အားလပ်ရက် Weekend မှာ အရသာရှိတဲ့ ကော့လ်တေး အမိုက်စားလေးတစ်ခွက်နဲ့ အေးဆေး Relax လုပ်ချင်တဲ့ ကွီးတို့အတွက် Siesta ကော့လ်တေး ဖျော်စပ်နည်းလေး မျှဝေပေးချင်ပါတယ်။ Siesta ကော့လ်တေးဟာ Tequila ၊ Campari ၊ Fresh Citrus Juice တွေနဲ့ ပေါင်းစပ်ဖျော်ထားတဲ့ လန်းဆန်းချိုမြိန်တဲ့အရသာ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။

Photo : A Couple Cooks

Siesta ကော့လ်တေးကို ၂၀၀၆ ခုနှစ်က New York Mixologist တစ်ဦးဖြစ်တဲ့ Katie Stipe က စတင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Dinner ပါတီနဲ့ ညပါတီပွဲတွေမှာ တည်ခင်းလို့ အလိုက်ဖက်ဆုံး ကော့လ်တေးတစ်မျိုး ဖြစ်ပါတယ်။ Siesta ကော့လ်တေးဖျော်စပ်ဖို့ အဓိကပါဝင်ပစ္စည်းတွေအနေနဲ့ကတော့ Blanco Tequila ၊ Campari ၊ Fresh Grapefruit Juice ၊ Lime Juice ၊ Simple Syrup နဲ့ အလှဆင်ဖို့ ဂရိတ်ဖရုသီး ၊ သံပုရာသီး သို့မဟုတ် သံပုယိုသီး အနည်းငယ် လိုအပ်ပါတယ်။ ကော့လ်တေးဖျော်စပ်နည်းကလည်း အရမ်းကိုလွယ်ကူရိုးရှင်းပါတယ်။

Photo : A Couple Cooks

အရင်ဆုံး ကော့လ်တေး Shaker ထဲမှာ Blanco Tequila ၂ အောင်စ ၊ Campari အောင်စဝက် ၊ Grapefruit Juice အောင်စဝက် ၊ Lime Juice အောင်စဝက် ၊ Simple Syrup အောင်စဝက် နဲ့ ရေခဲလက်တဆုပ်စာတို့ ရောထည့်ပြီး အေးခဲလာတဲ့အထိ ရှိတ်ပေးရပါမယ်။ ရှိတ်ထားတဲ့ ကော့လ်တေးဖျော်ရည်ကို ကော့တေးဖန်ခွက်ထဲ ပြောင်းထည့်ပြီး အပေါ်က ဂရိတ်ဖရုသီး နဲ့ သံပုရာသီး သို့မဟုတ် သံပုယိုခြမ်းလေးတွေအလှဆင်ပြီး လန်းဆန်းချိုမြိန်တဲ့ Siesta ကော့လ်တေးတစ်ခွက် အသင့်သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။ အားလပ်ရက်တွေနဲ့ အနားယူ အပန်းဖြေချိန်တွေအတွက် ပြီးပြည့်စုံစေမယ့် အမိုက်စား ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။

Featured Photo : PUNCH