ကုလားထိုင်ပေါ် ထိုင်ရင်း ကယ်လိုရီ ပြင်းပြင်းထန်ထန် လောင်ကျွမ်းအောင် လုပ်နိုင်တယ်ဆိုတာ သင်သိပါသလား။ ဟုတ်ပါတယ် အမှန်ပဲပါပဲ။ Chair Cardio လို့ခေါ်တဲ့ ကုလားထိုင်ပေါ်မှာ ပြုလုပ်လို့ရတဲ့ လေ့ကျင့်ခန်း တွေဟာ ကယ်လိုရီများစွာ လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကျစေဖို့ ထိရောက်တဲ့ အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါတယ်။ Chair Cardio လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့အတွက် ကျောမှီပါတဲ့ ကုလား ထိုင်တစ်လုံးသာ လိုအပ်ပြီး ကွီးတို့နေရာမရွေး လွယ်လွယ်ကူကူ ကစားလို့ ရပါတယ်။
(၁) Seated Jacks

Photo : Stylecraze
အကောင်းဆုံး သွေးပူလေ့ကျင့်ခန်းတစ်ခုဖြစ်တဲ့ Jumping Jacks လေ့ကျင့်ခန်းကို ကွီးတို့အားလုံး သိပြီးသားဖြစ်မှာပါ။ Seated Jacks လေ့ကျင့်ခန်းကတော့ Jumping Jacks နဲ့ဆင်တူပြီး ကယ်လိုရီများစွာ လောင်ကျွမ်းစေမှာ ဖြစ်ပါတယ်။ ထိုင်ခုံမှာထိုင်ရင်း Jumping Jacks လေ့ကျင့်ခန်းနည်းတူ လက်နှစ်ဖက်ကို ဦးခေါင်းထက်သို့ မြှောက်ပြီး ကစားရမှာဖြစ်ပါတယ်။
(၂) Skater Switch

Photo : Stylecraze
Skater Switch လေ့ကျင့်ခန်းကတော့ ဝမ်းဗိုက် ၊ ပေါင်းတွင်းပိုင်း ၊ လက်မောင်းနဲ့ ပခုံးနေရာတဝိုက်က အဆီပိုတွေကို အထိရောက်ဆုံး လောင်ကျွမ်းစေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့ပုံစံကတော့ အရင်းဆုံး ကုလားထိုင် အစွန်းမှာထိုင်ပြီး ဘယ်ဘက်ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်ကာ ညာဘက်ခြေထောက်တစ်ဖက်ကို ကွေးထားပြီး ခန္ဓာကိုယ်ကို အနည်းငယ်ကုန်းညွှတ်ကာ ဆန့်ကျင်ဘက် ဘယ်ဘက်လက်နဲ့ ညာခြေထောက်ကို ထိပေးရမှာဖြစ်ပါတယ်။ ညာဘက်လက်ကိုတော့ အပေါ်သို့အလိုက်သင့်မြှောက်ပေးရမှာပါ။ ဒီနည်းအတိုင်း ဘယ်ညာပြောင်းပြီး ကစားပေးရမှာ ဖြစ်ပါတယ်။
(၃) Leg Lift And Twist

Photo : Stylecraze
ဒီလေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ်တစ်ခုလုံးအတွက် အတော်လေးအကျိုးရှိပါတယ်။ ခြေထောက်ကို ကြွပြီး လှည့်ပေးခြင်းဖြင့် ပေါင်တွင်းပိုင်း ၊ ဝမ်းဗိုက်နဲ့ Quadriceps ကြွက်သားတဝိုက်က အဆီတွေကို လောင်ကျွမ်းစေပြီး ကြွက်သားကျစ်လစ်သန်မာစေမှာ ဖြစ်ပါတယ်။ အရင်ဆုံး ကုလားထိုင်ပေါ်မှာ ထိုင်ပြီး လက်နှစ်ဖက်ကို ရင်ဘက်မှာကပ်ထားကာ ဘယ်ဘက်ခြေထောက်တစ်ဖက်ကို ခန္ဓာကိုယ်ရဲ့ အရှေ့ဘက်သို့ ဆန့်တန်းထားရပါမယ်။ ပြီးတဲ့နောက် ခန္ဓာကိုယ်ကို ဘယ်ဘက်ခြမ်းသို့ လှည့်လိုက်ပါ။ ပြီးရင် မူလပုံစံသို့ပြန်သွားပြီး ညာဘက်ခြေထောက်ကိုလည်း ဒီနည်းအတိုင်း ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
(၄) Chair Running
Photo : Stylecraze
Chair Running ကတော့ အလွယ်ကူဆုံးနဲ့ ပျော်စရာလည်းကောင်းတဲ့ Chair Cardio လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ ထိုင်ခုံပေါ်မှာပဲ ထိုင်ပြီး အပြေးလေ့ကျင့်ခန်း ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ လက်မောင်း ၊ ဝမ်းဗိုက်နဲ့ ခြေထောက်က အဆီပိုတွေကိုလောင်ကျွမ်းစေမယ့် အကောင်းဆုံးသော Cardio လေ့ကျင့်ခန်းဖြစ်ပါတယ်။ ထိုင်ခုံပေါ်မှာ သက်တောင့်သက်သာထိုင်ရင်း ခန္ဓာကိုယ် ဟန်ချက်ကိုထိန်းကာ ခြေထောက်နဲ့လက်တွေကို ပြေးနေတဲ့ ပုံစံ အလိုက်သင့် လှုပ်ရှားပေးရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်း လုပ်မယ်ဆိုရင် ခါးကိုဖြောင့်ဖြောင့်မတ်မတ် ထားပြီး ပြုလုပ်ဖို့ သတိပေးချင်ပါတယ်။
Featured Photo : Men’s Journal

