ဟောလီဝုဒ်မင်းသား ခရစ္စဟမ်းစ်ဝေါ့သ်ဟာ သူ့ရဲ့ နာမည်ကျော် Character ဖြစ်တဲ့ Thor အတွက် အမိုက်စားဘော်ဒီရအောင် Fitness Trainer တွေနဲ့ စနစ်တကျ လေ့ကျင့်ခဲ့ရပါတယ်။ နောက်ပိုင်း သူထွက်လာတဲ့ ရုပ်ရှင်ကားတွေမှာလည်း ခရစ္စဟမ်းစ်ဝေါ့ဟ်သာ ကျစ်လျစ်ကြံ့ခိုင်တဲ့ အားကျစရာဘော်ဒီမျိုးကို ထိန်းထားတာ တွေ့ရပါတယ်။

Marvel ရုပ်ရှင်လောကမှာ တူကိုင် မိုးကြိုးနတ်သား Thor Odinson အဖြစ် သရုပ်ဆောင်ထားတဲ့ ခရစ္စဟမ်းစ်ဝေါ့ဟာ ကိုယ်တိုင်လည်း Fitness App တစ်ခုဖြစ်တဲ့ Centr ကို ပိုင်ဆိုင်ထားပါတယ်။ ဒီ app ဟာ ၆ ပတ်စာ Free Workout ဆိုင်ရာ ကိုယ်လက်ကျန်းမာကြံ့ခိုင်စေမယ့် အစားအသောက် အနေအထိုင် features နဲ့ Training တွေ ပေးထားပါတယ်။ Centr ကနေ အားကစား Equipment မလိုဘဲ လူတိုင်းလုပ်နိုင်မယ့် Unleashed ဆိုတဲ့ ပရိုဂရမ်တစ်ခု ထပ်ထွက်ထားပါတယ်။

Centr app

Photo: Raylo

၆ ပတ်စာ ဒီပရိုဂရမ်မှာ တစ်ပတ်ကို Workout ၅ ခု ၊ အကြောလျှော့အသားပေး Session တစ်ခု နဲ့ ဝိတ်ချဖို့ ၊ ကြွက်သား Tone မာဖို့ လေ့ကျင့်တာတွေ ပါပါတယ်။နှစ်ပတ်တစ်ခါ Workout Structures တွေ ပြောင်းပေးပါတယ်။ Centr app ဟာ တစ်ပတ်အခမဲ့ စမ်းသုံးခွင့်ပေးထားပြီး Trial ကျော်သွားရင်တော့ အခပေး Paid ဝန်ဆောင်မှုနဲ့ လာပါတယ်။ Workout Tutorial တွေကို ဟမ်းစ်ဝေါ့သ်ရဲ့ Personal Trainer လု့ခ် ဇော့စ်ချီနဲ့ အက်ချ်လေ ဂျွိုင်းတို့က ညွှန်ကြားပေးပါတယ်။

ဒီပရိုဂရမ်ထဲမှာ အပြင်းလေ့ကျင့်ရတဲ့ High-Intensity Interval Training (HIIT) စနစ်တွေ ပါပေမယ့် ကိုယ်နဲ့ကိုက်အောင် ပြန်ပြီး ချိန်ကစားလို့ရအောင်ပါ Trainers တွေက ပြောထားပါတယ်။ ခရစ္စဟမ်းစ်ဝေါ့သ် ထောက်ခံချက်ပေးထားတဲ့ BodyWeight Workout ထဲမှာ နားချိန်နဲ့ အားကစားလုပ်ချိန်တွေပါ ထည့်ပေးထားပါတယ်။ ၃၅ စက္ကန့်လောက် အားကစားလုပ်ပြီး အားကစားတစ်ခုနဲ့ တစ်ခုအကြား ၂၅ စက္ကန့် နားပါတယ်။

ခရစ္စဟမ်းစ်ဝေါ့ရဲ့ အားကစားတွေထဲမှာ Squat Pulse လို့ ခေါ်တဲ့ ပခုံးအကျယ်အတိုင်း ခြေခွဲ ၊ တင်ပါးကို နှိမ့်ပြီး ပေါင်နဲ့ ကြမ်းပြင်အပြိုင်ဖြစ်အောင် ထားပြီး ထိုင်/ထလုပ်တဲ့ အားကစား ၊ လက်ထောက်ပြီး ခြေထောက်တွေကို ရင်ဘတ်တွေဆီ ပြေးဆင်း လုပ်ရတဲ့ Mountain Climbers ၊ ကြမ်းပေါ် ပက်လက်လှန် ၊ တင်ပါးအောက် လက်ထားပြီး ခြေထောက်တွေ မြှောက်ကစားရတဲ့ Flutter Kicks ၊ Weight တုံးကိုင် ခြေတစ်ဖက်မြှောက်ရတဲ့ Single -Leg Deadlift နဲ့ မတ်တပ်ကနေကြမ်းပြင်ဆီ လက်ထောက်လမ်းလျှောက်ပြီး ပြန်ရပ်ရတဲ့ Walkout ကစားနည်းတွေ ပါပါတယ်။

chris_hemsworth_fitness_app_centr

Photo: CoachMag

Bodyweight အနေနဲ့ Pull-Up တန်းဆွဲ ၁၅ ကြိမ်-၃ကျော့ ၊ ထိုင်ထ Sit-Up အကြိမ် ၂၀- ၃ ကျော့ ၊ ဒိုက်ထိုး ၁၅ ကြိမ် ၃ ကျော့ ၊ Burpees ၁၀ ကြိမ် ၅ ကျော့ ၊ Tricept Dip ၁၀ ကြိမ် ၄ ကျော့ ၊ Walking Lunge အကြိမ် ၂၀ – ၄ကျော့ ၊ Bodyweight Squat ၁၅ ကြိမ် ၃ ကျော့နဲ့ ဝိတ်တင် ခြေဖျားထောက် အကြိမ် ၂၀ – ၃ ကျော့ ကစားတာပါ။ ပုံမှန်အားဖြင့် ခရစ္စဟန်းစ်ဝေါ့ဟာ အနည်းဆုံး မိနစ် ၂၀ ကနေ ၄၀ အထိ ကစားပြီး HIIT Workout ကနေ Boxing ၊ Yoga နဲ့ MMA တွေလည်း ကစားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲမှာ ခရစ္စဟမ်းဝေါ့သ် သရုပ်ဆောင်ထားတဲ့ Extraction ဆိုတဲ့ မှောင်ခိုကြေးစားစစ်သားစရိုက်နဲ့ ဇာတ်ကားသစ် ထွက်လာပါတယ်။ ဒီရုပ်ရှင်ကို ရိုက်တဲ့ ဒါရိုက်တာ ဆမ် ဟာဂရေ့ဗ်ဟာ ဟမ်းစ်ဝေါ့သ်နဲ့အတူ Avengers: Endgame ၊ Thor: Ragnarok တို့လို Marvel ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ စတန့်သမားဖြစ်ပါတယ်။ Extraction ကားထဲမှာ ဟမ်းစ်ဝေါ့သ်ဟာ နိုင်ငံတကာ ရာဇဝတ်မှုဘုရင်ရဲ့ ပြန်ပေးဆွဲခံရတဲ့သားကို ကယ်ရတဲ့ ကြေးစားစစ်သား တိုင်လာရိတ်ခ်အဖြစ် သရုပ်ဆောင်ထားတာပါ။