Classic ဆန်တဲ့ ဘရန်ဒီ ကော့တေး ဖျော်ရည်သည် သက်တမ်းအရှည်ကြာဆုံး ကော့တေးဖျော်စပ်နည်းတွေထဲ တစ်ခုပဲ ဖြစ်ပါတယ်။ စတင်ပေါ်ပေါက်ခဲ့တဲ့အချိန်ကတော့ ၁၈၃၀ ပြည့်နှစ်ဝန်းကျင်ကဖြစ်ပြီး သောက်သုံးသူတိုင်းလည်း နှစ်သက်ကြတဲ့ ကော့တေးတစ်ခွက်ဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ ထိုကော့တေးဖျော်ရည်ကို မိမိအိမ်မှာပဲ ကိုယ်တိုင်ကိုယ်ကျ ဖျော်စပ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ပါဝင်ပစ္စည်းများကို လိုအပ်ပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ

  • Mint အရွက် ၄ ရွက်မှ ၆ ရွက်ခန့်
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း (သကြားကို သကြားအချော အသုံးပြုပေးရမှာဖြစ်ပါတယ်)
  • Club Soda စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဘရန်ဒီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • အလှဆင်ဖို့ရန်အတွက် လိမ္မော်သီးစိပ် အနည်းငယ်

brandy cocktail

  • အလှဆင်ဖို့ရန်အတွက် ချယ်ရီသီး အနည်းငယ်
  • အလှဆင်ဖို့ရန်အတွက် Mint အရွက် အနည်းငယ်

အစရှိတဲ့ ပါဝင်ပစ္စည်းများ လိုအပ်ပါလိမ့်မယ်။

ပါဝင်ပစ္စည်းများအားလုံးကို အဆင်သင့်ဖြစ်အောင် ပြင်ပြီးသွားတဲ့နောက်မှာတော့ ဆွေမျိုးမေ့သွားစေမယ့် ကော့တေးတစ်ခွက်ကို ဘယ်လိုဖျော်စပ်ရမလဲဆိုတာ အတူတူ လေ့လာကြည့်လိုက်ရအောင်။

ပြုလုပ်နည်း အဆင့်ဆင့်

Classic ဘရန်ဒီ ကော့တေး

၁။ ကော့တေးသောက်မယ့် ဖန်ခွက်ထဲတွင် Mint အရွက်များ ၄ ရွက်၊ ၆ ရွက်ခန့် ထည့်ကာ ဒလှိမ့်တံလေးဖြင့် ချေပေးလိုက်ပါ။

၂။ ထို့နောက် သကြားနှင့် Club Soda တို့ထည့်ကာ သကြားများ ပျော်ဝင်သွားသည်အထိ မွှေပေးလိုက်ပါ။

Classic ဘရန်ဒီ ကော့တေး

၃။ ထို့နောက် ဖန်ခွက်ထဲသို့ ရေခဲတုံး အနည်းငယ်ထည့်ပါ။ ထို့နောက် ဘရန်ဒီ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ကာ သမအောင် မွှေလိုက်ပါ။

၄။ ထို့နောက် လိမ္မော်သီးစိပ်၊ ချယ်ရီသီးနှင့် Mint အရွက်လေးများထည့်ကာ အလှဆင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ကွီးတို့အသည်းစွဲ ဘဝင်ခိုက်သွားစေမယ့် အရသာရှတတလေးနဲ့ စွဲမက်ဖွယ်ကောင်းတဲ့ Classic ဆန်ဆန် ဘရန်ဒီ ကော့တေး တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

Classic ဘရန်ဒီ ကော့တေး

ပါဝင်ပစ္စည်းများကလည်း ဝယ်ရလွယ်ကူပြီး ပြုလုပ်နည်းကလည်း ရိုးရှင်းတဲ့အတွက်ကြောင့် ကွီးတို့အားလုံး အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်မိပါတယ်။

ကွီးတို့အိမ်မှာ Classic ဆန်တဲ့ ဘရန်ဒီ ကော့တေးလေး ဖျော်စပ်သောက်သုံးပြီးသွားတဲ့အခါမှာလည်း အတွေ့အကြုံလေးတွေကို ပြန်လည်ဝေမျှပေးခဲ့နိုင်ပါတယ်။

Source: Thespruceeats

Featured Image: Thespruceeats