သင့် ဝမ်းဗိုက်က အဆီပိုများ ဖယ်ရှားပေးဖို့အတွက် တစ်နေ့တာလုံးမှာ ၁၅ မိနစ်ခန့် အချိန်ပေးရုံပါပဲ။ ဝမ်းဗိုက်ကြွက်သားအမြောင်းလိုက်နဲ့ ကြည့်ကောင်းနေဖို့အတွက်လည်း ၁၅ မိနစ်လောက်ပဲ အချိန်ပေးရုံပါပဲ။ တစ်စိုက်မတ်မတ် အချိန်မှန်လုပ်ပေးတဲ့အခါ ဝမ်းဗိုက်ကြွက်သားများက အကျင့်ဖြစ်သွားပြီး သင့်ခန္ဓာကိုယ်ကို လိုသလို ပုံဖော်လို့ရသွားပါပြီ။

ဝမ်းဗိုက် အဆီပိုများ ဖယ်ရှားဖို့အတွက် စုစုပေါင်း လေ့ကျင့်ခန်း (၅) မျိုး လုပ်ရပါမယ်။ ပထမလေ့ကျင့်ခန်းကို စက္ကန့် ၃၀ ပြုလုပ်ရမှာဖြစ်ပြီး ပြီးတဲ့အခါ စက္ကန့် ၃၀ နားပါ။ နားပြီးတာနဲ့ချက်ချင်းဆိုသလို ဒုတိယလေ့ကျင့်ခန်း ပြုလုပ်ရမှာပါ။

လေ့ကျင့်ခန်း (၁) ကနေ (၅) အထိ ထိုပုံစံအတိုင်း ပြုလုပ်ရမှာဖြစ်ပြီး အစအဆုံး ပြီးသွားတဲ့အခါ နောက်ထပ် နှစ်ကြော့စီ၊ စုစုပေါင်း ၃ ကြော့ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

man doing pike push up

Source: Menshealth.com

ခန္ဓာကိုယ်ကို ဗွီ ဇောက်ထိုးပုံသဏ္ဍာန်ဖြင့် အသင့်အနေအထားပြင်ပါ။ လက်နှစ်ဖက်ကိုတော့ ပုခုံးအကျယ်ထက် ပိုကျယ်အောင် ချဲထားပါ။ ခြေဖျားထောက်ထားပါ။ ထို့နောက် တံတောင်ကို ကွေးလိုက်ပြီး ခန္ဓာကိုယ်ကို အရှေ့သို့ စိုက်ချလိုက်ပါ။ စက္ကန့် ၃၀ ပြည့်အောင် ပြုလုပ်ပါ။ ထို့နောက် စက္ကန့် ၃၀ နားပါ။

လေ့ကျင့်ခန်း (၂)

man doing pistol squat at home

Source: Underbutt.com

ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပါ။ ထို့နောက် ညာခြေကို ကြမ်းပြင်ပေါ်မှ ကြွလိုက်ပြီး အရှေ့သို့ ဆန့်တန်းထားပါ။ ထို့နောက် ဘယ်ခြေကို ကွေးညွှတ်လိုက်ပြီး Squat ထိုင်လိုက်ပါ။ ထို့နောက် မူလအနေအထားအတိုင်း ပြန်နေပါ။ ဘယ်ခြေ၊ ညာခြေတစ်လှည့်စီပြုလုပ်ပါ။

သင့်အနေနဲ့ ကျင့်သားမရသေးပါက ထိုင်ခုံတစ်လုံး အသုံးပြုနိုင်ပါတယ်။ ကျွမ်းကျင်သွားပြီဆိုရင်တော့ ထိုထိုင်ခုံကို ဖယ်ရှားပေးဖို့လိုပါလိမ့်မယ်။

လေ့ကျင့်ခန်း (၃)

man doing mountain climber

Source: Menshealth.com

လက်နှစ်ဖက်ကို ဒိုက်ထိုးမယ့်ပုံသဏ္ဍာန် ပြင်ထားပါ။ ထို့နောက် ဘယ်ခြေကို ရင်ဘတ်ဆီသို့ ဆွဲယူလိုက်ပါ။ ဘယ်ညာ တစ်လှည့်စီ ပြုလုပ်ရပါမယ်။ စက္ကန့် ၃၀ ပြည့်အောင် ပြုလုပ်ပါ။ ထို့နောက် စက္ကန့် ၃၀ နားပါ။

လေ့ကျင့်ခန်း (၄)

wide push up for belly abs

Source: Quora.com

ဒီလေ့ကျင့်ခန်းကတော့ အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ ဒိုက်ထိုးလေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ဒိုက်ထိုးလေ့ကျင့်ခန်းမှာ အကျဉ်း အကျယ်နှစ်မျိုးရှိပြီး အခုပြုလုပ်ရမယ့်လေ့ကျင့်ခန်းကတော့ အကျယ်လေ့ကျင့်ခန်းဖြစ်ပါတယ်။ လက်နှစ်ဖက်ကို ပုခုံးအကျယ်ထက် ပိုကျယ်အောင် ချဲထားပြီး ရင်အုပ်ကို မြေကြီးနှင့် ထိလုနီးပါး (တစ်လက်မအကွာအထိ) ဒိုက်ထိုးပေးလိုက်ပါ။ စက္ကန့် ၃၀ ပြည့်အောင် ပြုလုပ်ပါ။ ထို့နောက် စက္ကန့် ၃၀ နားပါ။

လေ့ကျင့်ခန်း (၅)

man doing workout at gym

Source: Gfycat.com

အရင်ဦးဆုံး ဘားတန်းကို မိမိရဲ့ခါးအမြင်အထိ ချိန်ထားပါ။ လက်နှစ်ဖက်ကို ပုခုံးအကျယ်ထက် ပိုကျယ်အောင် ချဲထားပြီးနောက် ဘားတန်းကို ဆုပ်ကိုင်ထားပါ။ သင့်ခန္ဓာကိုယ်က ပုခုံးကနေ ခြေထောက်အထိ ဖြောင့်တန်းနေရပါမယ်။ ထို့နောက် ခန္ဓာကိုယ်ကို အပေါ်သို့ ပင့်တင်လိုက်ပါ။ ပြီးရင်တော့ မူလအနေအထားအတိုင်း ပြန်နေပါ။

စက္ကန့် ၃၀ ပြည့်အောင် ပြုလုပ်ပြီးနောက် စက္ကန့် ၃၀ အနားယူပါ။ ပြီးရင် လေ့ကျင့်ခန်း (၁)က ပြန်စပြီး နောက်ထပ် ၂ ကြော့ခန့် ထပ်မံပြုလုပ်ပေးရပါမယ်။

Source: Menshealth.com