ဂီတသမိုင်းတစ်လျှောက်မှာ Country သီချင်းတွေရဲ့ ဩဇာလွှမ်းမိုးမှုက တော်တော်လေး ကြီးမားခဲ့တယ်လို့ ပြောရမှာပါပဲ။ Johnny Cash ၊ Hank Williams နဲ့ Dolly Parton တို့လို Country ဂီတကို ကမ္ဘာတဝှမ်း လူကြိုက်များစေခဲ့တဲ့ နာမည်ကြီး အဆိုတော်တွေလည်း အများကြီးရှိပါတယ်။ Country သီချင်းတွေက ခင်ဗျားကို ပျော်ရွှင်အောင်လုပ်နိုင်သလို ၊ ဝမ်းနည်းအောင်လည်း လုပ်နိုင်တဲ့ စွမ်းအားမြင့် ဂီတအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဂီတသမိုင်းမှာ လူကြိုက်များ ကျော်ကြားခဲ့တဲ့ ထာဝရ အကောင်းဆုံး Country သီချင်း ၅ ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။

‘I Walk the Line’ (1956) – Johnny Cash

Source : Classic Mood Experience

ဒီသီချင်းလေးကတော့ Country ဂီတဘက်မှာ အခမ်းနားအကြီးကျယ်ဆုံး သီချင်းတွေကို ရေးသားစပ်ဆိုခဲ့တဲ့ အမေရိကန်အဆိုတော်ကြီး Johnny Cash ရဲ့ အအောင်မြင်ဆုံး သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ‘I Walk the Line’ သီချင်းက Cash ရဲ့ ပထမဆုံး Billboard စာရင်းမှာ ၄၃ ပတ်ကြာ နံပါတ် ၁ နေရာ ရပ်တည်နိုင်ခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ ဒီသီချင်းလေးက Cash ရဲ့ ဇနီးဖြစ်သူ Vivian Liberto အတွက် ရည်ရွယ်သီဆိုခဲ့တာ ဖြစ်ပါတယ်။

‘Jolene’ (1973) – Dolly Parton

Source : Kevin Allen

Jolene သီချင်း လေးကတော့ အမေရိကန်ဂီတပညာရှင် Dolly Parton ရဲ့ နာမည်တူ Jolene အယ်လ်ဘမ်မှ ပထမဆုံး Single သီချင်းအနေနဲ့ရော Title သီချင်းအဖြစ်နဲ့ပါ ထုတ်ဝေခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းလေးက ၂၀၀၄ မှာ Rolling Stone ရဲ့ထာဝရ အကောင်းဆုံး သီချင်း ၅၀၀ စာရင်းမှာ နံပါတ် ၂၁၇ စာရင်း ဝင်ခဲ့ပါတယ်။ Parton အဆိုအရတော့ Jolene သီချင်းလေးဟာ သူမရဲ့ သီချင်းများစွာထဲက Cover ပြန်ဆိုမှုအများဆုံး သီချင်းတစ်ပုဒ်လို့ သိရပါတယ်။

‘Crazy’ (1961) – Patsy Cline

Source : DiscoBar80

ထာဝရ အကောင်းဆုံး Country သီချင်းတွေ အကြောင်းပြောမယ်ဆိုရင် Country ဂီတလောကရဲ့ ဩဇာအကြီးဆုံး အဆိုတော်တစ်ဦးဖြစ်တဲ့ Patsy Cline ရဲ့ Crazy သီချင်း လေးကိုလည်း မပါမဖြစ်ထည့် ပြောရမှာပါ။ ဒီသီချင်းလေးက ၁၉၆၁ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး သာယာငြိမ့်ညောင်းနဲ့ တေးသံစဉ်နဲ့ Patsy Cline ရဲ့ ညို့အားပြင်း အသံတို့ ပေါင်းစပ်ဖွဲ့ဆိုထားတဲ့ သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။

‘The Dance’ (1989) – Garth Brooks

Source : Garth Brooks Song Lyrics

ဒီသီချင်းလေးကတော့ အမေရိကန်အဆိုတော်ကြီး Garth Brooks ရဲ့ ထင်ရှားတဲ့ သီချင်းများစွာထဲက အစောဆုံး သီချင်း တစ်ပုဒ်ဖြစ်ပါတယ်။ ဒီသီချင်းလေးက ၁၉၈၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Garth Brooks ရဲ့ နာမည်တူ အယ်လ်ဘမ်မှာ ပါဝင်လာတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး အကောင်းဆုံး Country သီချင်း Grammy Award ဆုအပြင် ဂီတဆုများစွာကိုလည်း ရရှိခဲ့ပါတယ်။

‘I’m So Lonesome I Could Cry’ (1949) – Hank Williams

Source : wilson mcphert

‘I’m So Lonesome I Could Cry’ သီချင်း လေးကတော့ ၂၀ ရာစုရဲ့ အကျော်ကြားဆုံး Country အဆိုရှင် Hank Williams ရဲ့ အအောင်မြင်ဆုံး သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းလေးက ၁၉၄၉ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး Grammy Hall of Fame ဆုလည်း ရရှိထားပါတယ်။

Featured Photo : LiveAbout