ဘောက်ဆင်အားကစားနဲ့ ကျော်ကြားသူတွေထဲမှာ ဗြိတိန်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ David Haye လည်း တစ်ယောက်အပါအဝင်ပါပဲ။ David Haye ဟာ သူရဲ့လျင်မြန်ပြီး ပြင်းထန်တဲ့ ထိုးသတ်ချက်တွေကြောင့် ဘောက်ဆင်လောကမှာ အန္တရာယ်များတဲ့ တိုက်ခိုက်ရေးသမား တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသူပါ။ ဒါတင်မကသေးပါဘူး သူ့ရဲ့ခြောက်လုံးပြူးကြွက်သားတွေနဲ့ အမိုက်စား ဘော်ဒီကြောင့်လည်း လူသိများကျော်ကြားပါတယ်။ ဒီတစ်ခေါက်တော့ ဗြိတိန်လက်ဝှေ့ကျော် David Haye လို အမိုက်စား ဘော်ဒီမျိုး ပိုင်ဆိုင်ချင်သူတွေအတွက် သူပုံမှန်လုပ်လေ့ရှိတဲ့ ဂန္ထဝင် Workout တွေကို မျှဝေပေးချင်ပါတယ်။

(၁) Weighted Chin-Up

Weighted Chin Up

Photo : DMoose

Weighted Chin-Up လေ့ကျင့်ခန်းက အလေးပြားကို ခါးမှာချိတ်ပြီး ဘားဆွဲရမှာ ဖြစ်ပါတယ်။ David Haye ကတော့ ဒီလေ့ကျင့်ခန်းဟာ လက်မောင်းနဲ့ ရင်ဘတ်ကို ကြံ့ခံ့အောင် တည်ဆောက်ဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပြီး ကြွက်သားတွေ ကြီးထွားစေဖို့ ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ Weighted Chin-Up လေ့ကျင့်ခန်းကို 3 Sets  / 8 Reps  ပြုလုပ်ပေးပါ။

(၂) Rotation Drills

Rotation Drills

Photo : Evolve MMA

David Haye ရဲ့ ပါဝါပြင်းပြင်း လက်သီးချက်တွေနောက်ကွယ်က လျို့ဝှက်ချက်ဟာ Rotation Drills လေ့ကျင့်ခန်း လို့ပြောနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းက ဝိတ်ပါတဲ့ Medicine Ball သို့မဟုတ် အလေးချိန်ရှိတဲ့ ပစ္စည်းတစ်ခုကို ကိုင်ထားပြီး ခန္ဓာကိုယ်ကို လှည့်ကာ ရှေ့သို့ တွန်းထုတ်ရတဲ့ ကစားနည်းဖြစ်ပါတယ်။ ပခုံးဆုံအားတွေကို သန်မာစေပြီး ပါဝါပြင်းတဲ့ လက်သီးချက်တွေ ထိုးသတ်နိုင်ဖို့ အများကြီး ထောက်ပံ့ပေးတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ Rotation Drills လေ့ကျင့်ခန်းကို 3 Sets  / 10 Reps  (တစ်ဖက်စီ) ပြုလုပ်ပေးပါ။

(၃) Russian Twist

Photo : Fitness Volt

Russian Twist ဟာ Core ကြွက်သားတွေကို ထိစေတဲ့ အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ လက်ဝှေ့သမားတစ်ယောက်အတွက် Core Muscles တွေ သန်မာကြံ့ခိုင်နေဖို့က အင်မတန်အရေးကြီးပါတယ်။ Russian Twist ကစားမယ်ဆိုရင် ကြမ်းပြင်မှာ ထိုင်လျက်အနေအထား ခန္ဓာကိုယ်ကို ဘယ်/ညာ တလှည့်စီ လှည့်ပေးရမှာပါ။ ဝိတ်တုံးတွေမပါပဲ ကိရိယာလွတ် ကစားလို့ရသလို ပိုမိုပြင်းထန်ချင်ပါက ဝိတ်တုံးကိုင်ပြီး ကစားလို့ရပါတယ်။ Russian Twist လေ့ကျင့်ခန်းကို 3 Sets  / 8 Reps  ပြုလုပ်ပေးပါ။

(၄) Clap Press-up

Clap Press up

Photo : Street Workouts

Clap Press-up ကတော့ ဂန္ထဝင် Upper-Body Plyometric ပါဝါလေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက အဓိကအားဖြင့် အရှိန် ၊ ပါဝါနဲ့ ခွန်အားတို့ကို ပိုကောင်းလာစေဖို့ ကူညီပေးပါတယ်။ Clap Press-up လေ့ကျင့်ခန်းက ဒိုက်ထိုးလေ့ကျင့်ခန်းကိုမှ အနည်းငယ်ပိုခက်တဲ့ ပုံစံပါ။ အားလုံးသိထားတဲ့ မူလဒိုက်ထိုးနည်းအတိုင်းပဲ ပုံစံယူပြီး ဒိုက်တစ်ချက်ထိုးပြီးချိန် ခန္ဓာကိုယ်ကို အပေါ်သို့ ပြန်ကြွတဲ့အခါမှာ လက်ဖဝါး ၂ ခုကို လက်ခုပ်တီးသလို ပုံစံပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ Clap Press-up လေ့ကျင့်ခန်းကိုလည်း 3 Sets  / 8 Reps ပြုလုပ်ပေးပါ။

အခုပြောပြပေးခဲ့တာကတော့ ဗြိတိန်လက်ဝှေ့ကျော် David Haye ပုံမှန်ပြုလုပ်လေ့ရှိတဲ့ ဂန္ထဝင် Workout တွေထဲက လူတိုင်းလိုက်လုပ်နိုင်မယ့် လေ့ကျင့်ခန်းနည်းတချို့ကို ရွေးချယ်တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ ကွီးတို့ရော David Haye လို့ အမိုက်စား ဘော်ဒီမျိုး ပိုင်ဆိုင်ချင်ပါသလား????

Featured Photo : The Telegraph