Browser လို့ ပြောလိုက်ရင် အများက အင်တာနက်သုံးတယ်လောက်ပဲ မြင်မိတတ်ကြပါတယ်။ တကယ်က Web Browser ပေါ်မှာ လုပ်တဲ့ အလုပ်တွေက အများကြီး။ ဇာတ်ကားတွေ ကြည့်တယ်၊ Google Docs တွေ ဖွင့်တယ် ၊ Spreadsheets တွေ ဆောက်တယ် စသည်ဖြင့် အလုပ်တွေ အများကြီး ခိုင်းပါတယ်။ အကျိုးဆက်က Browser ဟာ System Resources တွေ အများကြီး သုံးရင်းနဲ့ RAM Space တွေ ကျလာနိုင်ပါတယ်။

RAM ဆိုတာ သင့်ကွန်ရက်ရဲ့ တွေးတဲ့ အစိတ်အပိုင်းပါ။ RAM နည်းလာရင် သင့်ကွန်ပျူတာ တွေးရကျပ်ပြီး ခေါင်းပူလာနိုင်ပါတယ်။ RAM တွေ အစား သက်သာဖို့ လုပ်ပေးမှသာ ကွန်ပျူတာသုံးရ သွက်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ကွန်ပျူတာကနေ RAM နေရာလွတ်ဘယ်လို ရှင်းနိုင်မလဲဆိုတဲ့ အချက်လေးတွေ မျှဝေပေးချင်ပါတယ်။

Task Manager

Photo: Gizmodo

အရင်ဆုံးက Browser သုံးရင် Tabs တွေ အများကြီး လျှောက်ဖွင့်မထားပါနဲ့။ ဒါက Memory Management ကို သွားထိနိင်ပါတယ်။ တကယ်လို့ ကိုယ်ဖွင့်ထားခဲ့တဲ့ Tabs တွေကို ပိတ်ပြီးမှ ပြန်သွားဖွင့်ချင်ရင် Browsing History ထဲ သွားပြီး ပြန်ဖွင့်နိုင်ပါတယ်။ ကြိုက်တဲ့ ဝက်ဘ်ဆိုက်လင့်ခ်တွေဆိုရင်လည်း Web Browser Settings ထဲမှာ Bookmarks လုပ်ထားနိုင်ပါတယ်။

နောက်တစ်ချက်က ကိုယ့် Browser ဆော့ဖ်ဝဲလ်ကို နောက်ဆုံးပေါ်ဗားရှင်းဖြစ်အောင် တင်ထားဖို့ပါ။ Latest Version တွေမှာ ပါတဲ့ Updates တွေက RAM Optimization ပို ကောင်းစေသလို RAM နဲ့ CPU Time ကို ဝန်လျှော့ပေးနိုင်လို့ပါ။ Browser Settings ထဲမှာ Updates ကို Automatically ပေးထားတာက လူသက်သာပါတယ်။ ကိုယ့် Browser က RAM ဘယ်လောက် အသုံးပြုနေလဲ သိချင်ရင် Browser ရဲ့ Task Manager မှာ သွားကြည့်နိုင်ပါတယ်။

Chrome ၊ Firefox နဲ့ Microsoft Edge တို့မှာ Task Manager ကို ကြည့်ချင်ရင် Browser Menu ပေါ်က More Tools အောက်မှာ သွားကြည့်နိင်ပါတယ်။ နောက်တစ်ခုက Browser မှာ Adds-On လုပ်ထားတဲ့ Extensions တွေကိုလည်း မလိုရင် ဖြုတ်ချပစ်ဖို့ အကြံပေးချင်ပါတယ်။ Extensions List ကို ကိုယ်သုံးနေတဲ့ Browsers ရဲ့ Menu ထဲမှာပဲ ရှာကြည့်နိုင်ပါတယ်။ ဒီထက်ပိုပြီး လုပ်နိုင်တာ ရှိပါသေးတယ်။

Auto Tab Discard

Photo : Gizmodo

အဲ့ဒါကတော့ Browser-Specific Settings တွေ သုံးကြည့်ဖို့ပါ။ ဥပမာ- ဂရပ်ဖစ်လုပ်ဆောင်ချက်တချို့ကို ဖြုတ်ချပြီး Hardware အရှိန်တင်တဲ့ လုပ်ဆောင်ချက်မျိုး ဖွင့်တာ ဖြစ်ပါတယ်။ Chrome နဲ့ Edge တို့ရဲ့ Settings စာမျက်နှာထဲက System ၊ Firefox preference ထဲက General တွေထဲ ဝင်ကြည့်ပါ။ Edge မှာဆို Built-In Tab Management Options တွေ ပါပါတယ်။ ဥပမာ- Tabs တွေကို Auto Sleep ထားတာမျိုး ဖြစ်ပါတယ်။

Chrome ၊ FireFox နဲ့ Edge Browsers တွေမှာ Tab တွေ မသုံးတဲ့အချိန်တစ်ခု သတ်မှတ်ထားပြီး အလိုအလျောက် ဖြုတ်ချတဲ့ Auto Tab Discard လုပ်ဆောင်ချက် ပါပါတယ်။ ဒီ Function ကလည်း CPU နဲ့ RAM ထဲက Space နေရာလွတ်တွေ ပြန်ထုတ်ပေးနိုင်ပါတယ်။

Photo : Pexels