တင်ပါးကြွက်သားများ တောင့်တင်းချင်တဲ့ယောကျာ်းများအတွက် နေ့စဉ်ပြုလုပ်သင့်တဲ့လေ့ကျင့်ခန်းများရှိပါတယ်။ ထိုလေ့ကျင့်ခန်းများကို နေ့စဉ်မှန်မှန်ပြုလုပ်ပေးပါက သင် လိုချင်တဲ့ တင်ပါးကြွက်သားများသည် တောင့်တင်းသန်မာလာပါလိမ့်မယ်။

လေ့ကျင့်ခန်း (၁)

different types of Squat for men

Source: Menshealth.com

ဒီလေ့ကျင့်ခန်းကိုတော့ Back Squat လို့နာမည်ပေးထားပါ။ ဒီလေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ ထို့နောက် ပေါင်နှင့် ခြေသလုံးအားကို အသုံးပြုကာ တင်ပါးကို အနောက်သို့ပို့ပြီး ထိုင်လိုက် ထလိုက် ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၂)

different types of Squat for men

Source: Menshealth.com

ဒီလေ့ကျင့်ခန်း ပြုလုပ်တဲ့အခါမှာတော့ အလေးတုံးရဲ့အကူအညီကို ရယူရပါမယ်။ ဒီလေ့ကျင့်ခန်းကိုတော့ Goblet Squat လို့ နာမည်ပေးထားပါတယ်။ စောစောက လေ့ကျင့်ခန်းထက် ခြေထောက်ကို အနည်းငယ် ပိုချဲထားဖို့လိုပါလိမ့်မယ်။

လေ့ကျင့်ခန်း (၃)

different types of Squat for men

Source: Greatist

ဒီလေ့ကျင့်ခန်းကိုတော့ Bottoms-Up Squat လို့ နာမည်ပေးထားပါတယ်။ သူ့ကို ပြုလုပ်တဲ့အခါ ခြေဖနောင့်ကို ကြမ်းပြင်နဲ့ ထိကပ်နေရပါမယ်။ ခြေဖနောင့် လွတ်သွားလို့မရပါဘူး။

လေ့ကျင့်ခန်း (၄)

different types of Squat for men

Source: Giphy.com

ဒီလေ့ကျင့်ခန်းကိုတော့ Split Squat လို့ နာမည်ပေးထားပါတယ်။ Split ဆိုတဲ့အတိုင်း ခြေထောက်နှစ်ဖက်ကို ပုံပါအတိုင်း ချဲကာ ထိုင်လိုက် ထလိုက် ပြုလုပ်ရပါမယ်။ ဒူးနှစ်ဖက် ကွေးတဲ့အချိန်မှာ ၉၀ ဒီဂရီထောင့်မှန်အနေအထားရှိရပါမယ်။

လေ့ကျင့်ခန်း (၅)

different types of Squat for men

Source: Gfycat.com

ဒီလေ့ကျင့်ခန်းကိုတော့ Sumo Squit လို့ အမည်ပေးထားပါတယ်။ အလေးတုံးတစ်တုံးအသုံးပြုရပါမယ်။ ခြေထောက်နှစ်ဖက်ကို ခပ်ကျဲကျဲ ချဲထားပါ။ ထို့နောက် ထိုင်လိုက် ထလိုက် ပြုလုပ်ရပါမယ်။

အထက်ဖော်ပြပါ လေ့ကျင့်ခန်းများကို ၁၅ ကြိမ် ၃ ခါ (သို့) ၁၂ ကြိမ် ၄ ခါ ပြုလုပ်ပေးရပါမယ်။ တစ်လတိတိကြာတဲ့အခါမှာတော့ သင်လိုချင်တဲ့ ရလာဒ်ကို မြင်တွေ့ရပါလိမ့်မယ်။

Source: Uk.askmen.com

Featured Image Source: Uk.askmen.com