ကွီးတို့ရေ ကိုယ်ပိုင်စီးပွားရေးပဲဖြစ်ဖြစ်၊ ကွီးတို့ ကုမ္ပဏီ တစ်ခုမှာပဲလုပ်ကိုင်နေသည်ပဲ  ဖြစ်ဖြစ်၊ လုပ်ငန်းပိုင်ဆိုင်ရာ နဲ့ ပတ်သတ်တဲ့ အရေးကြီး တဲ့ Business Dinner တွေနဲ့မလွဲမသွေ ကြုံတွေရမှာပါ။ Business Dinner ဆိုတဲ့အတိုင်း ကွီးတို့အကျိူးစီးပွားအတွက် ဖြစ်စေ၊ လူမှုဆက်ဆံရေး တိုးတက်ဖို့ဖြစ်စေ၊ ကုမ္ပဏီက ကွီးတို့ အထက်လူကြီးနဲ့ ဖြစ်စေ၊ ကိုယ့်ထက် အောင်မြင်သော သူများနဲ့ တွေ့ဆုံလို၍ဖြစ်စေ၊ အတူတကွ ညစာ စားတဲ့ Formal ဆန်တဲ့ တွေ့ဆုံခြင်းပဲ ဖြစ်ပါတယ်။ ညစာစားပွဲကို ကွီးတို့က စတင်၍ ဖိတ်သည်ဖြစ်စေ၊ တစ်ဖက်လူ သို့မဟုတ် အသင်းအဖွဲ့ ကဖိတ်သည် ဖြစ်စေ ကွီးတို့ သိထားပြီး လိုက်နာကျင့်သုံး သင့်တဲ့  အချက်လေးတွေ ရှိပါတယ်။ ဒါ့ကြောင့် Business Dinner မှာ ကွီးတို့ အနေနဲ့ လိုက်နာသင့်တဲ့ အချက် များ ၊ ထိပ်တန်း အကြံပြုချက်များကို ဖော်ပြပေးချင်ပါတယ်။

(၁) အချိန်မှီ ရောက်ရှိပါစေ

Business Dinner လိုက်နာသင့်တဲ့

Photo : www.cirriculumnacional.cl

ကွီးတို့ရေ Business Dinner တစ်ခု တတ်တော့မယ်ဆိုရင် ကွီးတို့ အနေနဲ့ အရေးကြီးဆုံး နဲ့ ပထမဦးစွာ လိုက်နာသင့်တဲ့ အချက် ကတော့ ညစာစားပွဲသို့ အချိန်မှီရောက်ရှိခြင်းပဲ ဖြစ်ပါတယ်။ ကွီးတို့ အနေနဲ့ အချိန်ကို လေးစားပြီး နောက်မကျခြင်းက ကွီးတို့အတွက် Impression ကောင်းဖြစ်စေပါတယ်။ ညစာစားပွဲနေရာသို့ မိနစ် အနည်းငယ် သို့မဟုတ် အချိန် ၁၅ မိနစ် ခန့်စောရောက်ခြင်း က တကယ်ကို အဆင်ပြေပါလိမ့်မယ်။

(၂) သင့်လျော်သော ဝတ်စားဆင်ယင်မှုဖြစ်ပါစေ

Business Dinner လိုက်နာသင့်တဲ့

Photo : Nations a

Business Dinner ဆိုတဲ့ အတိုင်း ကွီးတို့နဲ့ အတူ ညစာစားမဲ့ လူတွေအပေါ် လေးစားမှုကို ပြတဲ့အနေနဲ့ သင့်လျော်သော အဝတ်အစားကို ဝတ်ဆင်သင့်ပါတယ်။

(၃) ဆာလောင်နေကြောင်း မပြပါနဲ့

Business Dinner လိုက်နာသင့်တဲ့

Photo : Business Insider

Business Dinner မှာ ကွီးတို့နဲ့တွေ့ဆုံနေတဲ့ အရေးပါတဲ့ ပုဂ္ဂိုလ် အချို့ဟာ လုပ်ငန်းပိုင်းဆိုင်ရာတွေ ကို အလေးပေးပြီး ဆွေးနွေးနေနိုင်ပါတယ်။ ထိုသို့ အချိန်မှာ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ဆာလောင်မှုကို မဖော်ပြမိပါစေနဲ့၊ ကွီးတို့က အစားစားဖို့လောနေရင် ဆွေးနွေးနေတဲ့ စကားဝိုင်းကို အနှောင့်အယှက်ဖြစ်စေ နိုင်ပါတယ်။ ဒါကြောင့် ညစာစားပွဲမလာခင် သရေစာအနည်းငယ် စားလာပါ။ Business Dinner ဖြစ်တဲ့အတွက် အစားအစာထက် ဆွေးနွေးပြောဆိုနေတဲ့ စကားဝိုင်းပေါ်ကိုသာ အာရုံစိုက်ပါ။

(၄) ညစာစားပွဲ ဝိုင်းမှ လူများကို နှုတ်ဆက်ပါ

ညစာစား

Photo : Account your business meal

ကွီးတို့ရေ ကွီးတို့ ညစာစားပွဲကို ရောက်တဲ့အခါ တတ်ရောက်သူတိုင်းကို နှုတ်ဆက်ဖို့လည်း အရေးကြီးပါတယ်။ လက်ဆွဲ နှုတ်ဆက်ခြင်းက လျင်မြန်ပြီး လေးစားမှုနဲ့ ခိုင်မာ ဖော်ရွေသော ဆက်ဆံရေးအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ကွီးတို့ နှုတ်ဆက်ပြီးရင်လည်း အရင်ထိုင်ခြင်းမပြုဘဲ အကြီးအကဲ သို့မဟုတ် ဖိတ်ကြားတဲ့ ပုဂ္ဂိုလ် ထိုင်အောင် ခေတ္တ အချိန်ယူပြီးစောင့်ပါ။ ပြီးမှ ကွီးတို့ ထိုင်ခုံမှာ နေရာတကျထိုင်ပါ။ ထို့အတူ စားသောက်တဲ့ အခါမှာလည်း ကိုယ့်ထက်အကြီးအကဲ ဒါမဟုတ် ဖိတ်ကြားတဲ့ ပုဂ္ဂိုလ်  တို့ထက် အရင်အစားအစာကို စားခြင်းမှ ရှောင်ပါ။

(၅) ဖုန်းပိတ်ထားပါ

ညစာစား

Photo : UW Madison Information Technology

ကွီးတို့ အနေနဲ့ ညစာစားပွဲထဲ မရောက်ခင် ကွီးတို့ ဖုန်းကို ပိတ်ထားပါ သို့မဟုတ် အသံပိတ်ထားကြောင်း သေချာပါစေ။ ဒါမှသာ ကွီးတို့ စကားဝိုင်းကို အနှောင့်အယှက် မဖြစ်စေမှာပါ။ ဒီအချက်ကလည်း  Business Dinner မှာ ကွီးတို့အနေနဲ့ လိုက်နာသင့်တဲ့ အချက် များထဲက  အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။

(၆)  စားသောက်နေစဉ် အခြေခံ ကျင့်ဝတ်များကို လိုက်နာပါ

ညစာစား

Photo : Adobe Stock

ကွီးတို့ အနေနဲ့ စားသောက်တဲ့အခါ လက်ကိုင်ပဝါကို ကွီးတို့ပေါင်ပေါ်မှာ ပြီးဆုံးသည်အထိတင်ထားပါ။ အခြားသူများအတွက် သောက်ရေ ရေဖြည့်ပေးတာမျိုးလုပ်ပါ။ အစားအစာကို  လှီးဖြတ်တဲ့နေရာမှာ အကုန် လှီးဖြတ်ထားတာမျိုးမလုပ်ပဲ တစ်ကိုက်စာ အတွက်သာ လှီးဖြတ်ပြီး ဖြည်းဖြည်းချင်းစားပါ။ ပါးစပ်ထဲအစာ ရှိနေစဉ် စကားပြောခြင်းကိုရှောင်ပါ။ အစာဝါးနေစဉ် ပါးစပ်ကို ပိတ်ထားပါ။ Business Dinner ဖြစ်တဲ့အတွက် ဟန်ဘာဂါ လိုမျိုး အနည်းငယ်စားရခက်ပြီး ပေါ့ပေါ့ပါးပါး စားမှ အဆင်ပြေမဲ့ အစားအစာ တို့ကို ရှောင်ပါ။ကွီးတို့ ပန်ကန်ပြားထဲမှာ အစားအစာကို တတ်နိုင်သလောက် မကျန်ပါစေနဲ့။

(၇) ကျေးဇူးတင်ပါ

ညစာစား

Photo : Talk Business

ကွီးတို့အနေနဲ့ ညစာစားပွဲ ပြီးတဲ့အခါ ကွီးတို့ကို ဖိတ်ခေါ်တဲ့ အကြီးအကဲ ဒါမှမဟုတ် ပုဂ္ဂိုလ်ကို ကျေးဇူးတင်ဖို့ လိုပါတယ်။ တစ်နည်းအားဖြင့် ကွီးတို့က ဖိတ်ခေါ်တဲ့ လူဆိုရင်တော့ ညစာစားပွဲကို တတ်ရောက်ပေးတဲ့ လူအားလုံးကို ကျေးဇူးတင်ပါ။

ကွီးတို့ရေ အခု ဖော်ပြပေးလိုက်တာကတော့  Business Dinner မှာ ကွီးတို့အနေနဲ့ လိုက်နာသင့်တဲ့ အချက် များပဲ ဖြစ်ပါတယ်။ ဒီအချက်များကို ကွီးတို အနေသိရှိ လိုက်နာ ကျင့်သုံးခြင်းဖြင့် ကွီးတိုရဲ့ Business နယ်ပယ်မှာ ပိုမိုကောင်းမွန်တဲ့ လှုမှုဆက်ဆံရေးတွေနဲ့ အခွင့်အလန်းကောင်းတွေ ရရှိဖို အထောက်အကူ ပြုမှာအသေအချာပဲ ဖြစ်ပါတယ်။

Source : Small Business Trends

Featured Photo : Dining