DC နဲ့ Marvel ကတော့ စူပါဟီးရိုး ပရိသတ်တွေကြားမှာ သရဲနီနဲ့ ဆင်ပျံကြီး တို့လို သူသာတယ် ၊ ငါသာတယ်နဲ့ အမြဲအငြင်းပွား ရလောက်တဲ့အထိ Fan တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ အအောင်မြင်ဆုံး Comic Series တွေ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေမှာသာ ထိပ်ထိပ်ကြဲ အောင်မြင်တာမဟုတ်ပဲ ဗီဒီယိုဂိမ်း တွေအထိပါ ပြိုင်ဆိုင်မှု အားကောင်းနေဆဲ ဖြစ်ပါတယ်။ DC ဂိမ်း တွေနဲ့ Marvel ဂိမ်းတွေမှာ ဘယ်ဂိမ်းတွေက ပိုသာလဲဆိုတာကတော့ Fan တွေရဲ့ အကြိုက်အပေါ် မူတည်မယ်လို့ ထင်ပေမယ့် အခုပြောပြမယ့် Android ဂိမ်း တွေကိုတော့ DC Fan တွေရော DC Fan မဟုတ်တဲ့ စူပါဟီးရိုး ချစ်သူတွေပါ သဘောကျနှစ်သက်မယ်လို့ ယုံကြည်ပါတယ်။ ကဲဒါဆို ဘယ်ဂိမ်းတွေ ဖြစ်မလဲဆိုတာ ဆက်ကြည့်ရအောင်ပါ။
(၁) Batman – The Telltale Series
Source : Telltale Game
Batman – The Telltale Series ကတော့ ဘတ်ကြီး Fan တွေ သေချာပေါက် ဆော့ကြည့်သင့်တဲ့ Puzzle-Adventure ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Players တွေအနေနဲ့ ဂိမ်းတစ်လျှောက်လုံးမှာ ဆုံးဖြတ်ချက်တွေ အများကြီး ချမှတ်ပြီး ဆော့ကစားရမှာ ဖြစ်သလို ဆုံးဖြတ်ချက်ပေါ်မူတည်ပြီးလည်း ဂိမ်းရဲ့ Story က အမျိုးမျိုးပြောင်းလဲ သွားမှာပါ။ ပဟေဠိနဲ့ စွန့်စားခန်းများစွာကို စိတ်ဝင်စားဖွယ် ကျော်ဖြတ်ဆော့ကစားရမှာ သလို တခြားသော ဂိမ်းစတိုင်တွေနဲ့ လုံးဝကွဲပြားနေတဲ့ ဖီလင်ကို ရစေမယ်လို့ အာမခံပါတယ်။ ဒီဂိမ်းမှာက First Episodes ၅ ပိုင်းကိုတော့ Free ဆော့လို့ရမှာ ဖြစ်ပေမယ့် ကျန်တဲ့အပိုင်းတွေကိုတော့ ဝယ်ဆော့ရမှာ ဖြစ်ပါတယ်။
(၂) DC Legends: Battle for Justice
Source : Warner Bros. Games
DC Legends: Battle for Justice ကတော့ Gacha Elements တွေပါတဲ့ မိုလ်ဘိုင်း RPG ဂိမ်း အမျိုးအစား ဖြစ်ပါတယ်။ DC Universe ထဲက ဟီးရိုးတွေကို Collect လုပ် ၊ Level Up လုပ်ပြီး လူဆိုးတွေနဲ့ ဖိုက်ရမှာပါ။ Campaign Mode ၊ Online PvP နဲ့ Special Events တွေပါပါတယ်။ Online PvP မှာတော့ ဇာတ်ကောင်အချို့မှာ အနည်းငယ် ကွဲလွဲမှုလေးတွေ ရှိပါတယ်။ ဒီဂိမ်းက Free To Play ကစားလို့ရတဲ့ အမိုက်စား DC ဂိမ်းတွေထဲကတစ်ခု ဖြစ်ပါတယ်။
(၃) Injustice 2
Source : Warner Bros. Games
Injustice 2 ကတော့ DC Comics ဂိမ်းတွေထဲမှာ လူကြိုက်အများဆုံး ဂိမ်းတစ်ခုလို့ ပြောလို့ရပါတယ်။ Comics ထဲက နာမည်ကြီး ဟီးရိုးတွေနဲ့ ဗီလိန်တွေ အများကြီး ပါဝင်ပါတယ်။ ဒီဂိမ်းက Three vs Three တိုက်ခိုက်ရတဲ့ Fighting ဂိမ်းအမျိုးအစား ဖြစ်ပါတယ်။ ဂိမ်းဇာတ်ကောင်တွေကို Tap And Swipe လုပ်ပြီး လွယ်လွယ်ကူကူ လှုပ်ရှားတိုက်ခိုက်လို့ရသလို ပေါ့ပေါ့ပါးပါးနဲ့ ဆော့လို့ကောင်းတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ တိုက်ခိုက်ရေး ဂိမ်းတွေရဲ့ပုံစံအတိုင်း DC ဟီးရိုးတွေနဲ့ ဗီလိန်တွေကို Level Up လုပ်သွားပြီး ဖိုက်ရမှာပါ။ ဇာတ်ကောင်တစ်ယောက်စီမှာ ထူးခြားတဲ့ ပါဝါတွေနဲ့ အားသာချက်/ အားနည်းချက်ကိုယ်စီ ရှိကြပါတယ်။ ဒီဂိမ်းကလည်း Free To Play ကစားလို့ရတဲ့ အမိုက်စား DC ဂိမ်း တစ်ခု ဖြစ်ပါတယ်။
(၄) Teeny Titans
Source : Cartoon Network
DC ဂိမ်း တွေထဲမယ် ချစ်စရာကောင်းတဲ့ ဇာတ်ကောင်လေးတွေနဲ့ ပေါ့ပေါ့ပါးပါး ဆော့လို့ကောင်းတဲ့ ဂိမ်းကိုညွှန်းပါဆိုရင် Teeny Titans ဂိမ်းလေးရှိပါတယ်။ ဒီဂိမ်းမှာက Players တွေအနေနဲ့ အဖွဲ့တစ်ခု စုဖွဲ့ပြီး ပြိုင်ဘက်တွေနဲ့ Three vs Three Battles ဆိုင်ရမှာ ဖြစ်ပါတယ်။ ဂိမ်းပြီးမြောက်ဖို့ အထူးမစ်ရှင်တွေပါဝင်ပြီး မိသားစုနဲ့ ပျော်ပျော်ပေါးပါး ဆော့လို့ကောင်းတဲ့ ဂိမ်းလေးတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းက Free ကစားလို့တော့ရမှာ မဟုတ်ပဲ ၄ ဒေါ်လာ ဝန်းကျင်နဲ့ ဝယ်ယူ ဆော့ကစားရမှာ ဖြစ်ပါတယ်။
အခု ပြောပြပေးခဲ့တာကတော့ DC Fan တွေရော စူပါဟီးရိုး ချစ်သူတွေပါ ဆော့ကစားနိုင်မယ့် အမိုက်စား Android ဂိမ်းတွေ ဖြစ်ပါတယ်။ DC ဂိမ်း တွေထဲမှာ နောက်ထပ်ဆော့လို့ကောင်းတဲ့ ဂိမ်းလေးတွေ ရှိရင်လည်း ကွန်းမန့်မှာ မျှဝေပေးခဲ့ နိုင်ပါတယ်ဗျ။
Featured Photo : Superman Homepage