စပိန်နဲ့ ပြင်သစ်အသင်းတို့ရဲ့ ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ်ဟာ ဖိုင်နယ်ပွဲတစ်ပွဲအလား ကြည့်လို့ကောင်းခဲ့ပြီး နောက်ဆုံးမှာတော့ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ စပိန် အသင်းကပဲ ပြင်သစ်ကို ထိုက်ထိုက်တန်တန်နဲ့ အနိုင်ရသွားခဲ့ရင်း ယူရို-၂၀၁၂ နောက်ပိုင်း ဖိုင်နယ် အဆင့်ဆီ ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

spain v france

Photo Credit: talkSPORT

စပိန် က ဒီပွဲမှာ ခံစစ်ကစားသမားတွေဖြစ်တဲ့ ကာဗာဟယ် လီနော်မန်တို့ အဝါကတ် ပြစ်ဒဏ်ထိထားလို့ နာချိုနဲ့ နာဗက်စ်တို့ကို သုံးလာခဲ့တယ်။ ပြင်သစ်ကတော့ လိပ်နင်ဂျာ ဘာပေ မျက်နှာဖုံး တပ်ဆင် ကစားစရာ မလိုတော့ပဲ ပုံမှန် အသုံးပြုနေကြ ကစားသမားတွေနဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။ ပြင်သစ်က ဒီပွဲမှာ အရင်ပွဲတွေကထက် ကစားပုံ ပိုကောင်းမွန်ခဲ့ရင်းနဲ့ အဖွင့်ဂိုးကိုပါ စတင် သွင်းယူနိုင်ခဲ့ပါတယ်။ ဘာပေရဲ့ ဖန်တီးပေးမှုကနေ ကိုလို မူအာနီက ခေါင်းတိုက်ပြီး သွင်းယူခဲ့ပါတယ်။ ဒါက ပြင်သစ်အတွက် ဒီပြိုင်ပွဲမှာ ပထမဆုံး open play ကနေ ရရှိခဲ့တဲ့ သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။

yamal

Photo Credit: The Independent

ပြင်သစ်က ဗွေဆော်ဂိုးကို (၉)မိနစ်မှာ ရခဲ့ပေမယ့် မိနစ် (၂၀)မှာတော့ (၁၆)နှစ်သားလေး ယာမဲလ်ရဲ့ လှပတဲ့ ဂိုးကန်ချက်နဲ့ စပိန် တို့ ချေပဂိုး ရရှိခဲ့လို့ (၅)မိနစ်ခန့်အကြာမှာပဲ အော်လ်မိုရဲ့ ကန်ချက်ကနေ ဦးဆောင်ဂိုးကိုပါ ဆက်တိုက် ရရှိသွားခဲ့ပါတယ်။ ကျောင်းတောင် မပြီးသေးတဲ့ ချာတိတ်လေး ယာမဲလ်ကတော့ ယူရိုပြိုင်ပွဲရဲ့ အသက်ငယ်ဆုံး ဂိုးသွင်းယူနိုင်သူဆိုတဲ့ စံချိန်မှတ်တမ်းကောင်းနဲ့ သူ့အသင်းကို အကောင်းဆုံး ကူညီပံ့ပို့ပေးနိုင်ခဲ့ပြီး ပတ်ဒရီ နာသွားလို့ ပွဲကစားခွင့် ပိုရလာခဲ့တဲ့ အော်လ်မိုဟာလည်း ရလာတဲ့ အခွင့်အရေးတွေကို မလွတ်တမ်း ကောင်းကောင်း အသုံးချနိုင်ခဲ့ပါတယ်။

spain super stars

Photo Credit: USA Today

ဒုတိယပိုင်းမှာ စပိန် ကစားအား နည်းနည်းချလိုက်လို့ ပြင်သစ်က ဖိအားပေးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း လိုအပ်တဲ့ ချေပဂိုးကို မသွင်းယူနိုင်ခဲ့တာကြောင့် ၂၀၀၀ခုနှစ် နောက်ပိုင်း ယူရိုဖလားနဲ့ ဝေးကွာနေမှုကို အဆုံးမသတ်နိုင်ခဲ့ပဲ ဆီမီး ဖိုင်နယ်နဲ့သာ ကျေနပ်လိုက်ရပါတယ်။ စပိန်ကတော့ ဒီနေ့ည အင်္ဂလန်နဲ့ နယ်သာလန်တို့ပွဲက အနိုင်ရလာမယ့် အသင်းနဲ့ ဖိုင်နယ် မှာ ဆုံတွေ့ရတော့မှာဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် (၄)ကြိမ်မြောက် ယူရိုဖလားကို ရယူသွားနိုင်မလားဆိုတာ…

Featured Photo: CaughtOffside