အားကစားတိုင်းမှာ သူ့အကျိုးကျေးဇူးနဲ့ သူ ရှိကြပါတယ်။ ဥပမာ ယောဂ ကစားသူများသည် ခန္ဓာကိုယ် ပျော့ပျောင်းခြင်း၊ အသက်ရှုမှန်ကန်ခြင်း၊ ကိုယ်အလေးချိန်လျော့ချခြင်းနှင့် အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း ဝေဒနာမှ ကာကွယ်ပေးပြီး Cardio အားကစားများ ဆော့ကစားပေးတဲ့အခါမှာတော့ နှလုံးအားကောင်းစေခြင်း၊ အဆုတ်ခံနိုင်ရည် မြင့်တက်လာခြင်း၊ စိတ်ကျန်းမာရေး ကောင်းမွန်လာခြင်း၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်းနှင့် ကိုယ်ခံစွမ်းအား မြင့်တင်ပေးခြင်း အစရှိတဲ့ အကျိုးကျေးဇူးများကို ခံစားရစေပါတယ်။

ထိုနည်းတူစွာပဲ အလေးမအားကစားပြုလုပ်ပြီး ကြွက်သားများ ကြီးထွားလာအောင် တည်ဆောက်တဲ့အခါ ကိုယ့်ရဲ့ ခန္ဓာကိုယ်အနေအထားက ခါးကုန်းခြင်း၊ ပုခုံးကိုင်းခြင်းတို့ မရှိတော့ဘဲ စမတ်ကျတဲ့ ခန္ဓာကိုယ်အနေအထားမျိုး ပိုင်ဆိုင်စေခြင်း၊ အရိုးအဆစ်များ ကြံ့ခိုင်သန်မာလာခြင်း အစရှိတဲ့ အကျိုးကျေးဇူးများ ရရှိပိုင်ဆိုင်စေပါတယ်။

Combination of Yoga, Cardio and Weight for a balanced work-out

သင့်အနေနဲ့ ထိုအားကစား (၃) မျိုးစလုံးကို ဆော့ကစားပေးမယ်ဆိုရင် သင် ခံစားရမယ့်အကျိုးကျေးဇူးများကတော့ အတိုင်းထက်အလွန်ပါပဲ။ ဒါပေမဲ့ (၃) ခုစလုံး ဆော့ကစားဖို့ အချိန်မရဘူး။ ဘယ်လိုအချိန်ပေးပြီး ဆော့ကစားရမလဲဆိုတဲ့ အားကစားသမားများအတွက် ထိရောက်မှုရှိတဲ့ Plan တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ထိရောက်မှုရှိသော 3 In 1 အားကစား Plan

သင်သည် အားကစားကို တနင်္လာနေ့ကနေ စလုပ်တယ်ဆိုပါစို့။ တနင်္လာနေ့ကနေ စနေနေ့အထိ အထက်ဖော်ပြပါ အားကစား (၃) မျိုးစလုံးကို နည်းစနစ်ကျကျ ဘယ်လိုဆော့ကစားရမလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။

Combination of Yoga, Cardio and Weight for a balanced work-out

တနင်္လာနေ့ – ခန္ဓာကိုယ်အောက်ပိုင်းအတွက် အလေးမခြင်းကို မိနစ် ၂၀ ခန့် ပြုလုပ်ပါ။ မိနစ်အနည်းငယ်ခန့် အနားယူပြီးနောက် Cardio လေ့ကျင့်ခန်းအတွက် မိနစ် ၂၀ ဆက်လက်ဆော့ကစားပါ။ နောက်ဆုံးမှာတော့ ယောဂလေ့ကျင့်ခန်းအတွက် မိနစ် ၂၀ ခန့် အချိန်ပေးရမှာဖြစ်ပါတယ်။

အင်္ဂါနေ့ – ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သာများအတွက် အလေးမလေ့ကျင့်ခန်းများကို မိနစ် ၂၀ ခန့် ပြုလုပ်ပါ။ Cardio လေ့ကျင့်ခန်းအတွက် မိနစ် ၂၀၊ ယောဂ လေ့ကျင့်ခန်းအတွက် မိနစ် ၂၀ ဆော့ကစားပါ။

Combination of Yoga, Cardio and Weight for a balanced work-out

ဗုဒ္ဓဟူးနေ့ – ယောဂလေ့ကျင့်ခန်းများသီးသန့်အတွက်ကိုသာ ၁ နာရီခန့် အချိန်ပေးပါ။

ကြာသပတေးနေ့ – တနင်္လာနေ့က အစီအစဉ်အတိုင်း ဆက်လက်ဆော့ကစားပါ။

Combination of Yoga, Cardio and Weight for a balanced work-out

သောကြာနေ့ – အင်္ဂါနေ့က အစီအစဉ်အတိုင်း ဆက်လက်ဆော့ကစားပါ။

Combination of Yoga, Cardio and Weight for a balanced work-out

စနေနေ့ – ဒီနေ့မှာတော့ ပေါ့ပေ့ါပါးပါး ခန္ဓာကိုယ်လှုပ်ရှားမှုမျိုး ပြုလုပ်ရပါမယ်။ ဥပမာ လှေကားကနေ အတက်အဆင်း ပြုလုပ်တာမျိုး၊ မနက်စောစော (သို့) ညနေခင်းမှာ လမ်းလျှောက်ထွက်တာမျိုး၊ စက်ဘီးစီးထွက်တာမျိုး အစရှိတဲ့ ပေါ့ပေါ့ပါးပါးအရာများကိုသာ ပြုလုပ်ပါ။ အဓိကကတော့ ခန္ဓာကိုယ်လှုပ်ရှားမှု ရှိနေဖို့ပါပဲ။

Combination of Yoga, Cardio and Weight for a balanced work-out

တနင်္ဂနွေနေ့ – ဒီနေ့ကတော့ ဘာလေ့ကျင့်ခန်းမှ မလုပ်ဘဲ (လုံးဝ) အနားယူရမယ့်နေ့ ဖြစ်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်ကြွက်သားများကို တစ်ရက်လောက် အနားပေးမှသာလျှင် နောက်ရက်တွေမှာ လေ့ကျင့်ခန်း ကောင်းကောင်း ဆက်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

Source: Myinnerfire.com