အောင်မြင်ဖို့ အတွက် တိကျတဲ့ တစ်ခုတည်းသော ဖော်မြူလာရယ်လို့ မရှိပါဘူး။ အောင်မြင်သူတိုင်းဟာ သူ့နည်းသူ့ဟန်နဲ့ အောင်မြင်ရေး လမ်းကြောင်းကို ဖောက်ကြပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် အောင်မြင်ကြပုံချင်း မတူညီနိုင်ပေမယ့် တူညီတဲ့ အလေ့အထတချို့တော့ ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်မှာ ပြောပြပေးချင်တာကတော့ အောင်မြင်တဲ့ လုပ်ငန်းရှင် Business Man တွေမှာ တွေ့ရတက်တဲ့ အလေ့အထ တွေပဲ ဖြစ်ပါတယ်။

(၁) အလုပ်အပေါ် အာရုံစိုက်မှု အပြည့်ရှိတယ်


Photo : Thrive Global

အလုပ်တစ်ခု အောင်မြင်ချင်ရင် မိမိလုပ်နေတဲ့ အလုပ်အပေါ် အာရုံအပြည့်အဝ စိုက်ထားဖို့ လိုပါတယ်။ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ အာရုံတွေများနေရင် လက်ရှိလုပ်နေတဲ့ အလုပ်မှာပင် သေချာအားစိုက်မထုတ်နိုင်တော့ပဲ ဝေဝါးလာပါလိမ့်မယ်။ အောင်မြင်တဲ့ လုပ်ငန်းရှင် Business Man တွေဟာ သူတို့ ဘာလုပ်လုပ် ၊ လုပ်တဲ့အလုပ်အပေါ်ကို အပြည့်အဝ အာရုံစိုက်ပြီး လုပ်ဆောင်လေ့ရှိကြပါတယ်။

(၂) ရည်မှန်းချက်ပန်းတိုင်တွေ သတ်မှတ်ထားတယ်

Photo : Lawrence Group

စည်းစနစ်တကျ အောင်မြင်လာသူတိုင်းမှာ တိကျသေချာတဲ့ ရည်မှန်းချက် ပန်းတိုင်းတွေ ရှိကြပါတယ်။ လူတစ်ယောက် အောင်မြင်မလား ၊ ကျရှုံးမလားဆိုတာကို ဟောကိန်းထုတ်ဖို့ မလွယ်ပေမယ့် သူ့ရဲ့ ခံယူချက်နဲ့ ရပ်တည်မှုကိုကြည့်ပြီး ခန့်မှန်းကြည့်လို့တော့ ရပါတယ်။ ခိုင်မာတိကျတဲ့ ရည်မှန်းချက်ပန်းတိုင်တွေထားရှိပြီး ချမှတ်ထားတဲ့ ရည်ရွယ်ချက်အတိုင်း တသွေမတိမ်းလုပ်ဆောင်သူတွေသာ တိုးတက်အောင်မြင်မှုဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်နိုင်ကြတာပါ။

(၃) နည်းလမ်းရှာကြတယ်

Photo : Entrepreneur

အောင်မြင်မှုဆိုတာ လွယ်လွယ်မရနိုင်မှန်း လူတိုင်းနားလည် ထားပါတယ်။ အောင်မြင်မှုဆီ လျောက်လှမ်းရာ လမ်းတစ်လျှောက်ဟာလည်း အခက်အခဲ အတားအဆီးတွေနဲ့ အဟန့်အတားတွေ များပါတယ်။ ဒါပေမယ့် အောင်မြင်တဲ့ လုပ်ငန်းရှင်တွေကတော့ ဘယ်လိုအခက်အခဲပဲရှိရှိ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေကြပါတယ်။ ဒီအချက်ကပဲ အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်းဆိုတဲ့ ရလဒ်ကို အကြီးကြီး ကွားခြားသွားစေတာပါ။ လက်လျော့ အရှုံးပေးလိုက်ဖို့ဆိုတာက အလွယ်လေးပါ။ လွယ်တဲ့လမ်းနောက် မလိုက်မှလည်း အောင်မြင်မှုရဲ့ ရသစစ်စစ်ကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

(၄) မျှဝေတတ်ကြတယ်

Photo : Da`wah Skills

အောင်မြင်တဲ့ လူတော်တော်များများကို ကြည့်ရင် သူတို့ရဲ့ အတွေးအခေါ်တွေ ၊ အောင်မြင်မှုတွေအကြောင်း အခြားသူများကို ဝေမျှပေးလေ့ရှိတာကို တွေ့ရပါတယ်။ အောင်မြင်မှုဟာ  ကိုယ်တစ်ယောက်တည်းအတွက်ပဲဆိုတာမျိုး မဟုတ်ပဲ တစ်ခုခုအပေါ် သို့မဟုတ် တစ်စုံတစ်ယောက်အပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ရှိသင့်တယ်လို့ ယူဆထားလေ့ရှိ ကြပါတယ်။ ဒါကြောင့်လည်း အောင်မြင်တဲ့ Business Man တွေက သူတို့ကျော်ဖြတ်ခဲ့တဲ့ အခက်အခဲ အတားအဆီးတွေ ၊ တွေးခေါ်ပုံတွေ ၊ စဉ်းစားဆုံးဖြတ်မှုတွေ ၊ ကြိုးစားအားထုတ်မှုတွေ စတဲ့ အတွေ့ အကြုံကောင်းတွေကို တခြားသူတွေထံ အမြဲမျှဝေလေ့ရှိတာ ဖြစ်ပါတယ်။

Featured Photo : airisX