လေ့ကျင့်ခန်း လုပ်ချိန်မှာ စိတ်ခွန်အားပိုမို တက်ကြွစေဖို့ သီချင်းတွေက အများက အထောက်အကူ ဖြစ်စေပါတယ်။ Boxing လို ခွန်အားသုံးပြီး လှုပ်လှုပ်ရှားရှား တိုက်ခိုက်ရတဲ့ အားကစား နည်းတွေအတွက်ဆို မြူးကြွတဲ့ သီချင်းသံစဉ်တွေက ပိုလို့တောင် လိုအပ်တယ်လို့ ပြောရမှာပါ။ ဒီတစ်ခေါက်မှာတော့ ဂန္ထဝင် လက်ဝှေ့ကျော်ကြီးတွေ ရွေးချယ်ထားတဲ့ Boxing ကစားရင်း နားထောင်သင့်တဲ့ အမိုက်စား သီချင်းကောင်း အချို့ကို တင်ဆက်ပေးပါမယ်။

(၁) Survivor – Eye Of The Tiger

Source : Survivor Band

Eye Of The Tiger သီချင်းကတော့ Chicago Hard Rock အဖွဲ့ Survivor ရဲ့ သီချင်းကောင်း တစ်ပုဒ်ဖြစ်ပါတယ်။ ဒီသီချင်းက Boxing ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ Rocky III ရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးအဖြစ် ရေးစပ်ခဲ့တာပါ။ ဖိလစ်ပိုင်လက်ဝှေ့သမားကျော် ကမ္ဘာ့ချန်ပီယံ Manny Pacquiao လေ့ကျင့်ချိန်မှာ အမြဲနားထောင်ဖြစ်တဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။

(၂) Stormzy – Shut Up

Source : Stormzy

ဒီသီချင်းက အင်္ဂလိပ်ပရော်ဖက်ရှင်နယ် လက်ဝှေ့ကျော် Anthony Joshua က ၂၀၁၅ ခုနှစ်တုန်းက Dillian Whyte နဲ့ လန်ဒန်မှာရှိတဲ့ O2 Arena ကြိုးဝိုင်းထဲမှာ မထိုးသတ်ခင် ပွဲထွက်မိတ်ဆက်ဖျော်ဖြေမှုအနေနဲ့ သုံးခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလိပ် ရက်ပ်ပါ Stormzy ရဲ့ အမိုက်စား ရက်ပ်တွေနဲ့အတူ စိတ်ခွန်အားတွေများစွာ ရစေခဲ့ပုံရပြီး ဒီပွဲမှာ Joshua က Whyte ကို အနိုင်ယူထိုးသတ်နိုင်ခဲ့ပါတယ်။

(၃) 2Pac – Road To Glory

Source : khmerovitch

Road To Glory သီချင်းကတော့ အမေရိကန်ရက်ပ်ပါ 2Pac က သူငယ်ချင်းဖြစ်သူ Mike Tyson အတွက် ရေးသားပေးခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်တုန်းက Mike Tyson နဲ့ အင်္ဂလိပ်ဟဲဗီးဝိတ်တန်း Frank Bruno တို့ထိုးသတ်တဲ့ ပွဲမှာ Road To Glory သီချင်းကို အသုံးပြုခဲ့ပါတယ်။ Bounce ဖြစ်တဲ့ သံစဉ် ၊ အမိုက်စား စာသားတွေနဲ့ Road To Glory သီချင်းလေးကလည်း Boxing တွေအကြိုက်တွေ့စေမယ့် သီချင်းကောင်းတွေထဲက တစ်ပုဒ်ပါပဲ။

(၄) Meek Mill ft. Rick Ross – Ima Boss

Source : MMG

Floyd Mayweather ကြီးရဲ့အကြိုက်ဆုံး သီချင်းတစ်ပုဒ်ပါ။ အမေရိကန်ရက်ပ်ပါ Meek Mill နဲ့ Rick Ross တို့ တွဲဖက်သီဆိုထားပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လတုန်းက MMA စတား Conor McGrego နဲ့ ထိုးသတ်ခဲ့တဲ့ ပွဲမှာ ဒီသီချင်းကို ပွဲထွက်တေးအဖြစ် အသုံးပြုခဲ့ပါတယ်။ မြူးကြွတဲ့ သံစဉ်တွေနဲ့ အမိုက်စား ရက်ပ်စာသားတွေက တကယ်ကိုပဲ စိတ်ခွန်အားတက်ကြွစေမှာ ဖြစ်ပါတယ်။

(၅) AC/DC – Thunderstruck

Source : AC/DC

ရောခ့်ပရိသတ် Boxing သမားတွေသေချာပေါက် အကြိုက်တွေ့မယ့် AC/DC ရဲ့ သီချင်းကောင်းတစ်ပုဒ်ပါပဲ။ ဒီသီချင်းက ကနေဒါ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား Arturo Gatti ရဲ့ ပွဲထွက်သီချင်း တစ်ပုဒ်ဖြစ်ပါတယ်။ စူးရှပြင်းပြတဲ့ ရောခ့်ဂီတသံစဉ်တွေနဲ့အတူ ပြင်းထန်တဲ့လက်သီးချက်တွေပစ်လွှတ်ရင်း လေ့ကျင့်ချိန်မှာ ခွန်အားတွေတက်ကြွနေစေမှာ အသေအချာပါပဲ။

ကွီးတို့ရော Boxing ကစားရင် ဘယ်သီချင်းတွေ နားထောင်ဖြစ်ပါသလဲ???

Featured Photo : eltoroboxinggym.com