Brooklyn ကော့လ်တေး ဆိုတာ ၁၉၀၈ ခုနှစ်က စတင်ပေါ်ပေါက်ခဲ့တဲ့ ကော့လ်တေး တစ်မျိုးပါ။ Jack Grohusko လို့အမည်ရတဲ့ Bartender တစ်ဦးက စတင်တီထွင်ခဲ့တာ ဖြစ်ပြီး နယူးယောက်စီးတီးမှာရှိတဲ့ ဘရွတ်ကလင်ရပ်ကွက်ကို အစွဲပြုကာ Brooklyn ကော့လ်တေး လို့ နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။ Dry Vermouth နဲ့ Maraschino Liqueur ကို သုံးထားပြီး သိမ့်မွေ့ပြေပြစ်တဲ့အရသာနဲ့ ပြောရရင် Manhattan ကော့လ်တေးနဲ့ ခပ်ဆင်ဆင် ဖြစ်ပါတယ်။

Photo : A Couple Cooks

Brooklyn ကော့လ်တေးမှာ Rye ဝီစကီ Whiskey ၊ Dry Vermouth ၊ Maraschino Liqueur နဲ့ Amer Picon စတဲ့ အဖျော်ယမကာတွေ အဓိက သုံးထားပါတယ်။ အရသာ အရမ်းမပြင်းပဲ သောက်လို့ကောင်းတဲ့ ချိုအေးမွှေး ကော့လ်တေးတစ်ခွက် ဖြစ်တာကြောင့် ယောကျာ်းလေးတွေရော မိန်းကလေးတွေပါ သောက်လို့အဆင်ပြေပါတယ်။ Brooklyn ကော့လ်တေးဟာ ဒင်နာပါတီနဲ့ ပါတီပွဲအခမ်းအနားတွေမှာ တည်ခင်းလို့အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။

Photo : A Couple Cooks

ကော့လ်တေး ဖျော်စပ်နည်းကလည်း အရမ်းကိုလွယ်ကူပါတယ်။ အရင်ဆုံး ကော့လ်တေး Shaker ထဲမှာ Rye ဝီစကီ Whiskey ၂ အောင်စ ၊ Dry Vermouth ၁ အောင်စ ၊ Maraschino Liqueur စားပွဲတင်ဇွန်း တဝက် နဲ့ Amer Picon စားပွဲတင်ဇွန်း တဝက် တို့ကို ရေခဲအနည်းငယ်ရောထည့်ပြီး အေးခဲလာတဲ့အထိ ခပ်ပြင်းပြင်းရှိတ်ပေးရပါမယ်။ ပြီးတဲ့အခါ ကော့လ်တေးဖန်ခွက်ထဲကို ပြောင်းထည့်ပြီး သံပုယိုသီးခွံလေး အလှဆင်ကာ အရသာရှိတဲ့ Brooklyn ကော့လ်တေး တစ်ခွက်သုံးဆောင်လို့ရပါပြီ။

Featured Photo : Imbibe Magazine