အကြောင်းအမျိုးမျိုးကြောင့် အချိန်အကြာကြီး Long Break ယူပြီးတဲ့ လေ့ကျင့်ခန်း ပြန်စလုပ်တော့မယ်ဆိုရင် အသားတကျ ပြန်ဖြစ်ဖို့ အချိန်လိုမှာပါ။ ကွီးတို့ ရှေ့မှာ ဘယ်နှနှစ်ပဲ Workouts တွေ ကစားခဲ့ကစားခဲ့ ကြားထဲမှာ အဆက်ပြတ်သွားပြီဆိုရင် ပြန်စတဲ့အချိန် ၊ အရှိန်မရသေးခင်မှာ ခက်ခဲမှုလေးတွေတော့ ရှိမှာသေချာပါတယ်။ သေချာတာကတော့ ကိုယ့်ရဲ့ Workout Routines ကို တဖြည်းဖြည်းနဲ့ ပြန်တည်ဆောက်ရမှာဖြစ်သလို ကွီးတို့ ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုကိုလည်း နားထောင်ရမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ Long Break ယူပြီးမှ လေ့ကျင့်ခန်းပြန်မယ့် သူတွေအတွက် သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ဖြည်းဖြည်းချင်း စတင်ပါ

Workouts

Photo : The Fashionisto

Long Break ယူပြီး အခုမှ ပြန်စတဲ့အချိန်မှာ Heavy ဖြစ်တဲ့ Workouts တွေနဲ့ စလို့ မရပါဘူး။ သေချာတာက ခန္ဓာကိုယ်အတွက် ဝန်မပိစေမယ့် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေကိုသာ စလုပ်သင့်ပါတယ်။ လမ်းလျှောက်တာ ၊ ပြေးတာ ၊ စက်ဘီးစီးတာ စသည်ဖြင့်ပေါ့။ ပြန်စတဲ့အချိန်မှာ အနည်းဆုံး အချိန် ၂ ပတ်လောက် ယူသင့်ပြီး တဖြည်းဖြည်းချင်း လေ့ကျင့်ခန်းရဲ့ ကြာချိန် ၊ ပြင်းထန်မှုနဲ့ အကြိမ်ရေတွေကို တိုးသွားသင့်တာ ဖြစ်ပါတယ်။

(၂) ကိုယ်ကြိုက်တဲ့ လေ့ကျင့်ခန်းပုံစံတွေကို ရွေးပါ

Workouts
Photo : New Dimensions Active

ကွီးတို့က ‌Running လုပ်ရတာ ပျော်လား ? ရေကူးရတာ ပျော်လား ? စသည်ဖြင့် တွေးကြည့်ပါ။ ကိုယ်ကြိုက်တဲ့ လေ့ကျင့်ခန်းပုံစံတွေ ၊ ကိုယ့်ကို ပျော်စေတဲ့ အားကစားနည်းတွေနဲ့ ပြန်စတာဟာ ကွီးတို့အတွက် အရှိန်ပိုရစေမှာ ဖြစ်သလို Workout လုပ်ဖို့အတွက် Motivation ပိုရစေမှာ ဖြစ်ပါတယ်။

(၃) တသမတ်တည်း လုပ်သွားပါ

Workouts

Photo : T3

Workout Routine တစ်ခု ပြန်ပြီး အသားကျဖို့ဆို ရေရှည် Plan နဲ့ သွားရပါမယ်။ ဖွဲမီးလို စိတ်ပါတဲ့အချိန် ဝုန်းဒိုင်းကြဲလုပ်လိုက် ၊ စိတ်မပါတဲ့နေ့ဆို ဘာ လေ့ကျင့်ခန်း မှ မလုပ်ပဲ နေလိုက် ဆိုတာမျိုး လုပ်လို့မရပါဘူး။ နေ့စဉ်ပုံမှန်လေး Consistency ရှိရှိသွားနေမှသာ ကွီးတို့ရဲ့ ပြန်စတင်တဲ့ အချိန်ကစပြီး အရှိန်တဖြည်းဖြည်း ရလာမှာ ဖြစ်သလို ရည်မှန်းထားတဲ့ Fitness Goals ကို ရောက်နိုင်မှာ ဖြစ်ပါတယ်။

(၄) ခန္ဓာကိုယ်ကို နားထောင်ပါ

Workouts
Photo : The Manual

လေ့ကျင့်ခန်း လုပ်သူတိုင်း လိုက်ရမယ့် Rule တစ်ခုကတော့ Listen To Your Body ပါ။ ခန္ဓာကိုယ်ရဲ့ အချက်ပြမှုတွေကို သေချာလေး အာရုံစိုက်ထားပြီး ကွီးတို့ရဲ့ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်နေလား ၊ နားဖို့လိုနေလား ဆိုတာကို စစ်ဆေးရမှာ ဖြစ်ပါတယ်။ နားသင့်တဲ့အချိန် နားပေးမှလည်း ကွီးတို့ ခန္ဓာကိုယ်က Recovery ကောင်းကောင်း ပြန်ရမှာဖြစ်ပြီး နောက်ထပ် လေ့ကျင့်ခန်းအစီအစဉ်တွေကို ထိထိရောက်ရောက်နဲ့ ဆက်ကစားနိုင်မှာ ဖြစ်ပါတယ်။

Source : Eat This Not That

Featured Photo : Steel Supplements