Call Of Duty ဂိမ်းတွေဟာ PC Gamer တွေ နှစ်ခြိုက်စွဲလန်းစွာ ဆော့ဖြစ်ကြတဲ့ ဂိမ်း တွေထဲက တစ်ခုဖြစ်ပါတယ်။ Call Of Duty ဂိမ်းတွေက အပျင်းပြေဆော့ရတဲ့ ဂိမ်းတစ်ခုဆိုတာထက်ကို ပိုပြီး တစ်ခါတစ်ရံမှာ စဉ်းစားတွေးခေါ်မှု ဖြတ်ထိုးဥာဏ်တွေ ကွန့်မြူးစေတဲ့ ဦးနှောက်အတွက် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုလို့ပင် ပြောလို့ရပါတယ်။ Call Of Duty ဂိမ်းတွေဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာလည်း ရောင်းအားအကောင်းဆုံး ဂိမ်းစာရင်းမှာပါဝင်ခဲ့ပြီး လူကြိုက်အများဆုံးဂိမ်းတစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အပစ်အခတ် အတိုက်အခိုက်တွေ လုပ်ဆောင်ရတဲ့ First Person Shooter (FPS) ဂိမ်းတွေ ကြိုက်နှစ်သက်သူတွေအတွက် အကောင်းဆုံး Call Of Duty ဂိမ်း ၅ ခုကို ပြောပြပေးချင်ပါတယ်။

(၁) Call of Duty 4 : Modern Warfare

Photo : Nutalion

ဒီဂိမ်းက ၂၀၀၇ ခုနှစ်က ထွက်ခဲ့တဲ့ First Person Shooter ဂိမ်း ဖြစ်ပြီး Call Of Duty စီးရီးရဲ့ စတုတ္ထမြောက် ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဂိမ်းရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ယခင်ထွက်ရှိခဲ့တဲ့ Call Of Duty ဂိမ်းတွေလို  ဒုတိယကမ္ဘာစစ်အတွင်းက Setting အပြင်အဆင်တွေမဟုတ်တော့ပဲ ဒီဘက်ခေတ် အခြေအနေတွေ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ Windows ၊ Xbox 360 ၊ Playstation 3 နဲ့ Wii ပလက် ဖောင်းတွေမှာ ကစားနိုင်မှာဖြစ်ပြီး Single Player ၊ Multiplayer နဲ့ Playstation Network အစရှိတဲ့ Modes တွေနဲ့ ကစားလို့ ရမှာဖြစ်ပါတယ်။

(၂) COD – Modern Warfare

Photo : Call of Duty

ဒီဂိမ်းကလည်း First Person Shooter ဂိမ်း တစ်ခုဖြစ်ပြီး Realism Mode ကဲ့သို့ ခေတ်သစ်စစ်မြေပြင် Features အသစ်တွေ ထည့်သွင်းပေးထားပါတယ်။ ဒီဂိမ်းမှာ Free-To-Play Battle Royal Mode လည်းပါဝင်လာပြီး Single Player ၊ Multi P:layer Modes တွေနဲ့ အတူ Xbox One ၊ Pc အစရှိတဲ့ ဂိမ်း ပလက်ဖောင်းတွေမှာ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

(၃) Black Ops: Call of Duty

Photo : Call of Duty

Black Ops ဂိမ်းဟာ Call Of Duty စီးရီးရဲ့ စိတ်ဝင်စားဖို့ အကောင်းဆုံး ဂိမ်း တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဂိမ်းရဲ့ Storyline ဟာ နည်းနည်းရူးကြောင်ကြောင်နိုင်ပြီး ရယ်စရာ ကောင်းလို့ပါ။ ဒါပေမယ့် ဒီအချက်နဲ့ပဲ ကစားတဲ့ Players တွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင်နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ Features တွေလည်း များစွာထည့်သွင်းထားပါသေးတယ်။ Xbox one ၊ Windows ၊ Nintendo DS ၊ Playstation 3 Wii ၊ Xbox 360 နဲ့ Microsoft Windows ပလက်ဖောင်းတွေမှာ ကစားနိုင်ပြီး Single Player ၊ Multiplayer Modes တွေနဲ့ ကစားလို့ ရမှာဖြစ်ပါတယ်။

(၄) Warzone

Photo : Call of Duty

ဒီဂိမ်းက ၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ Modern Warfare ဂိမ်း တစ်ခု ဖြစ်ပါတယ်။ Warzone မှာ တခြားသော စိတ်ဝင်စားစရာ Modes တွေအများကြီး ထည့်သွင်းပေးလာပါတယ်။ Xbox Series X / Series S ၊ PlayStation 4 ၊ PlayStation 5 နဲ့ Microsoft Windows စတဲ့ ပလက်ဖောင်းတွေမှာ‌ ကစားနိုင်ပြီး Multiplayer Mode နဲ့ ကစားလို့ရမှာ ဖြစ်ပါတယ်။

(၅) Call of Duty 2

Photo : IGN

Call of Duty 2 ကတော့ ပထမ Call Of Duty ဂိမ်း နဲ့ တော်တော်ကြီးကို ကွဲထွက်နေပြီး အမိုက်စား ဂရပ်ဖစ်တွေ ၊ အသံပိုင်းဆိုင်ရာ အရည်အသွေးတွေနဲ့ Features အသစ်တွေများစွာ ပါဝင်လာပါတယ်။ ဒီဂိမ်းက ဒုတိယကမ္ဘာစစ် အတောအတွင်းကာလတွေကို အခြေခံ ရေးဆွဲထားတာ ဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ မစ်ရှင် ၂၇ ခု ပါဝင်လာပါတယ်။ Microsoft Windows ၊ Mobile ၊ Xbox 360 နဲ့ Osx ပလက်ဖောင်းတွေမှာ ကစားနိုင်ပြီး Single Player ၊ Multiplayer Modes တွေနဲ့ ကစားလို့ ရမှာဖြစ်ပါတယ်။

Featured Photo : Siachen Studios