စီးပွားရေးနယ်ပယ်မှာ သို့မဟုတ် လုပ်ငန်းခွင်အတွင်း အရေးကြီးသော ပုဂ္ဂိုလ်များနဲ့ တွေ့ဆုံသည်ဖြစ်စေ၊ ထိပ်တန်းဖောက်သည် များနဲ့တွေ့ဆုံသည်ဖြစ်စေ ကွီးတို့ ဝတ်ဆင်တဲ့ အနောက်တိုင်းဝတ်စုံရဲ့ အရောင်ကအရေးကြီးပါတယ်။ ကိုယ်ဝတ်ဆင်ထားတဲ့ ဝတ်ဆင်တဲ့အရောင်က ကိုယ့်ရဲ့ Impression အတွက်သာမက၊ စကားပြောစရာမလိုတဲ့ မက်ဆေ့ချ်ကို ပေးနိုင်ပါတယ်။ အပြိုင်အဆိုင်များတဲ့ ယနေ့ခေတ်လို အချိန်မှာ စီးပွားရေးသမားတွေအနေနဲ့ အဝတ်အစားနဲ့ ပြောဆိုဆက်ဆံပုံတွေကို သတိထားဖို့ လိုပါတယ်။

အမျိုးသားအများစုက ၎င်းတို့ဝတ်ဆင်တဲ့ အဝတ်အစားအရောင်ကို သာမာန်သာ သဘောထားကြပါတယ်။ အမှန်တကယ်တော့ ကိုယ်ဝတ်ဆင်ထားတဲ့အရောင်ဟာ အခြားသူများရဲ့ ကိုယ့်အပေါ်ထင်မြင်ပုံ အပေါ်မှာ သိသိသာသာသက်ရောက်မှု ရှိပါတယ်။ အထူးသဖြင့် စီးပွာရေးနယ်ပယ်မှာ ပိုအရေးကြီးပါတယ်။ ဒါ့ကြောင့်  Business Suit ရွေးချယ်ဝတ်ဆင်တဲ့နေရာမှာ အရောင် ရွေးချယ်မှုကအရေးကြီးပြီး အရောင်တွေဟာ ဘယ်လိုအဓိပ္ပါယ်တွေရှိလဲဆိုတာ ကြည့်ရအောင်။

(၁) နက်ပြာရောင်

Business Suit အရောင်

Photo : Pinterest

Business Suit ရွေးချယ်တဲ့နေရာမှာ ပထမဆုံးဖော်ပြချင်တဲ့ အရောင် ကတော့ နက်ပြာရောင် ပဲဖြစ်ပါတယ်။  နက်ပြာရောင်က စွမ်းအားရှိတဲ့အရောင်ဖြစ်ပါတယ်။ အခွင့်အာဏာရှိခြင်း ကိုလည်းဆိုလိုပါတယ်။ စီးပွားရေး လုပ်ငန်းများတွင်  အနောက်တိုင်းဝတ်စုံအနေနဲ့ နက်ပြာရောင် ဝတ်ဆင်ထားခြင်းဖြင့် တာဝန်ယူတတ်သူဟု ထင်မြင်စေပါတယ်။ အများသူငှာ နဲ့ပြောဆိုဆက်ဆံရာတွင်လည်းကောင်း၊ အရေးကြီးသော တင်ပြမှုများနှင့် လုပ်ငန်းနယ်ပယ်တွင်ကျွမ်းကျင်သော လူတစ်ယောက်ဟု ထင်မြင်စေရန် ဆိုလျှင် နက်ပြာရောင်ကို ရွေးချယ်လိုက်ပါ။

(၂) အပြာရောင်

Business Suit အရောင်

Photo : Pinterest

အပြာရောင် ကွီးတို့ရဲ့ သစ္စာရှိမှုနဲ့ ကွီးတို့အပါ်ယုံကြည်မှု တိုးစေသောအရောင် ဖြစ်ပါတယ်။ ဘယ်လိုခြေအနေမျိုးမှာမဆို ဝတ်ဆင်လို့ရတဲ့အရောင်လည်း ဖြစ်ပါတယ်။ အပြာရောင်ဟာ ကွီးတို့ရဲ့ အလုပ်အပေါ်မှာထားတဲ့ ကောင်းမွန်သော အလုပ်ကျင့်ဝတ်ကိုလည်း ဖော်ညွှန်းပြီးသားဖြစ်ပါတယ်။ ကွီးတို့ရဲ့သူဌေး ဒါမှမဟုတ် အရေးကြီးသော အထက်လူကြီးများနဲ့တွေ့ဆုံသည့်အခါ အပြာရောင် Business Suit ကိုဝတ်ဆင်ပါ။

(၃) အနက်ရောင်

Business Suit အရောင်

Photo : Pinterest

စီးပွားရေးနယ်ပယ်မှာ ကျင်လည်နေတဲ့အမျိုးသားများ၊ နယ်ပယ်ပေါင်းစုံက လုပ်ငန်းခွင်ဝင်နေသူများ အများဆုံး ဝတ်ဆင်လေ့ရှိတဲ့အရောင်ဟာ အနက်ရောင်ပါပဲ။ အနက်ရောင်ဟာလည်း ကွီးတို့ကို လေးနက်တဲ့ပုံစံပေါက်စေပြီး ခမ်းနားတည်ငြိမ်ပြတ်သားတဲ့ အသွင်ကိုလည်းဆောင်ပါတယ်။ ဘယ်နယ်ပယ်မှာမဆို ကွီးတို့ရဲ့ ပြိုင်ဖက်အပေါ်လွှမ်းမိုးဖို့ ဒါမှမဟုတ် ကွီးတို့ရဲ့ ပြိုင်ဆိုင်မှုကိုသာလွန်စေချင်တဲ့အခါ အနက်ရောင်ကိုသာ စဉ်းစားလိုက်ပါ။

(၄) မီးခိုးရောင်

Colour

Photo : Benchmark Institute

မီးခိုးရောင်ဟာ နူးညံသိမ်မွေ့မှုကို ဖော်ဆောင်ပြီး အပြာရောင်ကဲ့သို့ ယုံကြည်မှုကိုဖော်ညွှန်းတဲ့အရောင်ပဲ ဖြစ်ပါတယ်။ ဘယ်လို အသားအရောင်မျိုးနဲ့မဆို လိုက်ဖက်ပြီး ခန့်ညားတဲ့အသွင်ကို ပေးစွမ်းနိုင်ပါတယ်။ မီးခိုးရောင်၊ အနက်ရောင်နဲ့ အဖြူတို့ဟာ ကွီးတို့ စိတ်ကြိုက် တွဲဖက်ဝတ်ဆင်နိုင်တဲ့ အရောင်ကောင်းတွေပဲ ဖြစ်ပါတယ်။

(၅) မီးသွေးရောင်

Colour

Photo : He Spoke Style

မီးသွေးရောင်ဟာ အနက်ရောင်နဲ့ မဆိုသလောက်လေးတော့ ကွဲပြားပါတယ်။ မီးသွေးရောင်ဟာ ကွီးတို့ကို အသိုင်းအဝိုင်းတစ်ခုရဲ့ မဏ္ဍိုင် အဖြစ်လည်းကောင်း၊ ယုံကြည်စိတ်ချရသူအဖြစ်လည်းကောင်း ဖော်ညွှန်းပေးပါလိမ့်မယ်။ မီးခိုရောင်ဟာ ငွေကြေးနဲ့ပတ်သတ်ပြီး အလုပ်လုပ်ကိုင်သူများ၊ ဘဏ်လုပ်ငန်းရှင်များ၊ ငွေကြေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအတွက် Business Suit ရွေးချယ်တဲ့နေရာမှာ ရွေးချယ်သင့်တဲ့ အရောင် ဖြစ်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ Business Suit ဝတ်ဆင်ရာမှာ   နေရာအလိုက်၊ ဒေသအလိုက်၊ အခြေအနေအလိုက် အရောင် ကို သေချာရွေးချယ် ဝတ်ဆင်တတ်စေဖို့ နဲ့ အရောင်ရဲ့ အရေးကြီးပုံ ဖော်ပြပေးလိုက်ပါတယ်။

Source : The Business Journal

Featured Photo : Business