Tecno ကနေ Spark 20 လို့ နာမည်ပေးထားတဲ့ Spark စီးရီးထဲက နောက်ထပ် ဈေးသက်သာတဲ့ ဘတ်ဂျက်ဖုန်း အသစ်တစ်လုံး မိတ်ဆက်လာပါတယ်။ Tecno Spark 20 ရဲ့ Spec အပြည့်အစုံကို Tecno ရဲ့ Global ဝဘ်ဆိုက်ကနေ ဖော်ပြခဲ့တာဖြစ်ပြီး ဒါပေမယ့်လည်း အဆိုပါဖုန်းရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချက်အလက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

Tecno Spark 20

Photo : GSMArena.com

Tecno Spark 20 ဖုန်းမှာ ၆.၆ လက်မ IPS LCD မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး HD+ Resolution နဲ့ 90Hz Refresh Rate ထောက်ပံ့ပေးထားပါတယ်။ ရှေ့မှာထွက်ရှိထားခဲ့တဲ့ Tecno ရဲ့ တချို့သော Devices တွေလိုပဲ Spark 20 မှာလည်း 32MP ဆယ်လ်ဖီ ကင်မရာ ပါတဲ့ Punch-Hole Cutout တစ်ခုနဲ့ Displays Notifications တွေကို ဖော်ပြပေးမယ့် Dynamic Port ပါရှိပါတယ်။

Chipset အနေနဲ့ Helio G85 မောင်းနှင်ထားပြီး 8GB RAM / 256GB Storage နဲ့ microSD Card Slot တစ်ခုလည်း ပါရှိပါတယ်။ ကျောဘက်မှာ 50MP Main ကင်မရာကို AI Lens နဲ့ Dual LED Flash Sensors တို့ တွဲဖက်တပ်ဆင်ပေးထားပါတယ်။ ဆော့ဖ်ဝဲပိုင်းမှာ Android 13 အခြေပြု HiOS အသုံးပြုထားပြီး 18W Charging စနစ်ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီ တပ်ဆင်ပေးထားပါတယ်။

Tecno Spark 20

Photo : GSMArena.com

ဒါ့အပြင် Side-Mounted Fingerprint Scanner နဲ့ နားကြပ်ပေါက်တို့လည်း ပါရှိပြီး ရေဒဏ်ဖုန်ဒဏ်ကာ IP53 အဆင့်သတ်မှတ်ချက် ပါရှိပါတယ်။ Tecno Spark 20 ကို Gravity Black ၊ Cyber ​​White ၊ Neon Gold နဲ့ Magic Skin Blue ဆိုပြီး အရောင် ၄ မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး ဈေးနှုန်းနဲ့ ရောင်းချမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မကြာမှီအချိန်အတွင်း သိရမယ်လို့ မျှော်လင့်ရပါတယ်။

Featured Photo : fdaytalk