ဝီစကီ Whiskey နဲ့ဖျော်စပ်တဲ့ ကော့လ်တေးတွေထဲမှာ ချဉ်တင်တင် စူးရှရှအရသာနဲ့ လန်းဆန်းစေတဲ့ Whiskey Smash က လူကြိုက်များတဲ့ ကော့လ်တေး တစ်မျိုး ဖြစ်ပါတယ်။ Whiskey Smash ကော့လ်တေးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀ ကျော်ကတည်းက စပေါ်ခဲ့တာပါ။ ပူစီနံ အနံ့လေး ခပ်သင်းသင်းမွှေးပြီး အရမ်းမပြင်းပဲ အဝင်ကောင်းတဲ့ယမကာတစ်မျိုး ဖြစ်တာကြောင့် ၁၈၈၀ ပြည့်လွန်နှစ်တွေမှာ အရမ်းကို လူကြိုက်များခဲ့ပါတယ်။

Photo : A Couple Cooks

Whiskey Smash ကော့လ်တေးဟာ ပြင်ဆင်ဖျော်စပ်ရလည်း အရမ်းလွယ်ပါတယ်။ ကွီးတို့အိမ်မှာပဲ အရသာရှိပြီး သောက်လို့ကောင်းတဲ့ Whiskey Smash ကော့လ်တေးတစ်ခွက် ကိုယ်တိုင်ဖျော်စပ်နိုင်ဖို့ ပြုလုပ်နည်းအဆင့်ဆင့်ကို မျှဝေပေးလိုက်ပါတယ်။

Whiskey Smash ကော့လ်တေးကို ဘော်ဘွန်း ဝီစကီ Whiskey ၊ Simple Syrup သို့မဟုတ် Maple Syrup ၊ သံပုရာသီးစိပ် ၊ ပူစီနံရွက် ၊ Soda Water ၊ ရေခဲတို့နဲ့ ပြင်ဆင် ဖျော်စပ်ပါတယ်။ အရင်ဆုံး ကော့လ်တေး Shaker ထဲမှာ ပူစီနံရွက် ၄ – ၅ ရွက်လောက်ထည့်ပြီး အနံ့မွှေးလာအောင် Muddler သို့မဟုတ် ဇွန်းနဲ့ ထိုးချေပေးပါ။ ပြီးရင် ခြမ်းထားတဲ့ သံပုရာသီးစိပ် ၂ စိပ်ခန့်ကို ရောထည့်ပြီး ထပ်မံထိုးချေမွှေပေးပါ။ ထို့ နောက် ဘော်ဘွန်း ဝီစကီ Whiskey ၂ အောင်စနဲ့ ရေခဲအနည်းငယ်ကိုပါ ရောထည့်ပြီး နှံ့သွားအောင်ရှိတ်ပေးရပါမယ်။

Photo : A Couple Cooks

နောက်ဆုံးမှာတော့ ဖန်ခွက်တစ်လုံးထဲကို ခပ်မွမွရေခဲစ အနည်းငယ်ထည့်ပြီး ရှိတ်ထားတဲ့ ဖျော်ရည် လောင်းထည့်လိုက်ပါ။ Soda Water နှစ်သက်သလောက် ပမာဏရောစပ်ပြီး ပူစီနံရွက်လေးအလှကာ ချဉ်တင်တင် စူးရှရှအရသာနဲ့ ရီဝေဝေတက်တဲ့ Whiskey Smash ကော့လ်တေးတစ်ခွက် အသင့်သုံးဆောင်လို့ ရပါပြီ။

Featured Photo : The Spruce Eats