အရမ်းချစ်တတ်တဲ့ ကွီးတို့ ရေ ကွီးတို့ ချစ်သူလေးအတွက် Romantic ဆန်တဲ့ Night Out လေး ဖန်တီးပေးချင်ပါသလား။ ဒါဆိုရင်တော့ အောက်မှာ Romantic ဆန်တဲ့ Night Out လေးတစ်ခု ဖြစ်ဖို့ နည်းလမ်းကောင်းလေးတွေ ဝေမျှပေးလိုက်ပါတယ်နော်။ ရိုးရှင်းပြီး တကယ်ကို အဆင်ပြေစေတဲ့ နည်းလမ်းလေးတွေ ဖြစ်လို့  ချစ်သူလေးအတွက် Romantic ဆန်တဲ့ Night Out လေး ဖန်တီးပေးပြီး ကွီးတို့ ရဲ့ Relationship မှာ ပိုမိုသာယာပျော်ရွှင်စေဖို့ အထောက်အကူပြုပါလိမ့်မယ်။

(၁) Movie Night လေးတစ်ခုဖန်တီးပေးပါ

ချစ်သူလေးအတွက်-romantic

Photo : Pinterest

ကွီးတို့ ချစ်သူလေးအတွက် Romantic ဆန်တဲ့ Night Out လေးဖြစ်ဖို့ ပထမနည်းကတော့ Movie Night လေးဖန်တီးပေးခြင်းပဲ ဖြစ်ပါတယ်။ နှစ်ယောက်အတူတူ ရုပ်ရှင်ကြည့်တာဟာ ရိုးရှင်းတယ်လို့ ထင်ရပေမယ့် Romantic ဆန်အောင်ပြင်ဆင်လို့ ရပါတယ်။ ရုပ်ရှင်ကြည့်မယ့် နေရာနဲ့ ရုပ်ရှင်ဇာတ်ကားကို ကွီးတို့အနေနဲ့ သေချာရွေးချယ်ဖို့ လိုပါတယ်။ Romantic ဖြစ်ပြီး ကွီးတို့ချစ်သူလေး အကြိုက်တွေ့စေမယ့် ဇာတ်လမ်း ၂ ကား လောက်ပြင်ဆင်ထားပါ။ ရုပ်ရှင်ကြည့်မယ့် နေရာမှာ ဖယောင်းတိုင်လေးများ၊ မီးလုံးလေးများနဲ့ အလှဆင်ပြီး ချိုမြိန်သောဝိုင်လေးများနဲ့ ချောကလက်များကိုပါ ပြင်ဆင်ထားပါ။ ဒါဆိုရင်တော့ ကွီးတို့ချစ်သူလေးနဲ့အတူ ပွေ့ဖတ်ပြီး ဖန်သားပြင်ပေါ်က အချစ်ဇာတ်လမ်းလေးနဲ့ ထပ်တူကျတဲ့ Romantic ဆန်တဲ့ညလေး ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

(၂) လမ်းလျှောက်ရင်းနဲ့ စကားပြောပါ

Night Out

Photo : Shutterstock

ကွီးတို့ ချစ်သူလေးနဲ့ နာရီကြာကြာ လမ်းလျှောက် ပြီး လရောင်အောက်မှာ နွေးနွေးထွေးထွေးနဲ့ စကားတွေ တဝကြီးပြောပါ။ ကမ်းခြေဘက်မှာ ဆိုပိုကောင်းပါတယ်။ ကွီးတို့ချစ်သူလေး စိတ်ဝင်စားတဲ့ အရာမှန်သမျှ စိတ်ဝင်စားစွာ ပြန်လည်တုံ့ပြန်ပါ။ တစ်ယောက်အကြောင်း တစ်ယောက်သိပြီး ပိုမို နွေးထွေးကာ အချစ်တွေ တိုးလာပါလိမ့်မယ်။ ဒီလို နည်းလေး ကလည်း ပိုက်ဆံမကုန်ဘဲ ပြီးပြည့်စုံတဲ့ ခံစားမှုကို ရရှိပါတယ်။ ဒီ နည်းလမ်းလေး ကိုသုံးမယ်ဆိုရင်တော့ ကွီးတို့အနေနဲ့ ရာသီဥတုနဲ့ ဘေးကင်းလုံခြုံရေးအတွက်တော့ သတိထားရပါမယ်။

(၃) ကားပတ်မောင်းပါ

Nightout

Photo : Guardian Insurance MX

ကွီးတို့ ချစ်သူလေးအတွက် Romantic ဆန်တဲ့ Night Out လေးဖန်တီးပေးနိုင်ဖို့ကတော့ တော်တော်များများ သဘောကျတဲ့ ကားပတ်မောင်းခြင်းပါပဲ။ သာယာတဲ့ ညနေခင်းလေးတစ်ခုမှာ ကွီးတို့ ချစ်သူလေးနဲ့ အတူ မနီးမဝေး ခရီးတစ်ခုထွက်ပါ။ ကားမောင်းစဉ် လမ်းတစ်လျှောက် သာယာမြူးကြွတဲ့ သီချင်းလေးတွေ ဖွင့်ထားပြီး ကားပြတင်းပေါက်မှ တိုက်ခတ်လာတဲ့ လေနုအေးလေးတွေ ကိုခံစားပါ။ ညစာအတွက် ဒေသဆိုင်ရာ ယာဉ်ရပ်နားစခန်း တစ်ခုမှာ နားပါ။ ကွီးတို့ ချစ်သူလေးနဲ့ အတူ ကားပတ်မောင်းတာကလည်း တကယ်ကို ရိုးရှင်းပေမဲ့ နူးညံ့တဲ့ စိတ်ခံစားမှုနဲ့ Romantic ဆန်တဲ့ Night Out လေး ဖြစ်စေမှာပါ။

(၄) ကွီးတို့ ချစ်သူလေးအတွက် Romantic Dinner လေးဖန်တီးပေးပါ

Dinner

Photo : Pinterest

ကွီးတို့ ချစ်သူလေးအတွက် Romantic ဆန်တဲ့ Dinner ပါတီလေး စီစဉ်ပေးခြင်းကလည်း ကောင်းမွန်တဲ့ အချိန်လေးကို ပိုင်ဆိုင်နိုင်မယ့် အပြင် ကွီးတို့အပေါ် အချစ်တွေ တိုးစေဖို့ အထောက်အကူ ပြုပါလိမ့်မယ်။ အရင်ဆုံး ကွီးတို့အနေနဲ့ Dinner စီစဉ်မဲ့ နေရာ ကိုရွေးချယ်ရပါမယ်။ ဖယောင်းတိုင်လေးတွေနဲ့ အလှဆင်ပြီး ချစ်ခြင်းမေတ္တာ တရားရဲ့ အမှတ်အသားဖြစ်တဲ့ ချိုမြိန်တဲ့ ဝိုင်လည်းမပါမဖြစ်ပါပဲ။ ကွီးတို့ ချစ်သူလေး နဲ့ ညစာ စားနေချိန်မှာလဲ သူ့ကိုဘယ်လောက်ချစ်ကြောင်း ပြောဖိုမမေ့ပါနဲ့။ Romantic ဆန်တဲ့ ခံစားမှု မျိုးကိုပေးစွမ်းနိုင်အောင် အစစ အရာရာ ပြင်ဆင် ဂရုစိုက်ပေးပါ။ ကွီးတို့ ချစ်သူလေးအတွက် တစ်သတ်မမေ့နိုင်စရာ Romantic ဆန်တဲ့ အချိန်ပိုင်ဆိုင်စေပါ။

Source : MENSXP

Featured Photo : Loren’s World