိုအထောက်အကူဖြစ်စေပါတယ်။ ဒီအချက်ကလည်း အခုမှ Bodybuilding စလုပ်မယ့် ကွီးတို့သိထားရမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။

(၆) အမှားများမှ သင်ယူပါ

Goal
Photo : T-Nation

လူတိုင်း လူတိုင်းဟာ ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ပါစေ၊ အမှားလုပ်မိတန်ကြပါတယ်။ ဒါက ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ Bodybuilding လုပ်ရာမှာတွင်လည်း ထိုနည်းလည်းကောင်းပါပဲ။ အခုမှ စလုပ်မယ့် ကွီးတို့ အတွက် အမှားတွေလုပ်နိုင်ပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့ ထိုအမှားတွေကနေ သင်ယူပါ။ ကိုယ်နဲ့ အဆင်အပြေဆုံး ဖြစ်ပြီး အမှားအနည်းဆုံး ဖြစ်မယ့် လေ့ကျင့်ခန်းကို ရှာဖွေလုပ်ဆောင်ပါ။

ယခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေကို သိထားခြင်းအားဖြင့် အခုမှ Bodybuilding အခုမှစလုပ်မယ့် ကွီးတို့ အတွက် အထောက်အကူ ပြုပါလိမ့်မယ်။

Source : 24/7 Fitness

Featured Photo : muscleandfitness