သက်လုံကောင်းပြီး အမောခံနိုင်ခြင်းသည် ကွီးတို့ခန္ဓာကိုယ်က ကျန်းမာသန်စွမ်းကြောင်း ပြသတဲ့ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ ခန္ဓာကိုယ်မှာ အဆီပိုတွေ စုလာတဲ့အခါ တဖြည်းဖြည်းနဲ့ အမောခံနိုင်မှာမဟုတ်တော့ပါဘူး။

ဒီလိုမျိုးဆိုရင် အမောခံနိုင်ဖို့အတွက် အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်ပေးနိုင်ပါတယ်။

ပြေးခြင်း

Build Your Endurance With These Sports

အမြန်မပြေးနိုင်ရင်တောင်မှ ဖြည်းဖြည်းမှန်မှန်နဲ့ ပြေးလို့ရပါတယ်။ ဒီလိုပြေးခြင်းအားဖြင့် နှလုံးသွေးလှည့်ပတ်မှုကောင်းမွန်လာပြီး ကိုလက်စတောပမာဏများ လျော့ကျလာပါလိမ့်မယ်။ ဒါ့အပြင် သွေးတိုးခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

လမ်းလျှောက်ခြင်း

Build Your Endurance With These Sports

လမ်းလျှောက်ခြင်းသည်လည်း ကိုယ်လက်လှုပ်ရှားမှုတစ်မျိုးပဲဖြစ်ပါတယ်။ လမ်းလျှောက်ပေးတဲ့အခါ ဒူးဆစ်များ၊ အရိုးအဆစ်များ သန်မာလာမှာဖြစ်ပြီး အမောအပန်းခံနိုင်စေပါတယ်။ တစ်ရက်လျှင် နာရီဝက်ခန့် လမ်းလျှောက်ပေးရုံမျှဖြင့် ရရှိမယ့်အကျိုးကျေးဇူးတွေက မနည်းမနောပါပဲ။

စက်ဘီးစီးခြင်း

Build Your Endurance With These Sports

စက်ဘီးစီးခြင်းသည် ခန္ဓာကိုယ်အောက်ပိုင်းကြွက်သားများကို သန်မာစေပါတယ်။ သင့်အနေနဲ့ ကိုယ်အလေးချိန်က တက်လာပြီလို့ သံသယရှိလာတဲ့အခါ စက်ဘီးစီးပေးလိုက်ပါ။ ခန္ဓာကိုယ်က ပုံမှန်အတိုင်း ပြန်လည်ကျစ်လျစ်သွားမှာဖြစ်ပါတယ်။

ရေကူးခြင်း

Build Your Endurance With These Sports

ခန္ဓာကိုယ်ပေါ် သက်ရောက်နေတဲ့ ကမ္ဘာမြေကြီး ဆွဲအားသည် ရေထဲမှာဆို ဆွဲအားနည်းတတ်ပါတယ်။ အကျိုးဆက်အနေနဲ့ ကြွက်သားများကို မိမိစိတ်တိုင်းကျ လိုသလို ပုံသွင်းနိုင်တာဖြစ်ပါတယ်။ အကြောလည်း ပျော့စေပြီး ခန္ဓာကိုယ် သွေးလှည့်ပတ်မှုလည်း ကောင်းမွန်လာမှာဖြစ်ပါတယ်။

လှေလှော်ခြင်း

Build Your Endurance With These Sports

Photo: Durhamboat

လှေလှော်ခြင်းကတော့ လူအများ သိပ်မဆော့ဖြစ်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ လှေလှော်ခြင်းကြောင့် ခန္ဓာကိုယ် အမောအပန်းခံနိုင်ပြီး ခန္ဓာကိုယ် နောက်ကျောကြွက်သားများအတွက်လည်း အထူးကောင်းမွန်ပါတယ်။

စက်ပစ္စည်းများ အသုံးပြုကာ ဆော့ကစားခြင်း

Build Your Endurance With These Sports

စက်ပစ္စည်းအကူအညီ ရယူပြီး လေ့ကျင့်ခန်းပြုလုပ်ခြင်းသည်လည်း ကောင်းတဲ့အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။ သင့်အနေနဲ့ စက်ဘီးမစီးတတ်ဘူးဆိုရင် အိမ်တွင်း စက်ဘီးအသုံးပြုပြီး စီးနင်းပေးလိုက်ရုံပါပဲ။ အပြေး လေ့ကျင့်ခန်း ပြုလုပ်ဖို့ နေရာမရှိဘူးဆိုရင် ပြေးစက်ပေါ် တက်ပြေးလိုက်ရုံပါပဲ။

ကခုန်ခြင်း

Build Your Endurance With These Sports

ကခုန်ခြင်းသည်လည်း ခန္ဓာကိုယ် အမောအပန်းခံနိုင်ပြီး သက်လုံကောင်းစေပါတယ်။ တကူးတက Dance Club သွားပြီး လေ့ကျင့်ခန်းမပြုလုပ်နိုင်တဲ့ ကွီးတို့အနေနဲ့ ကိုယ့်အိမ်မှာပဲ ကိုယ့်အကြိုက်ဆုံးသီချင်းဖွင့်ကာ ကခုန်လိုက်ရုံပါပဲ။ ချွေးထွက်လာတဲ့အခါ ခန္ဓာကိုယ်က နေလို့ကောင်းလာမှာဖြစ်ပြီး အရင်ကထက် သန်စွမ်းကျန်းမာလာမှာဖြစ်ပါတယ်။

Source: Garmin.com

Featured Image: Intermountainhealthcare