Tecno ရဲ့ နောက်ဆုံးထွက် Pova အဖွဲ့ဝင်သစ် Tecno Pova Neo 2 ဖုန်း ကို ရုရှားမှာ စတင်ကြေညာ လိုက်ပါပြီ။ Tecno Pova Neo 2 5G ဖုန်းမှာ ၆.၈၂ လက်မ IPS LCD HD+ မျက်နှာပြင် တပ်ဆင်ပေးထားပြီး 90Hz Refresh Rate ပါရှိပါတယ်။

Photo : Mobile Prices

Tecno Pova Neo 2 ဖုန်းရဲ့ ကင်မရာပိုင်းမှာတော့ ကျောဘက်မှာ 16MP Main ကင်မရာနဲ့ 2MP Depth Sensor ကင်မရာ တို့ကို တွဲဖက်တပ်ဆင်ပေးထားပြီး အရှေ့ဘက်မှာတော့ Punch Hole Notch ထဲထည့်သွင်းထားတဲ့ 8MP ဆယ်လ်ဖီကင်မရာ ၁ လုံး ပါဝင်ပါတယ်။

MediaTek ရဲ့ Helio G85 Chipset မောင်းနှင်ထားပြီး 4/6GB RAM နဲ့ 64/128GB Storage ထည့်သွင်းပေးထားပါတယ်။ Pova Neo 2 မှာ 18W Charging ထောက်ပံ့ပေးထားတဲ့ 7,000 mAh အယ်စတုံ ဘက်ထရီကြီးကိုလည်း တပ်ဆင်ပေးထားပါတယ်။  Android 12 အခြေပြု Tecno ရဲ့ HiOS 8.6 မောင်းနှင်ထားပါတယ်။

Photo : Gizmochina

ဖုန်းရဲ့ ဘေးဘက်ခြမ်းမှာတော့ Fingerprint Scanner ၊ နားကြပ်ပေါက်နဲ့ microSD Card Slot တို့ ပါဝင်ပါတယ်။ Tecno Pova Neo 2 ဖုန်း ကို Uranolite Grey ၊ Virtual Blue နဲ့ Orange Magma ဆိုပြီး ရွေးချယ်စရာ အရောင် ၃ မျိုး ပေးထားပြီး 4/64GB မော်ဒယ်ကို ရုရှား ရူဘယ် ၁၁,၉၀၀ ( ဒေါ်လာ ၂၄၀ ၊ မြန်မာငွေ ၄ သိန်း ၃ သောင်းဝန်းကျင်) ၊ 6/128GB မော်ဒယ်ကိုတော့ ရူဘယ် ၁၃,၉၉၀ ( ဒေါ်လာ ၂၄၀ ၊ မြန်မာငွေ ၅ သိန်းဝန်းကျင်) ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံမှာတော့ လာမယ့် အောက်တိုဘာ ၃ ရက်နေ့လောက်က စတင်ရောင်းချမှာ ဖြစ်ပြီး တခြားနိုင်ငံတွေမှာ ရောင်းချမယ့် နေ့နဲ့ အချက်အ လက်အတိအကျကိုတော့ မသိရသေးဘူးပဲ ဖြစ်ပါတယ်။

Featured Photo : Aroged